Jade Roller သုံးပေးမယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေ…
trend.com.mm
|
2019-11-18

အခုနောက်ပိုင်းမှာဆိုရင် မျက်နှာသွေးလည်ပတ်မှုကောင်းမွန်ပြီး အဆီတွေကျစေတဲ့ Jade Roller ကို မိန်းကလေးတော်တော်များများသုံးလာကြပါပြီ။ဒီ Jade Roller ကိုပုံမှန်အသုံးပြုပေးတာက သင့်အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရလာစေနိုင်လဲ?



–Jade Roller ကို မျက်နှာအနှံ့ဖြည်းညှင်းစွာလှိမ့်ပေးတာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးမျက်နှာကြွက်သားတွေကို အနားရစေတယ်
– သွေးလည်ပတ်မှုကောင်းမွန်လာတဲပအတွက် မျက်နှာဖောင်းအစ်တာ၊မျက်လုံးအစ်တာတွေလည်းမဖြစ်တော့ပဲ အရေးအကြောင်းတွေလျော့နည်းလာစေပါတယ်
– အသားအရည်အဆိပ်အတောက်တွေဖယ်ရှားတဲ့နေရာမှာ အထောက်အကူပြုတယ်
– မျက်နှာကိုနှိပ်နယ်ပေးတာဟာ စိတ်ဖိစီးမှုတွေဖယ်ရှားနည်းတစ်မျိုးလည်းဖြစ်ပါတယ်။နေ့တိုင်း ၁၀ မိနစ်လောက်ပုံမှန်နှိပ်နယ်ပေးသွားရင်စိတ်ဖိစီးမှုတွေကင်းဝေးပြီး အရေးအကြောင်းကင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရပါလိမ့်မယ်။
– မျက်လုံးအောက်ဘက် အရေးအကြောင်းတွေ မြန်ဆန်စွာမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
– ချွေးပေါက်ကျဉ်းပြီး မျက်နှာမှာရှိတဲ့အဆီပိုတွေကျဆင်းစေတယ်




Jade Roller ကိုဘယ်လိုအသုံးပြုရမလဲ


– မေးစေ့ကနေ မျက်နှာအပေါ်ကိုဆွဲတင်နှိပ်နယ်ပေးပါ။မျက်နှာအောက်ကနေ အပေါ်ကိုပင့်တင်ပြီးနှိပ်နယ်ပါ။မျက်လုံးအောက်တစ်ဝိုက်ကိုတော့သေချာဂရုတစိုက်နှိပ်နယ်ပေးဖို့လိုပါတယ်။ပိုပြီးအကျိုးသက်ရောက်မှုအားကောင်းချင်ရင် face oil ၊ serum ၊ moisturiser တစ်မျိုးမျိုးကိုလိမ်းပြီး နှိပ်နယ်ပေးပါ။Jade Roller ကိုမသုံးခင် ခဏလောက်ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် အေးမြတဲ့ခံစားမှုကိုလည်းရရှိပါလိမ့်မယ်။တစ်နေ့ကို မနက်တစ်ကြိမ်၊ညတစ်ကြိမ် မျက်နှာသစ်သန့်စင်ပြီးတိုင်းသုံးပေးနိုင်ပါတယ်။



#နှာ
#အရေးအကြောင်း
#လည်ပတ်
#စိတ်ဖိစီးမှု
#သွေး

Some text some message..