(Zawgyi Version)
ဆယ်ကျော်သက်အရွယ်မှာတင် Skincare အများကြီး သုံးတာက မကောင်းပါဘူး။ နုနယ်တဲ့ကိုယ့်ရဲ့ အသားအရေကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ်သုံးသင့်တာကိုပဲသုံးပြီး အသားအရေကို ဂရုစိုက်ပေးပါ။ ဒါကြောင့် ဆယ်ကျော်သက်ကောင်မလေးတွေအတွက် လိုအပ်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးလိုက်ပါတယ်။
တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ
တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပေးဖို့ မမေ့ပါနဲ့။ မျက်နှာမသစ်ပဲ ညအိပ်တာမျိုးတွေ လုပ်ပါများလာရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး အရေးအကြောင်းတွေ ထွက်လာပါလိမ့်မယ်။
မျက်နှာသစ်ဆေး (Facial Foam) သုံးပါ
အရင်ဆုံး ကိုယ့် Skin Type က Oily Skin လား Combination Skin လား Dry Skin လား Normal Skin လားဆိုတာကို သိအောင် အရင်လုပ်ပါ။ ပြီးမှ ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် မျက်နှာသစ်ဆေးကို သုံးပါ။
Toner သုံးပါ
ဆယ်ကျော်သက်အရွယ်မှာ Skincare တွေ အများကြီးလိမ်းစရာမလိုပေမယ့် Toner ကတော့ မဖြစ်မနေ သုံးပေးရပါမယ်။ အရမ်းပြင်တဲ့ Toner မျိုး မသုံးပါနဲ့။
Moisturizer သုံးပါ
မျက်နှာသစ်ဆေးရွေးသလိုပဲ ကိုယ့် Skin Type နဲ့ ကိုက်ညီတဲ့ Moisturizer ကို စွဲသုံးပါ။ ဟိုဟာပြောင်းသုံးလိုက်၊ ဒီဟာပြောင်းသုံးလိုက်နဲ့ဆို အဆီဖုတွေထွက်လာနိုင်ပါတယ်။ မနက်၊ ည တစ်နေ့ ၂ ကြိမ် Toner နဲ့ Moisturizer ကို မဖြစ်မနေ လိမ်းပေးဖို့ မမေ့ပါနဲ့။
Sunscreen သုံးပါ
ဆယ်ကျော်သက်အရွယ်ထဲက Sunscreen ကို သုံးပေးမှသာ နေလောင်ပြီး အသားအရေ ပျက်စီးတာမျိုးမဖြစ်မှာ။ Sunscreen မလိမ်းရင် အရေးအကြောင်းတွေ ဖြစ်တာမြန်မယ်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမယ်၊ အသက်ကြီးလာရင် တင်းတိတ်တွေပါ ထွက်လာပါလိမ့်မယ်။
Sheet Mask ကပ်ပါ
အသားအရေကောင်းချင်တယ်ဆိုရင်တော့ ၄ ရက် တစ်ခါလောက် Sheet Mask လေးတွေ ပုံမှန်ကပ်ပေးပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Mask မျိုးကို ရွေးသုံးပါ။
Exfoliate လုပ်ပါ
တစ်ပတ်တစ်ခါ Exfoliate တို့ Face Scrub တို့ ပုံမှန်လုပ်ပေးပါ။ ဒါမှ ဆဲလ်သေနဲ့ အညစ်အကြေးတွေ ကွာကျပြီး မျက်နှာအသားအရေလေး ကောင်းလာမှာပါ။
မိတ်ကပ်အများကြီးမလိမ်းပါနဲ့
ဆယ်ကျော်သက်အရွယ်မှာ မိတ်ကပ် အများကြီးမလိမ်းပါနဲ့။ ပါးပါးလေးပဲလိမ်းပြီး ပြင်ဆင်ပါ။ အပေါ်ကအချက်လေးတွေအတိုင်း သေချာလုပ်ပေးရင် အသားအရေကောင်းနေမှာပါ။ အသားအရေကောင်းရင် မိတ်ကပ်တောင် လိမ်းစရာမလိုပါဘူး။
Photo Source: www.freepik.com
(Unicode Version)

Sheet Mask ကပျပါ
အသားအရေကောင်းချင်တယ်ဆိုရင်တော့ ၄ ရက် တစ်ခါလောက် Sheet Mask လေးတွေ ပုံမှန်ကပ်ပေးပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Mask မျိုးကို ရွေးသုံးပါ။
Exfoliate လုပျပါ
တစ်ပတ်တစ်ခါ Exfoliate တို့ Face Scrub တို့ ပုံမှန်လုပ်ပေးပါ။ ဒါမှ ဆဲလ်သေနဲ့ အညစ်အကြေးတွေ ကွာကျပြီး မျက်နှာအသားအရေလေး ကောင်းလာမှာပါ။
မိတ်ကပ်အများကြီးမလိမ်းပါနဲ့
ဆယ်ကျော်သက်အရွယ်မှာ မိတ်ကပ် အများကြီးမလိမ်းပါနဲ့။ ပါးပါးလေးပဲလိမ်းပြီး ပြင်ဆင်ပါ။ အပေါ်ကအချက်လေးတွေအတိုင်း သေချာလုပ်ပေးရင် အသားအရေကောင်းနေမှာပါ။ အသားအရေကောင်းရင် မိတ်ကပ်တောင် လိမ်းစရာမလိုပါဘူး။
Photo Source: www.freepik.com
The post
ဆယ်ကျော်သက်ကောင်မလေးတွေအတွက် လိုအပ်တဲ့အသားအရေထိန်းသိမ်းနည်းများ
appeared first on
MyStyle Myanmar
.