ဆောင်းရာသီအတွက် Vaseline ရဲ့ အသုံးဝင်ပုံများ
mystylemyanmar.com
|
2019-11-25

(Zawgyi Version)

Vaseline က နေရာတော်တော်များများမှာ အသုံးဝင်တယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ အထူးသဖြင့် အလှအပအတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းလေးပါ။ ဆောင်းရာသီမှာဆိုရင် Vaseline ကို အမြဲဆောင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုသိရအောင်လို့ ဆောင်းရာသီအတွက် Vaseline ရဲ့ အသုံးဝင်နေပုံတွေကို ပြောပြပေးလိုက်တယ်နော်။

နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်း

ဆောင်းရာသီမှာဆိုရင် လူတိုင်းလိုလို နှုတ်ခမ်းခြောက်ပြီး အက်ကွဲတာမျိုး ဖြစ်ကြပါတယ်။ ဒီလိုမဖြစ်အောင်လို့ ဆောင်းရာသီမှာ ညတိုင်း Vaseline ကို နှုတ်ခမ်းမှာ ဆိုးပေးဖို့လိုပါတယ်။

တံတောင်ဆစ်ကြမ်တမ်းပြီးခြောက်သွေ့ခြင်း

အသားခြောက်တဲ့သူတွေဆိုရင် တံတောင်ဆစ်နေရာက ပိုကြမ်းပြီးခြောက်သွေ့တတ်ပါတယ်။ ဆောင်းတွင်းဆိုရင်လည်း ကျန်တဲ့နေရာထက် တံတောင်ဆစ်က ပိုကြမ်းပြီး အသားအရေခြောက်သွေ့တာမျိုး ပိုဖြစ်ပါတယ်။ ဒါကြောင့် ကြမ်းတမ်းခြောက်သွေ့နေတဲ့ တံတောင်ဆစ်နေရာကို ညတိုင်း Vaseline သုတ်လိမ်းပေးပါ။

နှာခေါင်းပွန်းခြင်း၊ အဖတ်လန်ခြင်း

ဆောင်းတွင်းဆိုရင် နှာခေါင်းပေါက်ဘေးဘက်လေးတွေမှာ အသားခြောက်ပြီး အသားဖတ်လေးတွေ လန်တာမျိုး ဖြစ်တတ်ပါတယ်။ ဆောင်းတွင်းဆိုတော့ နှာကလည်း ခဏခဏစေးတာမျိုး၊ နှာပိတ်တာမျိုး ဖြစ်ပါတယ်။ နှာစေး၊ နှာပိတ်လို့ နှာခေါင်းကို ခဏခဏပွတ်မိရင်လည်း နှာခေါင်းထိပ်လေးတွေ ပွန်းတာမျိုး၊ အဖတ်လန်တာမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့နေရာမှာ Vaseline ကိုလိမ်းပေးရင် ၃ ရက်လောက်နဲ့ ပျောက်ပါတယ်။

ခြေဖနောင့်အက်ကွဲခြင်း၊ လက်ဖဝါးအသားမာတက်ခြင်း

ဆောင်းတွင်းမှာဆိုရင် ခြေဖနောင့် အက်ကွဲပြီး ကြမ်းတမ်းတာမျိုး၊ ခြေထောက်နဲ့ လက်ဖဝါး အသားမာတက်တာမျိုးတွေ ပိုအဖြစ်များပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ ညအိပ်ယာဝင်ခါနီးမှာ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်ပြီး ဖြစ်တဲ့နေရာမှာ Vaseline များများလိမ်းထားလိုက်ပါ။

ခြေထောက်အနံ့ဆိုးထွက်ခြင်း

ဆောင်းတွင်းမှာ ခြေဆီထွက်တာ ပိုအဖြစ်များပါတယ်။ ခြေထောက်အနံ့ဆိုးထွက်တာမျိုးကလည်း ဆောင်းတွင်းနဲ့ နွေရာသီမှာ ပိုဖြစ်ပါတယ်။ ဒီလိုခြေထောက်အနံ့ဆိုးထွက်တာကို တားဆီးဖို့အတွက်ကတော့ ခြေမကြားနဲ့ ခြေဖနောင့်မှာ Vaseline ကို လိမ်းထားပေးပါ။

Photo Source: www.freepik.com

(Unicode Version)

The post

ဆောင်းရာသီအတွက် Vaseline ရဲ့ အသုံးဝင်ပုံများ appeared first on

MyStyle Myanmar .

#နှာ
#တံတောင်ဆစ်
#အနံ့
#ဆောင်းရာသီ
#ခြေဖနောင့်

Some text some message..