မဆိုးတာကြာရင်တောင် လက်သည်းနီဆိုးဆေးတွေ မခြောက်အောင် ဘယ်လိုလုပ်ရမလဲ??
mystylemyanmar.com
|
2019-12-02

(Zawgyi Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ လက်သည်းနီဆိုးရတာ သဘောကျတဲ့မိန်းကလေးတွေအတွက် ဗဟုသုတတစ်ခု ဝေမျှပေးချင်ပါတယ်။ လက်သည်းနီဆိုးတာသဘောကျတဲ့ပျိုမေတိုင်းဆီမှာ လက်သည်းနီတစ်ပုလင်းထက်မက ရှိနေမှာပါ။ စိတ်ညစ်ဖို့ကောင်းတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ကဖြင့် လက်သည်းနီအရောင်လေးတွေ သဘောကျလို့ ဝယ်ထားမိပါရဲ့။ အချိန်ကြာလာတော့ လက်သည်းနီပုလင်းတွေ ခြောက်သွားတာပါ။ အရမ်းကြိုက်တဲ့ လက်သည်းနီပုလင်းလေး ခြောက်သွားတဲ့အချိန် နှမြောတသဖြစ်ရတဲ့ အချိန်တိုင်းကို ပျိုမေတွေကြုံဖူးမှာပါ။ ဒီတော့ လက်သည်းနီဆိုးဆေးတွေကို ဝယ်ရတာနဲ့တန်အောင် အချိန်အကြာကြီးအထားခံမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ နေရောင်ခြည်တိုက်ရိုက်ထိတဲ့နေရာမှာ မထားပါနဲ့

နေရောင်က လက်သည်းနီဆေးကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် အပူချိန်မများဘဲ အလင်းရောင်နည်းတဲ့ နေရာမှာထားပေးပါ။

၂။ အေးတဲ့နေရာမှာထားပေးပါ

လက်သည်းနီတွေကို ပူတဲ့နေရာမဟုတ်ဘဲ အေးတဲ့နေရာမှာ ထားပေးပါ။

၃။ ရေခဲသေတ္တာထဲထည့်ထားပါ

အေးတဲ့နေရာဆိုတဲ့အတိုင်း ရေခဲသေတ္တာမှာ ထားတာကလည်း လက်သည်းနီကို ထိန်းသိမ်းရာရောက်ပါတယ်။

၄။ မကြာခဏသုံးပေးပါ

မဝတ်တော့တဲ့ ရွှေနာရီတစ်လုံးက အရောင်ဖျော့သွားနိုင်သလိုပါပဲ။ ကိုယ်ဝယ်ထားတဲ့လက်သည်းနီကိုလည်း မကြာခဏဆိုးပေးပါ။ အသုံးမပြုတာကြာရင် လက်သည်းနီခြောက်သွားနိုင်ပါတယ်။

၅။ မွှေပေးပါ

သင်က လက်သည်းနီမဆိုးဖြစ်ရင်တောင် အားတဲ့အချိန် လက်သည်းနီပုလင်းကို မွှေပေးပါ။ ပိုအထားခံပါတယ်။

၆။ လက်သည်းနီဆိုးပြီးတိုင်း အဖုံးလုံအောင်ပိတ်ပါ

အဖုံးကို သေချာပိတ်ပါ။ အဖုံးချောင်ရင်တော့ ခဏလေးနဲ့ လက်သည်းနီဆေးခြောက်သွားပါလိမ့်မယ်။

၇။ လက်သည်းနီဆိုးတဲ့အချိန် ဆိုးဆေးပုလင်းကို တစ်ခုခုနဲ့ပိတ်ထားပါ

ဒါတော့ သင်လုပ်ဖူးမှာပါ။ လက်သည်းနီဆိုးနေတဲ့အချိန် ပုလင်းကို တစ်ရှူးနဲ့ဖြစ်ဖြစ် ပိတ်ထားပေးပါ။

၈။ လက်သည်းဖျတ်ဆေးအရည်လောင်းချလိုက်ပါ

ဒါကတော့ ကြိုက်လွန်းလို့ ဝယ်ထားပေမယ့် ခြောက်သွားပြီဖြစ်တဲ့ လက်သည်းဆိုးဆေးတွေအတွက်ပါ။ ခြောက်သွားတဲ့ပုလင်းထဲကို လက်သည်းဖျတ်ဆေးရည် အနည်းငယ်လောင်းချလိုက်ပါ။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ လက်သည်းနီဆိုးရတာ သဘောကျတဲ့မိန်းကလေးတွေအတွက် ဗဟုသုတတစ်ခု ဝေမျှပေးချင်ပါတယ်။ လက်သည်းနီဆိုးတာသဘောကျတဲ့ပျိုမေတိုင်းဆီမှာ လက်သည်းနီတစ်ပုလင်းထက်မက ရှိနေမှာပါ။ စိတ်ညစ်ဖို့ကောင်းတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ကဖြင့် လက်သည်းနီအရောင်လေးတွေ သဘောကျလို့ ဝယ်ထားမိပါရဲ့။ အချိန်ကြာလာတော့ လက်သည်းနီပုလင်းတွေ ခြောက်သွားတာပါ။ အရမး်ကြိုက်တဲ့ လက်သည်းနီပုလင်းလေး ခြောက်သွားတဲ့အချိန် နှမြောတသဖြစ်ရတဲ့ အချိန်တိုင်းကို ပျိုမေတွေကြုံဖူးမှာပါ။ ဒီတော့ လက်သည်းနီဆိုးဆေးတွေကို ဝယ်ရတာနဲ့တန်အောင် အချိန်အကြာကြီးအထားခံမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ နေရောင်ခြည်တိုက်ရိုက်ထိတဲ့နေရာမှာ မထားပါနဲ့

နေရောင်က လက်သည်းနီဆေးကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် အပူချိန်မများဘဲ အလင်းရောင်နည်းတဲ့ နေရာမှာထားပေးပါ။

၂။ အေးတဲ့နေရာမှာထားပေးပါ

လက်သည်းနီတွေကို ပူတဲ့နေရာမဟုတ်ဘဲ အေးတဲ့နေရာမှာ ထားပေးပါ။

၃။ ရခေဲသတေ်တာထဲထည့ျထားပါ

အေးတဲ့နေရာဆိုတဲ့အတိုင်း ရေခဲသေတ္တာမှာ ထားတာကလည်း လက်သည်းနီကို ထိန်းသိမ်းရာရောက်ပါတယ်။

၄။ မကြာခဏသုံးပေးပါ

မဝတ်တော့တဲ့ ရွှေနာရီတစ်လုံးက အရောင်ဖျော့သွားနိုင်သလိုပါပဲ။ ကိုယ်ဝယ်ထားတဲ့လက်သည်းနီကိုလည်း မကြာခဏဆိုးပေးပါ။ အသုံးမပြုတာကြာရင် လက်သည်းနီခြောက်သွားနိုင်ပါတယ်။

၅။ မွှေပေးပါ

သင်က လက်သည်းနီမဆိုးဖြစ်ရင်တောင် အားတဲ့အချိန် လက်သည်းနီပုလင်းကို မွှေပေးပါ။ ပိုအထားခံပါတယ်။

၆။ လက်သည်းနီဆိုးပြီးတိုင်း အဖုံးလုံအောင်ပိတ်ပါ

အဖုံးကို သေချာပိတ်ပါ။ အဖုံးချောင်ရင်တော့ ခဏလေးနဲ့ လက်သည်းနီဆေးခြောက်သွားပါလိမ့်မယ်။

၇။ လက်သည်းနီဆိုးတဲ့အချိန် ဆိုးဆေးပုလင်းကို တစ်ခုခုနဲ့ပိတ်ထားပါ

ဒါတော့ သင်လုပ်ဖူးမှာပါ။ လက်သည်းနီဆိုးနေတဲ့အချိန် ပုလင်းကို တစ်ရှူးနဲ့ဖြစ်ဖြစ် ပိတ်ထားပေးပါ။

၈။ လက်သည်းဖျတ်ဆေးအရည်လောင်းချလိုက်ပါ

ဒါကတော့ ကြိုက်လွန်းလို့ ဝယ်ထားပေမယ့် ခြောက်သွားပြီဖြစ်တဲ့ လက်သည်းဆိုးဆေးတွေအတွက်ပါ။ ခြောက်သွားတဲ့ပုလင်းထဲကို လက်သည်းဖျတ်ဆေးရည် အနည်းငယ်လောင်းချလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar

The post

မဆိုးတာကြာရင်တောင် လက်သည်းနီဆိုးဆေးတွေ မခြောက်အောင် ဘယ်လိုလုပ်ရမလဲ?? appeared first on

MyStyle Myanmar .

#လက်သည်း
#ဆိုးဆေး
#အဖုံး
#ပုလင်း
#အေး

Some text some message..