ပျိုမေတို့ ရှောင်ကြဉ်ဖို့ လိုတဲ့ ဆံပင်စတိုင် အမှား (၈)ခု
lifestylemyanmar.com
|
2019-12-06

ဆံပင်စတိုင်ဟာ မိန်းကလေးတွေအတွက် ဒုတိယ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ဆံပင်ကို ကောင်းစွာ ဖြီးလိမ်းပြင်ဆင်ထားမယ်ဆိုရင်င် မျက်နှာလှလှလေးရဲ့ အားသာချက်တွေကို အလေးပေးနိုင်ပါတယ်။ ဒါ့အပြင် အပြစ်အနာအဆာတွေ ရှိနေရင်တောင် ကွယ်သွားစေပါတယ်။ ဆံပင်ကာလာ၊ ညှပ်တဲ့ပုံစံက မလိုက်ဖက်ဘူးဆိုရင် အထူးခြားဆုံးသော အသွင်အပြင်ကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ဆံပင်စတိုင်ကို ကိုယ့်ဘာသာ သတ်မှတ်သည်ဖြစ်စေ၊ သူတစ်ပါးရဲ့ အကူအညီယူပြီးပဲဖြစ်စေ အောက်ပါအမှား (၈)ခုကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

၁။ အရောင်အရမ်းရင့်တာ

အသားဖြူတဲ့ သူဆိုရင် ဆံပင်အရောင်ရင့်ဟာ သင့်ရဲ့ အပြစ်အနာအဆာတွေကို highlight လုပ်ပေးယုံသာ ဖြစ်ပါလိမ့်မယ်။ ဆံပင်အနက်ရောင်လေးမှ ကြိုက်တယ်ဆိုရင် အကောင်းဆုံး ရွေးချယ်စရာတစ်ခုက warm tones color(ဝါ/စိမ်း/အညိုဖျော့ဖျော့) လေးတွေနဲ့ ဟိုက်လိုက်ဖောက်ပေးဖို့ဖြစ်ပါတယ်။ အလင်းပြန်မှုက ဆံပင်ကို အုံထူစေပြီး သင့်မျက်နှာကို နုပျိုလန်းဆန်းစေပါတယ်။

၂။ cold blond tones ကာလာလေးတွေ ဆိုးတာ

အသားအရေက ဝါတဲ့ဘက်၊ ညိုတဲ့ဘက်ရှိသူ အမျိုးသမီးတွေဆိုရင် ပလက်တီနမ်လို၊ blond ash လို အရောင်အေးအေးလေးတွေနဲ့ မလိုက်ဖက်ပါဘူး။ မျက်နှာကို ဖြူဖပ်ဖြူရော် ဖြစ်သွားစေပါတယ်။ warm tones အသားအရေပိုင်ရှင်တွေဟာ honey, caramel or wheat လိုအရောင်လေးတွေ ရွေးချယ်သင့်ပါတယ်။

၃။ cap ပုံစံ ဆံပင်စတိုင်များ

ခပ်တောင့်တောင့်နဲ့ ပုံသွင်းထားတဲ့ ဒီဆံပင်ပုံစံတွေက သဘာဝမကျတာကြောင့် ဘယ်သူကိုမဆို အသက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ဒီဆံပင်ပုံတွေက ခေတ်နောက်ကျပြီး ဆီလျှော်မှု မရှိပါဘူး။ ဒါ့ကြောင့် hairspray တွေ၊ ဆံပင်ပုံသွင်းတဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။

၄။ နဖူးအပြောင်သိမ်းခြင်း

နဖူးကို လုံးဝအပြောင်သိမ်းထားခြင်းက အသားအရေရဲ့ အပြစ်အနာအဆာတွေကို ပိုမိုပေါ်လွင်စေသလို အသက်အရွယ်နှင့်အမျှ သိသိသာသာ လျော့နည်းလာတဲ့ ဆံပင် growth လိုင်းတွေကို မလိုအပ်ပဲ ပေါ်လွင်နေစေပါတယ်။ ဒီသက်ရောက်မှုကို ရှောင်ရှားဖို့ မျက်နှာကို ဘောင်ခတ်ထားတဲ့ ဆံပင်ပုံစံလေးတွေ ရွေးချယ်ပါ။ သင့်ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ ကူညီနိုင်တဲ့ အရှေ့ဆံမြိတ်လေးတွေနဲ့ ညှပ်ပါ။

၅။ ပါးလွှာတဲ့ ဆံပင်ရှည်

အသက်အရွယ်ရလာတာနှင့်အမျှ ဆံပင်တွေဟာ လှုပ်ရှားမှုနည်းလာပြီး ဆီကြည်ဂလင်းတွေ ထုတ်လုပ်မှု နည်းသွားပါတယ်။ ဒီအရာအားလုံးက ဆံသားပမာဏကို ဆုံးရှုံးစေပြီး ဆံပင်ကို ပိုမိုပါးလွှာစေ၊ ပျက်စီးစေပါတယ်။ ဒီပြဿနာတွေရင်ဆိုင်နေရတယ်ဆိုရင် ဆံပင်အတိုပုံစံကို ရွေးချယ်သင့်ပါတယ်။

၆။ ဘယ်အသက်အရွယ်ပဲရောက်ရောက် ဆံပင်အရောင်တစ်ရောင်တည်း ထားခြင်း

နှစ်တွေကြာလာတာနှင့်အမျှ ဆံပင်နဲ့ အရေပြားဟာ အရောင်ခြယ်တွေ လျော့ကျလာပါတယ်။ ဒါ့ကြောင့် အသက် ၂၀၊ ၃၀မှာ ကြည့်ကောင်းခဲ့တဲ့ ဆံပင်အရောင်က အသက် ၄၀- ၅၀ ရောက်လာတဲ့အခါ အဆင်ပြေတော့မှာ မဟုတ်ပါဘူး (ဥပမာ- ငယ်ငယ်တုန်းကလည်း ဆံပင်ကအနက်ရောင်၊ အသက်ကြီးလာလည်း ဆံပင်ဖြူကို အနက်ရောင်ဆိုးတုန်းဆိုရင်)။ သင့် ဆံပင်ကို ငယ်ရွယ်စဉ်က ထားခဲ့တဲ့ အရောင် ပြန်ဆိုးမယ့်အစား မှန်ကန်တဲ့အရောင်ကို ရွေးချယ်ဖို့ ဆံပင်စတိုင်လစ်အား မေးမြန်းပါ။

၇။ အလယ်ခွဲပုံစံ

နှစ်တွေကြာလာတာနှင့်အမျှ ကော်လာဂျင် ထုတ်လုပ်မှုကလည်း နှေးကွေးလာပါတယ်။ ဒါ့အပြင် မျက်နာပေါ်ရှိ အရေပြားအောက်ဆုံးအလွှာဟာ မညီမညာဖြန့်ဝေပြီး မေးစေ့ဧရိယာအပေါ် အာရုံစိုက်မိစေပါတယ်။ ဒီအတွက် မျက်နှာဟာ ပိုရှည်လာပါတယ်။ အလယ်ခွဲလိုင်းဟာ ဒီအင်္ဂါရပ်ကို အလေးပေးဖော်ပြပါတယ်။ အဲဒီအစား ဘေးခွဲ ခွဲဖို့ ကြိုးစားပါ။ သင့်မျက်နှာအချိုးအစားကို ဟန်ချက်ညီစေပြီး သင့်ဆံပင်ပုံစံက ပိုထူသယောင် ဖြစ်စေပါတယ်။

၈။ Old-style ဆံပင်ပုံစံ

ဒီအမှားက အတော်လေးသိသာထင်ရှားပေမယ့် လူအများစု ကျူးလွန်နေဆဲပါ။ အမြဲတမ်း ဒီဆံပင်ပုံက ဒီဆံပင်ပုံပဲဆိုရင် သင့်ကို အသက်ကြီးပုံ ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ဆံပင်စတိုင်အလန်းတွေ မကြာခဏ ပြောင်းလဲပေးပါ။

Lifestyle_Myanmar
LM_Nandar

Source- prettyinspiration

Zawgyi

ပျိုမေတို့ ရှောင်ကြဉ်ဖို့ လိုတဲ့ ဆံပင်စတိုင်အမှား (၈)ခု

#ဆံပင်
#နှာ
#အနာအဆာ
#အပြစ်အနာ
#အရောင်

Some text some message..