ကမ္ဘာနိုင်ငံ (၁၁)နိုင်ငံက စံထားလောက်တဲ့ မိန်းမတွေရဲ့ ပုံသဏ္ဌာန်က ဘယ်လိုမျိုးလဲ
lifestylemyanmar.com
|
2019-12-06



ကမ္ဘာအနှံ့မှာ အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါးကနေစပြီး ဆွဲဆောင်မှုရှိတဲ့ကိုယ်ခန္ဓာ၊လှပတဲ့ကောက်ကြောင်းတွေအဆုံး ပြောမဆုံးလောက်တဲ့ အလှအပအမျိုးမျိုး၊ပုံစံအမျိုးမျိုးနဲ့အမျိုးသမီးတွေရှိနေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်တိုင်းမှာလည်း သူတို့ရဲ့ကိုယ်ပိုင်အလှအပစံနှုန်းတွေရှိတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ အဲ့ဒီနိုင်ငံတွေထဲမှာမှ မြင်တာနဲ့ ကျွန်တော်တို့ကို ဆွံအသွားစေမယ့် ထူးခြားဆန်းပြားတဲ့အလှတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေနေထိုင်တဲ့ နိုင်ငံအချို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ထူးခြားတဲ့အယူအဆနဲ့ထူးခြားတဲ့အလှတွေကို ပိုင်ဆိုင်တဲ့နိုင်ငံတွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။


အိုင်ယာလန်




ပုံမှန်အိုင်ယာလန်အမျိုးသမီးတစ်ဦးဟာမျက်ခုံးထူထပ်ပြီး သင့်တင့်တဲ့အသားအရေနဲ့ ပါးလွှာတဲ့နှုတ်ခမ်းတွေကို ပိုင်ဆိုင်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ထင်ရှားတဲ့အင်္ဂါရပ်တွေကတော့ ခပ်ကြီးကြီးနဖူး၊ အစိမ်းရောင်မျက်လုံး၊ နက်မှောင်တဲ့ဆံပင် ဒါမှမဟုတ် အနီရောင်ဆံပင်တွေပဲ ဖြစ်ပါတယ်။အိုင်ယာလန်လူမျိုးတွေဟာ သဘာဝအလှအပကိုအမြဲလိုလိုလားလားရှိနေကြတာကြောင့် အမျိုးသမီးတွေပိုင်ဆိုင်ထားတဲ့စရိုက်တွေကိုအလွန်တန်ဖိုးထားကြပါတယ်။


ဂျပန်




များသောအားဖြင့် အနောက်နိုင်ငံတွေမှာအလှအပအတွက်ဆို ပြီးပြည့်စုံတဲ့ အပြုံးလိုအပ်တယ်လို့ သတ်မှတ်ပြီးသွားတွေကိုဂရုစိုက်ကြပေမယ့် ဂျပန်နိုင်ငံကတော့ ဆန့်ကျင်ဘက်ပါ။ ဂျပန်နိုင်ငံက မိန်းကလေးအများစုဟာသူတို့သွားတွေကို အလွှာပါးသွားအောင်နဲ့မညီညာအောင် သွားဆေးခန်းတွေဆီတကူးတကသွားပြင်နေကြတာပါ။လူတစ်ဝက်သွေးစုပ်ဖုတ်ကောင်တစ်ဝက် အသွင်အပြင်သွားတွေနဲ့ရေပန်းစားတဲ့ သွားတွေဟာ ဂျပန်ရိုးရာအလှတရားနဲ့ လူငယ်တွေရဲ့ အမှတ်အသားတစ်ခုဖြစ်တယ်လို့ ယုံကြည်တာကြောင့်အဲ့ဒီသွားလေးတွေဟာ ချစ်စရာကောင်းတယ်လို့ ဂျပန်တွေက သတ်မှတ်ထားပါတယ်။


အီရန်




စာရင်းအင်းတွေအရ အီရန်ဟာကမ္ဘာပေါ်မှာ နှာခေါင်းခွဲစိတ်မှုအမြင့်ဆုံးဖြစ်ပါတယ်။ ဒါက အံ့သြစရာတော့မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ယောက်ျားတွေကို ဆွဲဆောင်နိုင်ခြင်းမရှိတာကြောင့် သူတို့ရဲ့မျက်နှာတွေအထူးသဖြင့်သူတို့ရဲ့ နှာခေါင်းတွေ ပြုပြင်ရင်း အချိန်ကုန်နေကြတာပါ။အီရန်မှာနှာခေါင်း ခွဲစိတ်ခြင်းဟာ တကယ့်ကို ချမ်းသာတဲ့ မိသားစုတွေမှ လုပ်နိုင်တာပါ။များစွာသောအီရန်အမျိုးသမီးတွေဟာခွဲစိတ်မှုလုပ်ပြီးတဲ့နောက် သူတို့နှာခေါင်းကို ပတ်တီးစည်းပြထားပြီးသူတို့ဟာချမ်းသာကြွယ်ဝတယ်ဆိုတာပြတတ်ကြပါတယ်။တချို့တွေဆိုရင် သူတို့ကိုချမ်းသာတဲ့အသိုင်းအဝိုင်းကလို့ထင်အောင် ပတ်တီးတုတွေစည်းတတ်ကြပါသေးတယ်။


တောင်ကိုရီးယား




တောင်ကိုရီးယားရဲ့ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ကို အပြစ်ဆိုဖွယ်မရှိတဲ့ ဖြူဝင်းတဲ့အသားအရေ၊ နှာခေါင်းသေးသေး၊ မျက်နှာသေးသေးသေးသွယ်သွယ်နဲ့ဝိုင်းစက်ကြီးမားတဲ့မျက်လုံးတွေကို ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။အထူးသဖြင့်တော့ မျက်နာပုံပန်းအကျကို အရေးစိုက်ကြတာပါ။သူတို့ရဲ့ မျက်နှာဟာ နှလုံးနဲ့တူပြီးမေးစေ့အောက်ခြေဟာ သေးသေးလေးကနေမျက်နာအပေါ်ပိုင်းကိုကြီးသွားတဲ့ V Shapeလို့အများသိကြတဲ့ပုံစံပါ။သူတို့စံပြမျက်နာမျိုးတွေရဖို့အတွက်လည်း အမျိုးသမီးတွေဟာ သိန်းရာထောင်ချီပြီး ခွဲစိတ်မှုတွေလုပ်ကြပါတယ်။


ပြင်သစ်


View this post on Instagram

#armpitfetish #armpit #armpits #axilapeluda #hairyarms #hairyarmpit #hairyarmpits #hairyarmpitfetish #hairyfetish #fetish #natural #naturalprincess #female #armpithair #armpitselfie
A post shared by

Hairy Armpits (@hairyarmpits) on



ပြင်သစ်အမျိုးသမီးတွေကတော့ နေရာတော်တော်များမှာသဘာဝအလှကို အလွန်တန်ဖိုးထားကြပါတယ်။သူတို့တွေက မိတ်ကပ်မလိမ်းကြသလို ရေမွှေးဆွတ်တဲ့သူတောင် အတော်ရှားပါးတယ်လို့ဆိုပါတယ်။နောက်သူတို့ဟာ ကိုယ်ခန္ဓာက အမွှေးအမျှင်တွေကို မရိတ်ကြပါဘူး။ချိုင်းမွှေးလည်းပါတာပေါ့။စစ်မှန်တဲ့အလှအပဟာ အမျိုးသမီးတစ်ဦးရဲ့အသားအရေကို ထင်ဟပ်နိုင်တယ်လို့သူတို့ယုံကြည်တယ်။ဒါကြောင့်မိတ်ကပ်အစားအရေပြားနဲ့လိမ်းဆေးတွေကိုသုံးပြီးသူတို့ရဲ့မျက်နှာကိုပြီးပြည့်စုံအောင်လုပ်ဖို့ကြိုးစားကြပါတယ်။


တာဂျစ်ကစ္စတန်




တာဂျစ်ကစ္စတန်က အမျိုးသမီးတွေကတော့ ထူထဲတဲ့ မျက်ခုံးနှစ်ဖက်ကြားအဆက်နေရာက မျက်ခုံးမွှေးတွေကို အမျိုးသမီးတွေရဲ့ အလှအပစံနှုန်းတစ်ခုအနေနဲ့ နှစ်ပေါင်းများစွာကြာကတည်းက သတ်မှတ်ထားတာပါ။ရှေးတချိန်ကဆို သူတို့ရဲ့ မျက်ခုံးတွေ ပိုမိုနီးကပ်လာတာနဲ့ သူတို့ရဲ့ခင်ပွန်းတွေနဲ့ ပိုမိုနီးကပ်လာလိမ့်မယ်ဆိုတဲ့ အယူသီးမှုတစ်ခုပင်ရှိခဲ့ပါသေးတယ်။ ဒါ့အပြင်မျက်ခုံးနှစ်ဖက်ထိစပ်ခြင်းဟာ အမျိုးသမီးများအတွက်သန့်ရှင်းစင်ကြယ်ခြင်းနှင့်အပြစ်ကင်းခြင်းရဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဒီကနေ့မှာတော့အခြေအနေတွေကပြောင်းလဲနေပြီဖြစ်ပေမယ့် မျက်ခုံးနှစ်ခုဆက်နေတဲ့ တာဂျစ်ကစ္စတန်အမျိုးသမီးအများစုကိုသင်တွေ့နိုင်ပါသေးတယ်။ မျက်ခုံးနှစ်ခုဆက်တာကို အလှအပစံနှုန်းတစ်ခုလို့လက်ခံထားတဲ့
မျိုးဆက်နဲ့ လွှဲခဲ့ရတဲ့ သူတွေတောင် သူတို့မျက်ခုံးတွေ နက်မှောင်သန်စွမ်းပြီး နှစ်ခုဆက်သွားအောင်လို့ သဘာ၀ အသီးအရွက်တွေနဲ့မျက်ခုံးသန်ဆေးတွေကိုသုံးပြီး သူတို့ရဲ့အလှတရားပိုပြည့်စုံအောင်လုပ်နေကြပါသေးတယ်။


ဆော်ဒီအာရေဗျ




မျက်စိတွေဟာ စိတ်ရဲ့ ကြေးမှုံဆိုတဲ့ဆိုတဲ့စကားပုံဟောင်းကို – ဆော်ဒီအာရေဗျအမျိုးသမီးတွေက ထပ်မံ အဓိပ္ပာယ်ဖြည့်ပေးနေသလိုပါပဲ။ဘာသာတရားကြောင့်သူတို့ရဲ့မျက်နှာတွေကို အုပ်ထားရတဲ့ ဆော်ဒီအမျိုးသမီးတွေဟာများသောအားဖြင့် မျက်လုံးလှပမှုကို အရေးပေးကြပါတယ်။ဒါကြောင့်မို့ သူတို့မျက်လုံးတွေကို ဆွဲဆောင်မှုပိုဖြစ်စေမယ့်မျက်လုံးဆိုးဆေးတွေနဲ့ ကိရိယာအစုံကို ဈေးကြီးကြီးပေးပြီးဝယ် သုံးကြပါတယ်။


တရုတ်



တရုတ်အမျိုးသမီးတွေအတွက်ကတော့ ဖြူဖွေးတဲ့ အသားအရေဟာတစ်ကယ့် အလှတရားစံနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။အရေပြားအရောင်ဟာ လူတစ်ဦးရဲ့ မျိုးရိုးအဆင့်အတန်းနဲ့သက်ဆိုင်တယ်လို့ အတိတ်ကာလက ယူဆခဲ့ကြပါတယ်။
အသားမည်းတဲ့လူတွေဆို လယ်အလုပ်လုပ်ရတဲ့ ဆင်းရဲတဲ့လယ်သမားမိသားစုတွေကလာတယ်လို့သတ်မှတ်တတ်ကြပါတယ်။ဒါကြောင့် ဆင်းရဲတယ်လို့အထင်မခံချင်တဲ့တရုတ်မိန်းကလေးတွေဟာ သူတို့ရဲ့ အသားအရေကိုဆီးနှင်းလို ဖြူစွတ်နေအောင် အမျိုးမျိုးလုပ်ကြရပါတယ်။သူတို့တွေရဲ့ အသားအရောင်စွဲလမ်းမှုကြောင့် သူတို့တွေဟာ နေရောင်ဒဏ်ရှောင်တာတင်မဟုတ်ပဲ အသားမည်းတာတွေ မဖြစ်လာစေဖို့ အသားဖြူလိမ်းဆေးအမျိုးမျိုးကို သုံးကြပါတယ်။


မြန်မာ



မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ကယန်းလူမျိုးတွေအတွက် လည်ပင်းရှည်ခြင်းဟာ သာယာဝပြောခြင်းနဲ့လှပခြင်းရဲ့ အမှတ်လက္ခဏာလို့ သတ်မှတ်ထားကြတာပါ။ဒါကြောင့် ကယန်းအမျိုးသမီးတွေဟာ အသက်၅နှစ်ကစပြီးလည်ပင်းတစ်လျောက်ကြေးဝါကွင်းကြီးတွေကို ဝတ်ဆင်ကြပါတယ်။ပထမဦးစွာ သူတို့လည်ပင်းတစ်ဝိုက်မှာကွင်း (၆) ကွင်းတပ်ပြီးနှစ်စဉ်တစ်နှစ်တစ်ကွင်း တိုးဝတ်ကြတာပါ။ လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာမှ သူတို့ဟာကြေးကွင်းတွေကိုဆက်မဝတ်တော့ပဲ ရပ်တန့်လိုက်တဲ့အခါမှာတော့ ကြေးဝါကွင်းတွေ လည်ပင်းတစ်ခုလုံးအပြည့် အများကြီးဖြစ်နေပါပြီ။အဲ့ဒီလို ကြေးကွင်းကြီးတွေ ဝတ်ဆင်ထားတဲ့အတွက် သူတို့ရဲ့လည်ပင်းတွေဟာ ၄၀စင်တာမီထိ ရှည်လာနိုင်ပါတယ်။တစ်ခါတစ်ရံ လည်ပင်းအပြည့် စွပ်ထားတဲ့ကြေးကွင်းကြီးတွေကြောင့် အမျိုးသမီး တချို့ဟာ ခေါင်းကိုလှည့်ဖို့စောင်းဖို့တောင် မလွယ်ကူပါဘူး။
ဒါပေမဲ့သူတို့ကဘယ်တော့မှမညည်းညူကြဘူး – အလှတရားကယဇ်ပူဇော်ဖို့လိုတယ်မဟုတ်လား။


နယူးဇီလန်



နယူးဇီလန်မှာတက်တူးတွေကို အသားအရေအလှဆင်ဖို့တင်မဟုတ်ပဲ ဌာနေတိုင်းရင်းသာတွေဖြစ်တဲ့ Maoriတွေဟာ
ID ကဒ်ပြားပြုလုပ်ဖို့ လူတစ်ဦးရဲ့ မျက်နှာပေါ်မှာ အနက်ရောင်နဲ့ အပြာရောင်ပုံစံများကို Ta moko လို့ခေါ်တဲ့ တက်တူးထိုးနည်းကိုအသုံးပြုပြီးရေးထိုးကြပါတယ်။ Maori အမျိုးသမီးတွေဟာ အစဉ်အလာအရမြီးကောင်ပေါက်အရွယ်မှာ မေးစေ့ပေါ်မှာ တက်တူးထိုးလေ့ရှိပြီး သူတို့ရဲ့ လူမှုအဆင့်အတန်းကိုပြသဖို့ သူတို့ရဲ့ တက်တူးများကိုတတ်နိုင်သမျှသပ်သပ်ရပ်ရပ်နှင့်အသေးစိတ်ကျအောင်ရေးထိုးကြပါတယ်။သူတို့တွေဟာ အဲ့ဒီတက်တူးကို ကြည့်လိုက်ရုံနဲ့ မျိုးရိုးသမိုင်းနဲ့သရုပ်သကန်တစ်ခုလုံးကိုအလွယ်တကူဖတ်နိုင်ပြီးမိန်းမတစ်ယောက်မည်မျှလှပသည်ကိုခန့်မှန်းနိုင်ပါတယ်။


အီသီယိုးပီးယား



ဒီနိုင်ငံက အမျိုးသမီးတွေဟာ ကလေးမွေးနိုင်တဲ့ အရွယ်ရောက်လာပြီဆိုရင် သူတို့ရဲ့ အောက်ဖက်က ရှေ့သွားနှစ်ချောင်းကို နှုတ်ပစ်လိုက်ပြီး အောက်နှုတ်ခမ်းမှာ အပေါက်ဖောက်ကြပါတယ်။ ပြီးရင် အဲ့ဒီနေရာကို ရွှံစေးသို့မဟုတ်သစ်သားပြားထည့်ကြတာပါ။ သူတို့တွေဟာ အသက်ကြီးလာတာနဲ့အမျှအဲ့ဒီသစ်သားပြားတွေကို အရွယ်အစားပြောင်းထည့်ကြပြီး
နောက်ဆုံးထမင်းစားပန်းကန်အရွယ်လောက်ထိရောက်ကြတယ်လို့ဆိုပါတယ်။သူတို့နှုတ်ခမ်းက သစ်သားပြားကို ဆာမာလူမျိုးတွေက အမျိုးသားတွေကို ဆွဲဆောင်ဖို့အတွက် အမျိုးသမီးများရဲ့ရင့်ကျက်မှုသင်္ကေတအဖြစ်ရှုမြင်ကြပါတယ်။
နောက်ထူးခြားတာကတော့ အဲ့ဒီဒေသကအမျိုးသမီးတွေဟာ သူတို့ရဲ့နားကွင်းတွေကိုလည်းလေးလံတဲ့အရာတစ်ခုခုနဲ့ဆွဲကြပြီး သူတို့ပုခုံးနဲ့ထိတဲ့အထိ ဆွဲတတ်ကြတယ်လို့ဆိုပါတယ်။ သူတို့အထင်ကသူတို့ပိုပြီးဆွဲဆန့်နိုင်လေလေ သူတို့ ပိုပြီးလှလေလေပဲလို့သတ်မှတ်ထားကြတာပါတဲ့။

#Lifestyle_Myanmar

#Mg_Htet

Ref_Brightside


#ခုံး
#သမီး
#အလှအပ
#တက်တူး
#လည်ပင်း

Some text some message..