ဘောက်ကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုတားဆီးမလဲ?
lifestylemyanmar.com
|
2019-12-10



ချွေးပေါက်တွေ ပိတ်ခြင်းက ဝက်ခြံထွက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပြီး ဆီဘမ်း အလွန်အကျွံ ထုတ်လုပ်မှု၊ ဟော်မုန်း မညီမျှမှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းကဲ့သို့သော အရာတွေကလည်း ဝက်ခြံထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆီဘမ်း အလွန်အကျွံ ထုတ်လုပ်ခြင်းနှင့် ဆံပင်မွှေးညင်းပေါက်လေးတွေ ပိတ်ခြင်းက ဝက်ခြံနှင့် ဘောက်တွေကို ပေါ်ထွက်လာစေပါတယ်။ ယနေ့မှာတော့ ပျိုမေတို့အတွက် ဒီနှစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ကုစားနည်းအချို့ကို ဖော်ပြပေးသွားပါမယ်။

၁။ ဘောက်ပျောက်ခေါင်းလျှော်ရည်

ပြဿနာရဲ့ အရင်းအမြစ်တွေကို ဖယ်ရှားပြီး ပြဿနာကို သူ့ဘာသာ ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဘောက်က ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တာကြောင့် အကောင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြေရှင်းနည်းတစ်ခုကတော့ ဘောက်ပြဿနာကို အရင်ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဘောက်ပျောက်ခေါင်းလျှော်ရည် (Anti-dandruff shampoo) ကိုအသုံးပြုခြင်းဟာ ပြဿနာတွေများစွာကို လျော့ချဖို့ ကူညီပါလိမ့်မယ်။

၂။ ဦးရေပြားကို ပျော့ဆေးဖြင့် မလျှော်ပါနဲ့

ဆံပင်ပျော့ဆေး အသုံးပြုပါက ဦးရေပြားကို မထိအောင် ရှောင်ပါ။ ဆံပင်တစ်လျှောက်လုံးကိုသာ ပျော့ဆေးလိမ်းပါ။ ဦးရေပြားပေါ်ကို လိမ်းတာရှောင်ပါ။ ပျော့ဆေးတစ်ချို့ ဦးရေပြားပေါ်မှာ ကျန်ခဲ့ရင် ပျော့ဆေးက ဘောက်တွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ပျော့ဆေးသုံးပြီးရင်လည်း သေသေချာချာ ဆေးကြောပေးပါ။

၃။ ဆံပင်တွေ မျက်နှာပေါ်မကျပါစေနဲ့

နဖူးနှင့် မျက်နှာပေါ်မှာ ဆံပင်တွေ ကျနေတာက အထူးသဖြင့် သင့်ခေါင်းမှာ ဘောက်တွေရှိခဲ့ရင် ဝက်ခြံတွေကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ သင့်မှာ ဘောက်ပြဿနာရှိနေရင် ဆံပင်တွေကို မျက်နှာနဲ့ ဝေးအောင် လုပ်သင့်ပါတယ်။

၄။ ဆံပင်ပုံသွင်းတဲ့ ထုတ်ကုန်တွေကို ရှောင်ပါ

သင့်အသားအရေဟာ ဝက်ခြံထွက်လွယ်ပါက ဆံပင်ပုံသွင်းတဲ့ ဘယ်ထုတ်ကုန်မျိုးမှ မသုံးသင့်ပါ။ ထုတ်ကုန်အများစု ဆံပင်ကို ခြောက်သွေ့စေပြီး အဆီပြန်စေပါတယ်။ တစ်နည်းနည်းနဲ့ ထိုအခြေအနေနှစ်ခုစလုံးက ဘောက်တွေကို ပိုမိုဆိုးရွားစေပါတယ်။

၅။ Hot oil နှင့် နှိပ်နယ်ပါ

ဦးရေပြား ခြောက်သွေ့ခြင်းကြောင့်ဖြစ်တဲ့ ဘောက်တွေက ဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ခါ အပူပေးထားတဲ့ ဆီနှင့် နှိပ်နယ်ပေးခြင်းက ဝက်ခြံတွေကို အလိုအလျောက်ဖြစ်ပေါ်စေတဲ့ ဘောက်ပြဿနာတွေကို လျော့ကျစေတဲ့အပြင် ဦးရေပြားကျန်းမာရေးကို တိုးတတ်စေပြီး သွေးလည်ပတ်မှုကို တိုးတတ်စေပါလိမ့်မယ်။

၆။ သံပုရာရည်

သံပုရာရည်မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ကြွယ်ဝပြီး သင့်ဦးရေပြားကို သန့်စင်ဖို့ အထောက်အကူပေးပါတယ်။

၇။ မျက်နှာသစ်ပါ

ဦးရေပြားမှ ဘောက်တွေဟာ မျက်နှာပေါ်ကို ကျလာနိုင်တာကြောင့် အရေပြားအပေါက်တွေကို ပိတ်ဆို့ဖို့ အခွင့်အလမ်း ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို မျက်နှာသစ်ဆေးအပျော့စားနှင့် ပုံမှန်သစ်ပေးပါ။

၈။ ဆံပင်ကို ပုံမှန်ဖြီးပေးခြင်း

ဦးရေပြားမှ အရေပြားဆဲလ်သေတွေကို ဖယ်ရှားခြင်းဖြင့် ဦးရေပြားနှင့် ဆံပင်ကို သန့်ရှင်း သပ်ရပ်စေပါတယ်။ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်လောက် ဆံပင်တွေကို ဖြီးပေးတာက အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-makeupandbeauty


#ဘောက်
#ဦးရေပြား
#ဆံပင်
#ဝက်ခြံ
#နှာ

Some text some message..