
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် အလှအပကြိုက်ကြတဲ့ အခုခေတ်မှာ မျက်နှာကို မျက်ရစ်ဖော်ခြင်း၊ မေးရိုးခွဲစိတ်ခြင်းတို့ကို ဆေးရုံကြီးတွေမှာ ဈေးကောင်းကောင်းပေးပြီး ပြုပြင်ပြောင်းလဲနေကြပါတယ်။ ဒါမှမဟုတ် မိတ်ကပ်ကို အသုံးပြုပြီး မျက်နှာကို သေးသွယ်အောင် နေ့စဉ်နေ့တိုင်းပြင်ဆင်ကြပါတယ်။ မိတ်ကပ်ကိုလည်း နေ့တိုင်းမလိမ်းချင်ဘူး။ အိမ်မှာပဲ သဘာဝနည်းနဲ့ မျက်နှာကို V shape လေးလို သေးသွယ်ချင်တယ်ဆိုရင်တော့ နည်းလမ်းလေးတွေရှိပါတယ်။
၁ ပါးရိုးများကို ပုံသွင်းပါ
လက်ညိုးနဲ့ လက်ခလည်ကို အသုံးပြုပြီး ပါးရိုးများကို ဖိပေးပါ။ ပြီးလျှင် ပါးစပ်ကို အားရပါးရသမ်းသလိုမျိုး O shape ဖြစ်အောင် ထားပေးပါ။ အဲ့လို O shape ထားနေတဲ့အချိန်မှာ ပါးရိုးအောက်နားက ကြွက်သားမှာ ထိရောက်မှုရှိနေတာကို တွေ့ရမှာပါ။ အဲ့အနေအထားအတိုင်းလေး ၅ စက္ကန့်ခန့်ထားပြီး ၁၀ ကြိမ်ခန့်ပြုလုပ်ပေးပါ။
၂ ပါးမှာရှိတဲ့ မလိုအပ်တဲ့ အဆီတွေကို burn လိုက်ပါ
မျက်နှာကို ငါးပါးစပ်မျိုးဖြစ်အောင် ပါးကိုစုပ်ထားပါ။ ထိုအနေအထားအတိုင်း ပြုံးနိုင်သလောက်ပြုံးထားပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နဲ့ ပါးက အဆီမကျမချင်းလုပ်လို့ရပါတယ်။
၃ မေးရိုးကို သတ်မှတ်ပါ
တည့်တည့်မတ်မတ်ထိုင်ပြီး ခေါင်းကို နောက်သို့လှန်ပြီး မျက်နှာကို အပေါ်မော့လိုက်ပါ။ နှုတ်ခမ်းကို ဟမိရင်တောင် မေးရိုးကို သေချာလှန်ထားပြီး ပါးစပ်ကို တင်းတင်းပြန်စေ့လိုက်ပါ။ ဒီလိုပုံစံမျိုး ၅ စက္ကန့်ခန့် ၅ ကြိမ်လုပ်ပေးပါ။
၄ မေးစေ့တစ်မျိုးတည်းကိုပဲ သေချာအောင် လုပ်ပါ
နှုတ်ခမ်းကို တစ်ယောက်ယောက်ကို နမ်းတော့မယ့် ပုံစံမျိုး ဆူထားပြီး မျက်နှာကို မျက်နှာကျက်ဆီသို့ လှည့်ထားပါ။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်ထားပြီး ၁၀ ကြိမ်ပြုလုပ်ပါ။ ဒီလိုမျိုး ပုံစံတွေမလုပ်ချင်ရင် နောက်တစ်နည်းရှိပါသေးတယ်။ ဒါကတော့ ပီကေကိုစားပေးတာနဲ့လည်းအတူတူပါပဲ။ ပီကေကို အမြဲဝါးပေးရင် ပါးမှာရှိတဲ့ ကြွက်သားနဲ့ မေးရိုးတွေကို အလုပ်လုပ်ခိုင်းတာဖြစ်တဲ့အတွက် အဲ့လေ့ကျင့်ခန်းတွေလုပ်လို့ရတဲ့ effects နဲ့ တူပါတယ်။
တစ်ခုမှတ်ထားရမှာက လေ့ကျင့်ခန်းတွေလုပ်တယ်ဆိုတာက မျက်နှာတစ်ခုတည်းအတွက် မကပါဘူး။ ခန္ဓာကိုယ်အတွက်လည်း ဖြစ်ပါတယ်။ အိမ်မှာပဲ လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး သေးသွယ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ အခုပဲ စလုပ်ကြည့်လိုက်ရအောင်။ ဒီနည်းလမ်းလေးကိုလည်း တခြားသူတွေသိအောင် sharing လုပ်ပြီး ပြောပြလိုက်ဦးနော်။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon ပြုလုပ်နည်း