ဆောင်းရာသီရဲ့ ချမ်းအေးတဲ့ နေ့ရက်တွေက မျက်နှာ၊ လက်နှင့် ခြေထောက်တွေကို ခြောက်သွေ့မှု ဖြစ်ပေါ်စေပါတယ်။ အချို့သောသူတွေဟာ အရေပြား အရမ်းခြောက်သွေ့တာကြောင့် အသားပတ်တာ၊ အဖတ်လိုက်ကွာတာတွေ၊ အသားအရေနီမြန်း ယားယံတာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် အသားအရေထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားအတွက်
ဆောင်းတွင်းလတွေမှာ ခြောက်သွေ့တဲ့လေက ကျွန်မတို့အသားအရေရဲ့ သဘာဝအကာအကွယ် အဆီကို ဆုံးရှုံးစေပြီး ယားယံတာ၊ ခြောက်သွေ့တာ၊ အလွှာလိုက် ကွာကျတာတွေကို ဖြစ်စေပါတယ်။မျက်နှာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် နှုတ်ခမ်းတွေမှာ အစိုဓါတ် ပိုမိုဆုံးရှုံးစေပါတယ်။ ဒါ့ကြောင့်နှုတ်ခမ်းနှင့် အသားအရေကို စိုစွတ် နူးညံ့စေဖို့ သင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ချို့ရှိပါတယ်။
နှုတ်ခမ်းကွဲတာကို ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် အေးတဲ့ရာသီဥတုမှာ ညအိပ်ရာမဝင်ခင်နှင့် အပြင်မထွက်ခင်မှာ Lip cream (သို့) Lip balm ကို သုံးပါ။ ပျားဖယောင်း၊ ဗာဒံဆီ၊ သံလွင်ဆီနှင့် ဂျိုဂျိုးဘားဆီ တို့ပါဝင်တဲ့ နှုတ်ခမ်းနီက အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ တံတွေးက လျှင်မြန်စွာ အငွေ့ပျံပြီး ယခင်ကထက် ပိုမိုခြောက်သွေ့သွားစေတာကြောင့် သင့်နှုတ်ခမ်းတွေကို လျှာနှင့် မလျက်ပါနဲ့။
၂။ မကြာခဏ moisturize လိမ်းပေးပါ
အေးမြတဲ့ ဆောင်းရာသီအတွင်းမှာ moisturizer ပါတဲ့ လိုးရှင်းတွေ၊ ခရမ်တွေ များများလိမ်းပေးဖို့လိုပါတယ်။ သူတို့က အသားအရေကို နူးညံ့ချောမွေ့စေပြီး ရေဓါတ်ဖြည့်ပေးပါတယ်။ ဆောင်းရာသီမှာ moisturizer ရွေးချယ်တဲ့အခါ Shea butter, cocoa butter, mineral oil, lanolin, coconut, jojoba, sesame တို့ပါဝင်တဲ့ ထုတ်ကုန်အများစုကို ရွေးချယ်ဝယ်ယူပါ။
၃။ ရေဓါတ်ကို ထိန်းသိမ်းဖို့အတွက် စားသောက်ပါ
ရေများများသောက်ပါ။ အိုမီဂါ ၃ဖက်တီးအက်ဆစ်နှင့် ဗီတာမင် အေ၊ အီး၊ စီကဲ့သို့သော အာဟာရဓါတ်များက အသားအရေကို စိုပြေစေပါတယ်။ အိုမီဂါ၃ဖက်တီးအက်စစ်ကို ငါး၊ ထောပတ်သီး၊ သစ်ကြားသီးနှင့် နှမ်းကြတ်စေ့တို့မှာ တွေ့နိုင်ပါတယ်။ အရေပြားကို စိုပြည်စေပါတယ်။ ဗီတာမင်အေက အရေပြားနီမြန်းခြင်းကို သက်သာစေပြီး အင်တီအောက်ဆီဒင့် ပါဝင်တဲ့ ဗီတာမင် အီးနှင့် စီက လေထုညစ်ညမ်းမှု ၊ နေရောင်ထိတွေမှုကဲ့သို့သော free radical တွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
၄။ ရေမြန်မြန်ချိုးပါ
ရေပူနှင့် ကြာကြာမချိုးပါနဲ။ ရေပူက အရေပြားမှ သဘာဝအစိုဓါတ်ကို ထိန်းပေးတဲ့ lipids များကို ဖယ်ရှားပေးပါတယ်။ အရေပြားပေါ်ရှိ အစိုဓါတ်ကို အငွေ့မပြန်အောင် ရေနွေးနွေးလေးဖြင့် မြန်မြန်ချိုးပါ။ အသားအရေကို ခြောက်သွေ့အောင် သုတ်ပြီး moisturizer ကောင်းကောင်းလိမ်းပေးပါ။
၅။ အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ
ဆောင်းရာသီမှာ အပြင်ထွက်တဲ့အခါတိုင်း SPF 30 ပါဝင်တဲ့ moisturizer ကိုလိမ်းပေးပါ။ Mineral sunscreen တွေက UVA နှင့် UVB နှစ်မျိုးလုံးကို ဆန့်ကျင်ကာကွယ်ပေးတာကြောင့် နေရောင်ခြည်နှင့် ကြာရှည်ထိတွေ့တဲ့သူတွေအတွက် သင့်တော်ပါတယ်။
၆။ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းဖို့ မျက်နှာပေါင်းတင်ပါ
ထောပတ်သီး တစ်ဝက်၊ သဘာဝရိုးရိုး ဒိန်ချဉ်၊ ပျားရည်နှင့် သံလွင်ဆီတစ်ဇွန်း ကိုခပ်ပျစ်ပျစ်ဖြစ်သွားတဲ့အထိ ခရင်းတစ်ချောင်းနှင့် မွှေပေးပါ။ မျက်နှာပေါ်မှာ သန့်ရှင်းတဲ့ ဘရပ်တစ်ခုနှင့် လိမ်းပေးပြီး ၁၅မိနစ် – မိနစ် ၃၀ခန့်ထားပါ။ ထောပတ်သီးမှာ သတ္တုဓါတ်များ၊ ဗီတာမင်များနှင့် ခြောက်သွေ့တဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့ ဖက်တီးအက်ဆစ်တို့ ပါဝင်ပါတယ်။
၇။ အိမ်တွင်းလေထုကို ဖယ်ရှားပါ
စိုထိုင်းဆနိမ့်ခြင်းနှင့် အိမ်တွင်းအပူပေးစနစ်က ဆောင်းရာသီမှာ ကျွန်မတို့ရဲ့ အသားအရေကို ထိခိုက်စေပါတယ်။ ဆောင်းတွင်းမှာ စိုထိုင်းမှုထိန်းစက် (humidifiers ) ကိုသုံးပါ။ humidifiers ကို ၅၀-၆၀ ရာခိုင်နှုန်းခန့်ထားပါ။
၈။ အသားအရေထိန်းသိမ်းမှုကို နေ့စဉ်လုပ်ပေးပါ
ရှားစောင်းလက်ပတ်က အရေပြားအတွင်းပိုင်းကို ရေဓါတ်ဖြည့်ပေးခြင်းဖြင့် ခြောက်သွေ့မှုကို ဖယ်ရှားပေးပါတယ်။ အသားအရေ အလွှာလိုက်ကွာခြင်းနှင့် အသားပတ်ခြင်းကို သက်သာစေပါတယ်။
တမာဆီမှာ အသားအရေရဲ့ အသွင်အပြင်ကို သိသိသာသာ ပြန်လည်ပြုပြင်ပေးပြီး ရေဓါတ်ဖြည့်တင်းပေးသော ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-focusforhealth