ချွေးပေါက်ကျဉ်းပြီး လှပသော မျက်နှာလေး ရရှိစေဖို့
ondoctor.com.mm
|
2019-12-23



ချွေးပေါက်ကျဉ်းပြီး လှပသော မျက်နှာလေး ရရှိစေဖို့

အခုလို ပူပြင်းသောနွေရာသီတွင် လူတိုင်းချွေးအလွန်ထွက်ပါတယ်။ ထိုအထဲမှ ချွေးပေါက်ကျယ်သော အမျိုးသမီးများသည် ပိုမိုကြည့်ရရုပ်ဆိုးပြီး နေပူလာသည်နှင့်အမျှ မျက်နှာတခြား မိတ်ကပ်တခြား ဖြစ်တတ်ပါတယ်။

ချွေးပေါက်ကျယ်လာပြီး ဝက်ခြံနှင့် အမဲစက်များ များပြားလာကာ ကြည့်ရရုပ်ဆိုးစေပါတယ်။

ချွေးပေါက်ကျဉ်းစေသော အလှပြင်ပစ္စည်းများ လိမ်းခြယ်ရလွယ်ကူသောလည်း မျက်နာပေါ်စေးကပ်ကပ်နှင့် နေရထိုင်ရခက်ပါတယ်။ ထို့ကြောင့် အသုံးပြုရလွယ်ကူအဆင်ပြေစေသော သဘာဝနည်းလမ်းများဖြင့် ချွေးပေါက်ကျယ်ခြင်းကို အလွယ်တကူသက်သာစေပါတယ်။

(1) ရှားစောင်းလက်ပတ်အဆီ

လတ်ဆတ်သေ ာရှားစောင်းလက်ပတ်အဆီကို ချွေးပေါက်နေရာများသို့ လိမ်းပြီး မိနစ်အနည်းငယ်နှိပ်နယ်ပေးပါ။ ရေအေးဖြင့်ရေဆေးချပါ။ ရှားစောင်းလက်ပတ်အဆီသည် ချွေးပေါက်ကျဉ်းစေပြီး အပေါက်အတွင်းရှိ အဆီနှင့်ဖုန်များကို သန့်စင်ပေးပါတယ်။

(2) ကွကျဥ

ကြက်ဥတစ်လုံးကို ကွေကာမှုန့် ၂ ဇွန်း၊ လိမ္မော်ရည်တစ်ဇွန်းရောမွှေကာ မိနစ် 30 ခန့် မျက်နှာကို ပေါင်းတင်ပေးပါ။ ကြက်ဥသည် အသားအရေတင်းစေကာ ချွေးပေါက်ကျဉ်းစေပါတယ်။

(3) ပန်းသီးရှာလကာရည်

ဝါဂွမ်းကို ပန်းသီးရှာလကာရည်စွတ်ပြီး ချွေးပေါက်နေရာများအား တို့ကာအခြောက်ခံထားပါ။ ပန်းသီးရှာလကာသည် ချွေးပေါက်ကျဉ်းကာ အသားအရေကြည်လင်စေပါတယ်။

(4) သင်္ဘောသီး

သင်္ဘောသီးမှည့်ကို ချေကာ မျက်နှာပေါ် မိနစ် ၂၀ ခန့်ပေါင်းတင်ပေးပါ။ ပြီးလျှင် ရေဆေးချပါ။ သင်္ဘောသီးသည် ချွေးပေါက်ကျဉ်းစေပြီး အသားအရေအညစ်အကြေးများကို ဖယ်ရှားကာ ကြည်လင် လန်းဆန်းစေပါတယ်။

(5) သခွားသီး

သခွားသီးကို ခြေကာ လိမ္မော်ရည်နှင့်ရောပြီး မျက်နှာပေါင်းတင်ပေးပါ။ ရေအေးဖြင့်ဆေးချပါ။သခွားသည် ချွေးပေါက်ကျဉ်းစေကာ အသားအရေကြည်လင်ပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။

(6) လိမ္မော်ရည်

လိမ္မော်ရည်ကို ရေနဲ့ရောကာ မျက်နှာပေါ် ဆယ်မိနစ်ခန့်ထကာ ရေဆေးချပါ။ လိမော်္မရည်သည် မျက်နှာပေါ်ရှိ အမဲစက်များ၊ အညစ်အကြေးများကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်စေပါတယ်။

(7) ဒိန်ချဉ်

ဒိန်ချဉ်ကို မျက်နှာအပေါ်သုတ်လိမ်းပြီး ရေဆေးချပါ။ ဒိန်ချဉ်သည် ချွေးပေါက်ကျဉ်းစေပြီးမျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပေးကာ အသားအရေဖြူဖွေးစေပါတယ်။

(8) သံလွင်ဆီ

သံလွင်ဆီလိမ်းကာ မျက်နှာကိုနှိပ်နယ်ပေးပါ။ သံလွင်ဆီသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါသောကြောင့် အသားအရေကြည်လင်ကာ ချွေးပေါက်ကျဉ်းစေပါတယ်။

(9) နနွင်း

နနွင်းကို ရေနဲ့ဖျော်ကာ မျက်နှာအား ပေါင်းတင်ပေးပါ။ မိနစ်အနည်းငယ်အကြာထား ရေဆေးချပါ။ နနွင်းသည် ဆဲလ်အသေများနှင့် ပိုးမွှားများ ဖယ်ရှားပေးပါတယ်။ ချွေးပေါက်ကျဉ်းကာ အသားအရေကြည်လင်လာပါလိမ့်မယ်။

(10) သကြားဖြင့်ချေးချွတ်ခြင်း

သကြားညို၊ သံလွင်ဆီနှင့် လိမ္မော်ရည်ဖြင့်ရောကာ မျက်နှာချေးချွတ်ပါ။ ချွေးပေါက်အတွင်းရှိ ချေးကင်းစက်ကာ အမဲစက်များ ဖယ်ရှားပေးရပါမယ်။

Dr. Pyae Shin


#နှာ
#ရေဆေး
#လိမ္မော်
#သံလွင်ဆီ
#လက်ပတ်

Some text some message..