နာမည်ကျော် ဒီဇိုင်နာ ၁၀ ဦး
mmtimes.com
|
2019-12-25

နာမည်ကျော် ဒီဇိုင်နာ ၁၀ ဦး


အလှူမင်္ဂလာ ပွဲတက်ကနေ ဘွဲ့ယူ၊ မင်္ဂလာအခမ်းအနားအထိ မိန်းကလေးတိုင်း အတောက်ပဆုံး၊ အလှပဆုံး၊ ဆွဲဆောင်မှုအရှိဆုံး ဖြစ်ချင်ကြပါတယ်။ ဒီတော့ ဒီဇိုင်းအသစ်တွေ သူ့ထက်ငါ ရှာတတ်ကြသလို လှတာထက် ပိုခမ်းနားနိုင်ဖို့ ဒီဇိုင်နာတွေလက်အပ်ပြီး အလှဆုံးအပြုံးတွေ ပြုံးတတ်ကြပါတယ်။ ဒီလို ဒီဇိုင်းအပ်နှံသူရဲ့ ယုံကြည်မှုအပြည့်အဝရပြီး ထူးခြားလှပတဲ့ အဝတ်အစားဒီဇိုင်းတွေ ဖန်တီးနိုင်တဲ့ မြန်မာဒီဇိုင်နာတွေ အများကြီးရှိပါတယ်။ ဒီတစ်ပတ်တော့ နာမည်ကျော် ဒီဇိုင်နာ ၁၀ ဦးကို ဖော်ပြပေးလိုက်ရပါတယ်။


မိုးကုတ်ပေါက်ပေါက်

မြန်မာ့ရိုးရာ ချိတ် ထဘီတွေကို ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းတွေ ပြောင်းလဲဖန်တီးပြီး ဝတ်ဆင်သူကိုရော မြင်ရသူတွေကိုပါ ပါးစပ် အဟောင်းသားဖြစ်စေခဲ့တဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ပါ။ အန်တီပေါက်ရဲ့ ကျော့ရှင်းပြီး တိကျတဲ့ ဒီဇိုင်းတွေက ချစ်စရာ ကောင်းပြီး နူးညံ့နေတာထက် ထက်မြက်ပြီး တောက်ပတဲ့ အမျိုးသမီး တွေဟန်ပန် ပိုပေါက်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်မော်ဒယ်အတွက် ဒီဇိုင်းတွေ ဖန်တီးပေးနေသလို ပြင်ပအပ်ထည်တွေလည်း လက်ခံပါတယ်။ အရောင်ပြောင် တစ်ရောင်တည်းကို အထက်အောက် ဆင်တူဝတ်ပြီး တိကျသပ်ရပ်တဲ့ ချုပ်ရိုးချုပ်သားတွေနဲ့ဆို အန်တီပေါက် တီထွင်ခဲ့တာလို့ ဆိုရမှာပါပဲ။


မမွဉ်ဇူ

သတို့သမီး ဝတ်စုံတွေ၊ မြန်မာ့ရိုးရာ ထိုင်မသိမ်းတွေ၊ ပွဲတက်ဝတ်စုံတွေကို အဆင့်အတန်းမြင့်တဲ့ လူနေမှုပုံစံအဖြစ် စင်တင်ချုပ်လုပ်ပေးတဲ့ မမြဉ္ဇူ (Zu Zu Collection) က ဆယ်စုနှစ်တွေရဲ့ ဟိုဘက်မှာကတည်းက နာမည်ကျော်နေခဲ့တာပါ။ ခေတ်ကို မျက်ခြည် မပြတ်လိုက်နိုင်သလို အရောင်တွဲစပ်မှုတွေမှာ ထိပ်တန်းဖြစ်တဲ့ ဒီဇိုင်နာက ၁၉၅၀ ဝန်းကျင်ခေတ်နဲ့ လက်ရှိကာလကို ပေါင်းစပ်ပြီး အလှဆုံးဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ ပွဲတက်ချင်သူတွေအတွက်ရော မင်္ဂလာအခမ်းအနားတွေအတွက်ပါ စိတ်ချရတဲ့ ဒီဇိုင်နာတစ်ဦးပါ။ လတ်တလော အပေါ်အင်္ကျီ အပါးဒီဇိုင်းတွေ ဖန်တီးနေပါတယ်။


မပုံ့ (My Favorite)

လက်ဖောင်းအကြီးကြီးတွေ၊ ခပ်ရှုပ်ရှုပ်သွယ်တန်းထားတဲ့ ကြိုးစတွေ၊ တဖိတ်ဖိတ်လက်တဲ့ အရောင်အဆန်းအပြားတွေနဲ့ ချစ်စရာကောင်းနေပြီဆိုရင်တော့ ဒီဇိုင်နာ မပုံ့ရဲ့လက်ရာတွေဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပါပြီ။ လတ်တလော စင်ကာပူမှာ ဖျော်ဖြေသွားတဲ့ နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အဝတ်အစားဒီဇိုင်းတွေ စီစဉ်ပေးထားပြီး ဆီးကွင့်စ်များတဲ့ ဝတ်စုံတွေလည်း ဖန်တီးပြသနေပါတယ်။ မြန်မာသတို့သမီးဝတ်စုံကို တည်တည်ခန့်ခန့်ပုံစံထက် ချစ်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါးနဲ့ သွက်လက်တဲ့ ပုံစံတွေ ပေါင်းစပ်ချုပ်လုပ်တာကလည်း သူ့လက်ရာပါ။ ကိုယ်ပိုင် ဘရန်း Zoey ကနေ ဦးထုပ်၊ ပဝါ၊ လက်ကိုင်အိတ်စတဲ့ ထူးခြား လှပတဲ့ ပစ္စည်းတွေလည်း ထုတ်လုပ်ရောင်းချနေပါတယ်။


ပြည်စိုးအောင်

သတို့သမီးဝတ်စုံနဲ့ပတ်သက်ရင် ထိပ်ဆုံးက အောင်မြင်နေတဲ့ ဒီဇိုင်နာ ပြည်စိုးအောင်က မြန်မာရိုးရာ၊ ဒါမှမဟုတ် အနောက်တိုင်း သတို့သမီးဝတ်စုံတွေကို ဇာ၊ ပန်းထိုး စတဲ့ အသေးစိတ်လက်မှု အနုပညာတွေနဲ့ ြွကရွနေအောင် ဖန်တီးပေးနိုင်တာပါ။ သတို့သမီး ဝတ်စုံချုပ်လုပ်နည်း သီးသန့်သင်တန်းပေးနေတဲ့ ဒီဇိုင်နာဆရာ တစ်ဦးဖြစ်ပြီး အနောက်တိုင်း ပွဲတက်ဂါဝန်တွေကိုလည်း ထူးထူး ခြားခြား ဖန်တီးပေးနိုင်ပါတယ်။ ငှက်မွေးတွေ၊ ကနုကမာတွေ၊ ပုလဲနဲ့ ဇာတွေပေါင်းစပ်ဖန်တီးထားတဲ့ ဂါဝန်ရောင်စုံတွေက ချပ်ရပ်လှပနေသလို ခန့်ထည်တောက်ပနေမြဲပါ။ လက်ရှိမှာ ဝိနည်းနဲ့အညီ ချုပ်လုပ်ထားတဲ့ အနန္တသစ္စာ သင်္ကန်းတွေကိုလည်း ရောင်းချနေ ပါတယ်။


ဆန်ဘောက်ရာ

ချည်သားမြန်မာဝတ်စုံတွေကို ထသွားထလာကနေ ပွဲတက် အထိ အသင့်ဝတ် ရယ်ဒီမိတ် ဘရန်းဒ် ှ့ပေင ရဲ့ ဖန်တီးသူ ပဲ့ကိုင်ရှင်ပါ။ အရင်က မြန်မာဝတ်စုံတစ်စုံဝတ်ဖို့ ပိတ်စ၊ စက်ချုပ်ဆရာ စတဲ့ ကရိကထတွေ ရှိခဲ့ပေမဲ့ ဆန်ဘောက်ရာ ဖန်တီးထားတဲ့ အသင့်ဝတ် ဝတ်စုံတွေကြောင့် အချိန်ကုန်သက်သာသလို စိတ်တိုင်းလည်းကျခဲ့ ကြရပါတယ်။ ဆိုင်ခွဲများစွာရှိပြီး ကုန်ကြမ်းတွေကို တရုတ်နဲ့ ထိုင်း နိုင်ငံတွေက တင်သွင်းကာ အရည်အသွေးအာမခံတဲ့အတွက် နာမည်ကျော်ပါတယ်။ ချည်သား အပေါ်အင်္ကျီ၊ ဘောင်းဘီ၊ ဂါဝန်တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။


သွင်စုထွေး

မနှစ်က ရန်ကုန်မှာ လာရိုက်ကူးသွားတဲ့Line Walker II နိုင်ငံ တကာအက်ရှင်ဇာတ်ကားအပါအဝင် အောင်မြင်တဲ့ အခမ်းအနားတွေ၊ ပုံရိပ်တွေအတွက် တာဝန်ယူဒီဇိုင်းရေးပေး၊ ကိုယ်တိုင်ချုပ်လုပ် ပေးတဲ့ ဒီဇိုင်နာ သွင်စုထွေးပါ။ လက်ရှိမှာ ဘိုဟီးမီးယန်းဒီဇိုင်းတွေကို အသားပေး ဖန်တီးနေပြီး အရိုင်းဆန်ဆန် သဘာဝကျကျ ခံစားမှုနဲ့ နူးညံ့ခန့်ထည်တဲ့ ပုံစံကိုပေါင်းစပ်ထားတဲ့ ဝတ်စုံတွေလည်းချုပ်လုပ်ပေးနေပါတယ်။ တီဗီချန်နယ်တွေက လွှင့်နေတဲ့ မြန်မာဇာတ်လမ်းတွဲတွေအတွက် တစ်ကားလုံးရဲ့ အဝတ်အစားဒီဇိုင်နာ အဖြစ် အောင်မြင်စွာ ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။


မေမြတ်ဝါဆို

နိုင်ငံတကာ ဖက်ရှင်ပြပွဲတွေမှာ မြန်မာကို ထင်းခနဲသိသာသွားအောင် ပဝါတွေ၊ ပုသိမ်ထီးတွေ၊ ပုံတော်ဖိနပ်တွေနဲ့ ပွဲထုတ်တတ်တဲ့ ဒီဇိုင်နာဖြစ်ပြီး သူ့ရဲ့အနက်ရောင်ပြောင် ထိုင်မသိမ်းဝမ်းဆက်ပေါ်မှာ မြန်မာ့ကနုတ်ဒီဇိုင်းကြီးကြီး ရေးထားတဲ့ဝတ်စုံတွေ၊ လေးထောင့်ပုံစံ ပုသိမ်ထီးနဲ့ ငှက်မွေးပဝါတွေက အမှတ်အသားတစ်ခုအဖြစ် အသိအမှတ်ပြုခံရမြဲပါ။ အရောင်ရင့်ရင့်ထင်းထင်းကို ကနုတ်ဒီဇိုင်း ကြီးကြီးနဲ့ တွဲစပ်ဖန်တီးတတ်တဲ့ သူ့ လက်ရာတွေက ထင်ရှားပြတ်သားပြီး ဝတ်ထားသူကို မာန်အပြည့်ဖြစ်သွားစေပါတယ်။ အတွန့်အဖတ်ကြီးကြီးတွေကို ဦးစားပေးချုပ်တတ်တဲ့ ဒီဇိုင်နာ တစ်ဦးပါ။

မျိုးမင်းစိုး

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ (ဒီဇိုင်း ပညာ) ချီးမြှင့်ခံရဖို့ ဖော်ပြခြင်းခံရသူဖြစ်ပြီး မန္တလေးမြို့ဇာတိ ဖြစ်ပါတယ်။ ရွှေသားအစစ်နဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ ရွှေထိုင်မသိမ်း၊ ရွှေသားပဝါ၊ ရွှေသားအင်္ကျီတွေကို မြင်သူအံ့အားသင့်အောင် ဖန်တီးနိုင်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး လတ်တလောမှာ အဆိုပြိုင်ပွဲ ဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ ဖြူဖြူကျော်သိန်းအတွက် ထူးခြား ဆန်းပြားတဲ့ ဒီဇိုင်းတွေ ဖန်တီးပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေအပြင် ကျောက်မျက်ရတနာတွေ၊ ရွှေထည် ဒီဇိုင်းတွေကိုပါ ဖန်တီးနိုင်သူမို့ လူသိများ နာမည်ကျော်ပါတယ်။


လတ်လတ်

အဖြူ၊ နို့နှစ်ရောင် ဒါမှမဟုတ် ပန်းရောင်ဖျော့ဖျော့ စတဲ့ အရောင်နုနုလွင်လွင်တွေကို ချစ်စဖွယ်ကောင်းတဲ့ ဟန်ရော၊ ခပ်မိုက်မိုက်စတိုင်ပါ ရောစပ်ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာ မလတ်ဖြစ်ပါတယ်။ အပွင့်အခက် အနုအဖတ်တွေကို အသေးစိတ်ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာမို့ မြန်မာဝတ်စုံဖြစ်ဖြစ်၊ အနောက်တိုင်း ဂါဝန်တွေဖြစ်ဖြစ် မြင်သူငေးရတဲ့အထိ ဆွဲဆောင်မှုရှိပါတယ်။ ချိတ်လိုင်းကြီးကြီးကို အပေါ်ပိုင်း အတွန့်အလိတ်ဘလောက်စ်နဲ့ တွဲစပ်ဝတ်တဲ့ ဝတ်စုံတွေ ကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ အထူးသဖြင့်တော့ အရောင်ဖျော့ဖျော့ ဆန်းဆန်းတွေဆိုရင် ဒီဇိုင်နာကို မှန်းမြင်မိတဲ့အထိ ရပ်တည်နိုင်ခဲ့တာပါ။


Shar Tra

လူငယ်ဒီဇိုင်နာ တစ်ဦးဖြစ်ပေမဲ့ မြင်သူ ပါးစပ်အဟောင်းသား ဖြစ်ရလောက်တဲ့ ဒီဇိုင်းအထူးအဆန်းတွေကို ဖန်တီးနိုင်သူပါ။ လင်းလက်နေတဲ့ အရောင်ထင်းထင်းတွေ၊ စိတ်ထဲစွဲနေအောင်မြင် မိမယ့် ြွေမလိမြွေ်မကောက်ဒီဇိုင်းတွေ၊ မိန်းကလေးတွေရဲ့ အိပ်မက် ထဲက အထပ်ထပ်လွင့်နေတဲ့ ဂါဝန်အကြီးကြီးတွေကို ဖန်တီးနိုင်တဲ့ ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာ အဆိုတော် တင်ဇာမော်အတွက် ထူးခြားလှပတဲ့ဝတ်စုံတွေ ဖန်တီးပေးနေသလို ပြင်ပအပ်ထည်တွေကိုလည်း စိတ်တိုင်းကျချုပ်လုပ်ပေးနေပါတယ်။ ဒီဇိုင်နာ ရှားထရာရဲ့ဝတ်စုံတွေက ဒဏ္ဍာရီထဲက မင်း

သမီးလေးတွေ ပုံစံဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

Read More

#ဒီဇိုင်နာ
#ဒီဇိုင်း
#ဝတ်စုံ
#ဂါဝန်
#အရောင်

Some text some message..