အစွန်းအထင်းတွေကို မျက်စိတစ်မှိတ်အတွင်း ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းကောင်းများ
lifestylemyanmar.com
|
2020-01-15



တစ်ခါတစ်လေကျရင် အစွန်းအထင်းတွေက ဘာလို့ကိုယ်အကြိုက်ဆုံး အဝတ်အစားတွေကျမှ လာလာပေနေရတာလဲဆိုပြီး တွေးမိကြမှာပါ။ အလုပ်တွေရှုပ်လွန်းလို့ အကျီမှာ အစွန်းတွေပေသွားရင်တောင် လျှော်ဖို့အချိန်မရှိတာ ဒါမှမဟုတ် ပင်မင်းဆိုင်တွေပို့လိုက်တာ စသဖြင့် အမြဲလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို အခုလိုအပြုအမူတွေ လုပ်တာမျိုးမဟုတ်ဘဲနဲ့ အစွန်းအထင်းတွေကို ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို သိထားနိုင်ဖို့အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ မှင်စွန်းတွေအတွက် နို့




ဘောပင်ကျိုး သို့မဟုတ် တခြားနေရာတွေကနေ အကျီမှာမှင်တွေစွန်းလာခဲ့မယ်ဆိုရင် နို့ကိုအသုံးပြုပြီး လွယ်လွယ်ကူကူဖြေရှင်းနိုင်ပါတယ်။


ပြုလုပ်နည်း
• နွားနို့အနည်းငယ်ကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီးတော့ စွန်းနေတဲ့အပိုင်းအစလေးကို ထိုခွက်ထဲနှစ်လိုက်ပါ။ စုပ်သွားအောင်လို့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိထားပါ။
• ပြီးရင် သွားတိုက်တံတစ်ချောင်းကိုသုံးပြီးတော့ ပွတ်တိုက်ပေးပြီး ရေနဲ့ဆေးချလိုက်ပါ။

၂။ ဆီကွက်တွေအတွက် ဆား




ဆီကွက်တွေက စွန်းသွားပြီဆိုရင် ချွတ်ရအင်မတန်ခက်ပါတယ်။ ဒီလိုခက်ခဲတဲ့ ဆီစွန်းကွက်တွေအတွက် ဆားကိုသုံးပေးလိုက်ပါ။


ပြုလုပ်နည်း
• ဆီကွက်ပေါ်ကို ဆားနည်းနည်းဖြူးပေးပြီး ခဏလောက်ထားပေးပါ။
• ပြီးရင် ပွတ်လိုက်မယ်ဆိုပါက ဆားကနေ ဆီတွေကိုစုပ်သွားပါလိမ့်မယ်။
• ချည်သားလက်ကိုင်ပုဝါရဲ့ထောင့်နေရာကိုသုံးပြီးတော့ ရေနဲ့စွတ်ပြီး ပွတ်ပေးလိုက်ပါ။ အိမ်ပြန်ရောက်လို့ ပုံမှန်အတိုင်းလျှော်လိုက်မယ်ဆိုရင် ပြောင်သွားပါလိမ့်မယ်။

၃။ လက်သည်းနီအစွန်းအတွက် လက်သည်းဖျက်ဆေး



ကိုယ်ကိုယ်တိုင် အိမ်မှာလက်သည်းနီဆိုးသူတစ်ယောက်အတွက်တော့ ဒီလိုပြဿနာက ကြုံလေ့ရှိကြမှာပါ။ ဒီလိုပြဿနာအတွက် လက်သည်းဖျက်ဆေးက ကူညီပေးပါလိမ့်မယ်။
ပြုလုပ်နည်း
• လက်သည်းနီအစွန်းကွက်ကို တစ်သှူးရွက်အနည်းငယ်ပေါ် မှောက်လိုက်ပြီးတော့ လက်သည်းနီဖျက်ဆေးကို အနောက်ဖက်မှာသုတ်ပေးလိုက်ပါ။
• အရည်တွေကို တစ်သှူးရွက်တွေက စုပ်သွားပြီဆိုရင် အသစ်နဲ့လဲပေးလိုက်ပါ။
• ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီးရင် အဣတ်လျှော်စက်ထဲမှာ ထည့်လျှော်နိုင်ပါတယ်။

၄။ သွေးကွက်တွေအတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်



ပြုလုပ်နည်း
• ဆေးဆိုင်တွေကနေ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၃ ရာခိုင်နှုန်းရှိတဲ့ ဘူးတစ်ဘူးဝယ်ပြီး သွေးစွန်းကွက်အပိုင်းကို နှစ်လိုက်ပါ။
• ထောပတ်လှီးဓားကိုသုံးပြီး သွေးတွေကိုခြစ်ထုတ်လိုက်ပါ သို့မဟုတ် လက်နဲ့ပွတ်လိုက်ပါ။
• ပြီးရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေပြောင်အောင်လို့ ရေနဲ့ဆေးကြောပြီးမှ တခြားအဝတ်တွေနဲ့အတူ ထည့်လျှော်ပါ။

၅။ ကော်လံတစ်ဝိုက်ကချေးတွေအတွက် ခေါင်းလျှော်ရည်



ပြုလုပ်နည်း
• ကော်လံပေါ်ကို ခေါင်းလျှော်ရည်တစ်စက်နှစ်စက်လောက်ချလိုက်ပြီး စွန်းထင်းနေတဲ့နေရာကို ပွတ်ပေးလိုက်ပါ။
• မိနစ် ၂၀ လောက် စုပ်သွားအောင်ထားလိုက်ပြီး ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း လျှော်ဖွပ်နိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref-brightside


#လက်သည်း
#လျှော်
#လုပ်နည်း
#ကော်လံ
#စွန်း

Some text some message..