အန္တရာယ်လည်းကင်း၊ အိမ်မှာနေရင်းလည်း ပြုလုပ်လို့ရတဲ့ အသားဖြူစေမယ့် နည်းလမ်းလေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ သံပုရာရည် လိမ်းခြင်း
သံပုရာသီးဖျော်ရည်ကို အသားဖြူဆေးအဖြစ် လူတွေသုံးစွဲခဲ့တာ နှစ်ပေါင်းထောင်နဲ့ ချီနေပါပြီ။ သံပရာရည်မှာ အရည်ပြားကို ကြေးချွတ်စေရုံသာမက အရည်ပြားအပေါ်ယံလွှာက အသားမည်းစေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ သို့ပေမဲ့ သံပရာက ညှစ်ထားတဲ့ အရည်ကို ရေမရောပဲ လိမ်းရင်တော့ အရေပြားနဲ့ မတည့်တာတွေ ဖြစ်နိုင်တာကိုတော့ သတိထားရပါမယ်။ ဒါ့ကြောင့် သံပုရည်တစ်ဆ ရေတစ်ဆနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီသံပုရာရည်ကိုတော့ ဂွမ်းလုံးလေးနဲ့ ၁၅ မိနစ်ခန့် ခန္ဓာကိုယ်အရည်ပြားအပေါ်ယံလွှာကို လိမ်းပေးပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ပြန်လည် ပွတ်သပ်ပေးနိုင်ပါတယ်။
ဒီလိုလုပ်တာကို တစ်ပတ်ကို ၃ကြိမ်ထက်တော့ မပြုလုပ်သင့်ပါဘူး ။ အကြိမ်ရေများလေလေ အရေပြားကို အနာတရ ဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်အတွက် မကောင်းစေဘူးဆိုတာကိုတော့ သတိထားရမှာပါ။ တစ်ခါ အသုံးပြုပြီးတိုင်း အပေါ်ကပြောခဲ့သလို ရေနွေးလေးနဲ့ဖြစ်ဖြစ် အစိုဓာတ်ထိန်းခရင်နဲ့ ဖြစ်ဖြစ် ပြန်လည် သန့်ရှင်းရေးလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
သံပုရာရည်ရဲ့ ကောင်းကျိုးကိုတော့ ချက်ချင်း မသိသာသေးဘဲ တစ်လခန့်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေရပါလိမ့်မယ်။
အရေးကြီးတာတစ်ခုကတော့ အပြင်မသွားခင် အထူးသဖြင့် နေပူထဲမထွက်ခင် သံပုရာရည်နဲ့ လိမ်းထားသမျှကို စင်အောင် ဖျက်ဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ UV ရောင်ခြည်တန်းတွေနဲ့ သံပရာရည်ထဲမှာပါတဲ့ ဓာတ်တွေ ဓာတ်ပြုခြင်းတွေ ဖြစ်ပွားပြီး အရေပြားရောင်ရမ်းတာတွေ ဖြစ်တတ်တာကိုတော့ သတိထားရမှာပါ။
၂။ နွားနို့နဲ့ သံပုရာရည်ဖြင့် ရေချိုးခြင်း
ပထမဆုံး ရေချိုးဇလုံထဲကို ရေနွေးတွေ တော်သင့်ရုံလောက် ဖြည့်ထားရပါမယ်။ နွားနို့တစ်ခွက်ထဲကို သံပရာသီးတစ်လုံးထဲက သံပရာရည်ကုန်ဆုံးသည်အထိ ညှစ်နိုင်ပါတယ်။ ပြီးရင်တော့ ဒီနွားနို့ခွက်ကို ရေဇလုံထဲလောင်းပြီး သမအောင် မွှေပါ။
ဒီလိုမျိုး ရေဇလုံနဲ့ ရေချိုးတာကို တစ်ခါချိုးရင် မိနစ် ၂၀ ခန့်နဲ့ တစ်ပတ်ကို တစ်ခါလောက်တော့ ပြုလုပ်နိုင်ပါတယ်။
အသားဖြူလာတဲ့ အကျိုးရလဒ်ကိုတော့ တစ်လခန့်မှာ သိသာလာတတ်ပါတယ်။
၃။ ဒိန်ချဉ်နှင့် ပျားရည် လိမ်းခြင်း
ဒိန်ချဉ်မှာ သင့်အရည်ပြားကို ဖြည်းညှင်းစွာနဲ့ ဖြူဝင်းလာစေတဲ့ အာနိသင်ရှိပါတယ်။ ပျားရည်ကတော့ သဘာဝတရားကပေးတဲ့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုး ဖြစ်တဲ့အပြင် ပဋီဇီဝဆေးတွေလိုမျိုး ဘက်တီးရီးယားတွေကို နိုင်တဲ့ အကျိုးရှိပါတယ်။ ဒီလိုမျိုး အကျိုးရှိတဲ့ သဘာဝပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီးတော့ မျက်နှာကို ဖြူဝင်းစေတဲ့ မျက်နှာဖုံးလေးတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် ပထမဆုံး အချိုဓာတ် အထူးသဖြင့် သကြားမထည့်ရသေးတဲ့ ဒိန်ချဉ်သီးသန့်ကို လိုအပ်ပါတယ်။ ဒါမှသာ ဒိန်ချဉ်တွေ မျက်နှာပေါ်မှာ မခဲသွားမှာပါ။ ဒိန်ချဉ်နဲ့ ပျားရည်ကို တစ်ဆစီရောပြီးတော့ သင့်မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် လိမ်းထားနိုင်ပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ပဲ လုပ်ရမယ်ဆိုပြီး ကန့်သတ်ချက်ထားတာကိုတော့ မတွေ့ရပါဘူး။ ပျားရည်က ဈေးကြီးနေတယ် သို့မဟုတ် ဝယ်ရခက်နေတယ်ဆိုလည်း ၁၀၀ ရာခိုင်နှုန်း သဘာ၀ အစိုဓာတ်ထိန်းခရင်မ် ဖြစ်တဲ့ ရှားစောင်းလက်ပတ်အဆီကို အစားထိုး သုံးစွဲနိုင်ပါတယ်။
၄။ အလှအပ ပစ္စည်းများသုံးခြင်း
ကိုယ့်အသားအရည်နဲ့ တည့်တဲ့ အမျိုးအစားနဲ့ Brand အလိုက် အသားဖြူစေတဲ့ အာနိသင်ပါတဲ့ အလှအပ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် အရည်အသွေးနဲ့ ထိရောက်မှုအာနိသင် အနည်းငယ်တော့ ကွာခြားတတ်ပါတယ်။
[ Unicode ]
အန္တရာယ်လည်းကင်း၊ အိမ်မှာနေရင်းလည်း ပြုလုပ်လို့ရတဲ့ အသားဖြူစေမယ့် နည်းလမ်းလေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

Ref; skincare