ဖက်ရှင်လောကမှာ ရှိကြတဲ့ မော်ဒယ်တွေဟာ အရပ်ရှည်တဲ့ သူတွေ ဖြစ်တာကြောင့် သူတို့ဆင်ယင်လိုက်တဲ့ ဖက်ရှင်တွေကို အရပ်ပုတဲ့ ကောင်မလေးတွေ က လိုက်လံဝတ်ဆင်လိုက်ရင် မလိုက်ဖက်ကြပါဘူး ။ များသောအားဖြင့် မော်ဒယ်တွေရဲ့ အရပ်တွေဟာ ၅ပေ ၁၀ လက်မ ကနေ ၆ ပေ လောက်အထိ ရှည်တတ်ကြတာကြောင့် ၅ ပေ ၅ လက်မနှင့် ၅ ပေ ၅လက်မအောက် ကောင်မလေးတွေအတွက် က ရွေးရာ ဖက်ရှင် တွေ ရှားသွားတတ်ပါတယ် ။ ဒီတစ်ခါမှာတော့ မြန်မာ့ပလက်ဖောင်းရဲ့ Fashion Tips အနေနှင့် အရပ်ပုပုနှင့် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင် ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော် ။ အရပ်ပု နေလို့ ဆိုပြီး အားငယ်နေစရာမလိုတော့ဘဲ ခပ်ချေချေ နှင့် လှပနိင်ပါပြီ ။ ဒီစာစုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like နှင့် Share လေးလုပ် သွားလိုက်ကြပါအုံးနော် ။
၁ ။ အနက်ရောင် အသားကပ် ဂျင်း
အနက်ရောင် အသားကပ် ဂျင်းဟာ အမျိုးသမီးတိုင်းလိုလို မှာ ရှိသင့်တဲ့ အလိုအပ်ဆုံး အိုင်တမ်တစ်ခုပါ ။ သို့ပေမယ့်လည်း အနက်ရောင်အသားကပ်ဂျင်းဟာ အရပ်ပုတဲ့ ကောင်မလေးတွေနှင့်ပိုမို လိုက်ဖက်တယ်လို့ ဆိုရမှာပါ ။ အနက်ရောင် အသားကပ်ဂျင်းကို ဝတ်ဆင်လိုက်မယ်ဆိုရင် သင့်ရဲ့ ခြေတံလေးတွေကို ပိုမို သွယ်လျစေပြီး အရပ်ရှည်တဲ့ ကောင်မလေးလို့ အထင် မြင်ခံရသွားနိင်ပါတယ်တဲ့ ။ ဒေါက်ဖိနပ် အလန်းစားတစ်စုံနှင့်သာ တွဲဝတ်လိုက် လို့ကတော့ အရပ်ရှည်တဲ့ မော်ဒယ်တွေတောင် သင့်ကို အရှုံးပေးသွားရနိင်ပါတယ် ။
၂ ။ ဘေးကား စကပ်အတို
စကပ်အတိုလေးတွေဟာ အရပ်ပုပုနှင့် ကောင်မလေးတွေကို သွက်လက် ရဲရင့်တဲ့ ဟန်ကို ရစေနိင်ပါတယ် ။ ခါးနေရာမှာ ချပ်ချပ်ကပ်ကပ်နှင့် ဒူးနေရာအရောက်မှာ ကားကားလေးဖြစ်သွားတဲ့ စကပ်ဟာ အရပ်ပုတဲ့ ပျိုမေတို့ ဝတ်ဆင်လိုက်တဲ့အခါမှာတော့ ပန်းကလေးတစ်ပွင့်နှင့်တောင် ဆင်တူသွားသကဲ့သို့ လိုက်ဖက်နေစေမှာပါ ။
၃ ။ ကြိုးတစ်ချောင်း အင်္ကျီ
အရပ်ပုပုနှင့်ကောင်မလေးတွေအနေနှင့် သူတို့ရဲ့ ခန္ဓာကိုယ် သေးသေးလေးအပေါ် ကို မကျေနပ်ကြပါဘူး ။ သူတို့မှာ ရှိတဲ့ အားသားချက်တစ်ခုကတော့ လက်မောင်းသေးသေးသွယ်သွယ်များနှင့် အမျိုးသမီးဆန်တဲ့ လည်ပင်းရိုးတို့ပဲဖြစ်ပါတယ် ။ ထိုအလှတွေကို ပေါ်လွင်စေဖို့အတွက် အရပ်ပုပုနှင့် ကောင်မလေးတွေ ဝတ်ဆင်သင့်တာကတော့ ကြိုးတစ်ချောင်းပါတဲ့ အင်္ကျီတွေပဲဖြစ်ပါတယ် ။
၄ ။ ရိုးရှင်းတဲ့ ခန္ဓာကိုယ်ကျပ် ဂါဝန်တို
အရပ်ပုပုနှင့် ခန္ဓာကိုယ်သေးသေး ကောင်မလေး ဖြစ်ရတာ တကယ်တော့ ဘယ်လောက်ကောင်းလိုက်သလည်းနော် ။ လူတိုင်း နှင့်မလိုက်တဲ့ ခန္ဓာကိုယ်ကျပ် ဂါဝန်တိုလေးတွေဟာ အရပ်ပုပုနှင့် ကောင်မလေးတွေ နှင့်တော့ အလှကြီးလှနေတာပါ ။ ဘယ်သွားသွားလည်း ဝတ်ဆင်လို့ ရတာကြောင့် သက်တောင့်သက်သာလည်း ရှိစေပါတယ် ။ နောက်တစ်ချက်ကတော့ ဒီဂါဝန်မျိုးတွေကို ဝတ်ဆင်လိုက်မယ်ဆိုရင် သွယ်လျတဲ့ ခန္ဓာကိုယ်နှင့် အတူ အရပ်ရှည်တဲ့ ဟန်ကိုပါ ရစေနိုင်မှာပါ ။
၅ ။ ခါးရှည် ဘောင်းဘီတို
သင်ရဲ့ ခြေတံတွေကို ပိုမို သွယ်လျပြီး ရှည်တယ်လို့ အထင်ရောက်စေနိုင်တဲ့ ဖက်ရှင်တစ်ခုကတော့ ခါးရှည်ဘောင်းဘီတိုပါပဲ ။ ခါးရှည်ဘောင်းဘီတိုလေးက လွတ်လပ်ပေါ့ပါးတဲ့ အပြင် ချစ်စရာအသွင်ကို လည်း ရနိုင်ပါသေးတယ်နော် ။
ဖက်ရှင်နှင့်ပတ်သတ်တဲ့ အကြုံပြုချက်စာစုလေးတွေကို အပတ်စဉ် ဖော်ပြပေးနေတာကြောင့် Myanma Platform နှင့် Myanma Platform Lifestyle ပေ့ခ်ျ ကို Like နှင့် See First လုပ်ထားလိုက်ကြပါဦး ပျိုမေတို့ရေ ....