
လူတော်တော်များများက လင်းတဌက်ဆိုရင် မနှစ်မျို့တတ်ကြပါဘူး။တကယ်တော့ လင်းတငှက်တွေမှာလည်း အံသြစရာ စွမ်းဆောင်ရည်တွေ အများကြီးရှိနေပါတယ်။ငှက်တွေရဲ့အကြောင်းနဲ့ပက်သက်ပြီး လင်းတငှက်အကြောင်းကို လူသိအလွန်နည်းပါးလှပါတယ်။ဒါကြောင့် လင်းတငှက်တို့နဲ့ ပက်သက်ပြီး ဗဟုသုတစုံစုံလင်လင်ကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ထဲမှာ သက်တမ်းအရှည်ဆုံးနေထိုင်နိုင်တဲ့ ငှက်အမျိုးအစားကို ဖော်ပြပါဆိုလျှင် ကယ်လ်ဖိုးနီးယား လင်းတငှက် (California Condor Bird)ဖြစ်ပါတယ်။ လင်းတငှက်ဆိုတာကလည်း လင်းယုန်ငှက် မျိုးအုပ်စုထဲကသာ ဖြစ်ပါတယ်။ ဒီငှက်တွေဟာ တောင်အမေရိကတိုက်မှာမြင်တွေ့နိုင်ပြီး အသက်(၇၀)ကျော်အထိ ရှင်သန်နေထိုင်နိုင်ပါတယ်။ အတောင်ဖြန့်လိုက်ရင်(၁၀)ပေခန့်မျှရှိ၍ တစ်ကြိမ်ဥရင် ဥတစ်လုံးမှ အများဆုံး နှစ်လုံးအထိ့သာ ဥပါတယ်။ အထီးတွေဟာ အမတွေထက် အကောင်အရွယ်အစား ပိုမိုကြီးထွားပါတယ်။ဦးခေါင်းနှင့် လည် တိုင်တို့မှာ အမွှေးမပေါက်ဘဲ ပြောင်လျက်ရှိကာ အကြည့်ရအလွန်ရုပ် ဆိုးပါတယ်။

လူများအကြံအစည် အလုပ်အကိုင် ပျက်စီး သဖြင့် ငေးမှိုင်တွေဝေနေသည့်အခါ 'လင်းတကြီး မှိုင်းမိသလိုဘဲ' ဟူ၍ လည်း ပုံခိုင်းပြောဆိုတတ်ကြသေးသည်။ လင်းတကို နီးနီးကပ်ကပ် ကြည့် လေလေ ပို၍စက်ဆုပ်ဖွယ်ကောင်းလေလေဖြစ်သည်။
လင်းတငှက်ဟာကောင်းကင်၌ ပျံဝဲနေရင်း အစာကို ရှာဖွေတတ်ကြပါတယ် ။ ရှာဖွေရာ၌ အနံ့ခံ၍ ရှာဖွေသည်မဟုတ်ပေ။ မြေပေါ်တွင် တိရစ္ဆာန်အသေ တစ်ကောင်ကို ကျီးများ၊ ခွေးများက စတင်တွေ့ရှိရာ မကြာမီပင် ကျီးအုပ်၊ ခွေးအုပ်များ ရောက်ရှိလာတတ်ပြီး။ ထိုကျီးအုပ်၊ ခွေးအုပ်ကို ကောင်း ကင်၌ပျံဝဲနေသော လင်းတများက တွေ့ရှိရာမှ အခြားလင်းတများပါ ရောက် လာကြပြီးနောက် အသေကောင်ကို အရိုးသာကျန်အောင် အလုအယက် စား သောက်တတ်ကြပါတယ်။ စားသောက်ပြီး ဝသောအခါ နားနေလေ့ရှိတဲ့ နေရာကို အပန်းဖြေရင်း ငိုက်မြည်းနေတတ်ကြပါတယ်။လင်းတငှက်ဟာ အသေ ကောင်ပုပ်များကို စားသောက်သဖြင့် အပုပ်အသိုး သုတ်သင်ရှင်းလင်းရာတွင် များစွာအကူအညီရပါတယ်။

အကူအညီရသော်လည်း မင်္ဂလာမရှိသောငှက်ဟု ယူဆထားကြသည်မဟုတ်ပါလား။ အိမ်များ၊ ဘုရားများပေါ်တွင်လင်းတနားမိပါက မုချ ပျက်စီးသွားတတ်သည်ဟု ယူဆထားကြပါတယ် ၊ လင်းတ ဟာ အပုပ်အသိုးကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားသောက်လေ့ရှိသည့်အားလျော်စွာ ယင်းကိုယ်မှထွက် သော အနံ့မှာ မခံမရပ်နိုင်အောင် ပုပ်ဟောင်တဲ့ ငှက်အမျိုးအစားပါ ။ ဆိုးရွားလှသော အနံ့ဟာ အသိုက်နှင့်ဥများ၌ပင် စွဲနေလေတတ်ကြပါတယ်။ ဒီလင်းတငှက်တွေဟာ ဂျီကောင်၊ဆတ်ကောင် နှင့်အခြားသေးငယ်သောအကောင်တွေကို တိုက်ခိုက်ဖမ်းယူသယ်ဆောင်ပြီး စားသုံးနိုင်ပါကြပါတယ်။