
Minoan အစောပိုင်းကာလ (ဘီစီ ၃၀၀၀ မှ ခရစ်နှစ် ၅ ရာစု)
လက်ရှိ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်မှုရှိနေတဲ့ ဒူဘိုင်းဟာ အစောပိုင်း Minoan ကာလကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။ ဒူဘိုင်းရဲ့တည်နေရာဟာ အရင်က ကျယ်ပြောလှတဲ့ ဒီရေတောကြီးဖြစ်ခဲ့ဖူးပါတယ်။ ခန့်မှန်းခြေ ဘီစီ ၃၀၀၀ ဝန်းကျင်လောက်က စိမ့်ရေများ ခန်းခြောက်သွားပြီး နောက်ပိုင်းမှာ လူနေစရာဖြစ်လာခဲ့တာပါ။ အဲ့ဒီခေတ်က ကြေးခေတ်ဖြစ်ပြီး ပထမဆုံး လာရောက်အခြေချနေထိုင်သူတွေဟာ ထိုဒေသမှာ နွားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဘီစီအီး ၂၅၀၀ လောက်မှာတော့ ပထမဆုံးအကြိမ် ထန်းပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခု ကမ်းခြေဘေးမှာရှိတဲ့ Jumeirah ဇရီယာဟာ စီအီး ၅ရာစုက အီရတ်နိုင်ငံနှင့် ဆက်သွယ်ထားတဲ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ယာဉ်သွားလာစခန်းတစ်ခုဖြစ်ပါတယ်။

ထိုအချိန်တုန်းက ဒူဘိုင်းမှာ Bani Yas မျိုးနွယ်စုတွေဟာ အခြေချနေထိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ လှေဆောက်ခြင်း၊ ရွှေ၊ နံ့သာမျိုးနှင့် အထည်အလိပ်များ ရောင်းချသလို ဖြတ်သန်းသွားလာတဲ့ ကုန်သည်များအတွက် နေရာထိုင်ခင်းများ ငှားရမ်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်မှီတဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ။
မှတ်တမ်းများအရ ဒူဘိုင်းဟာ ၁၈၀၀ ခုနှစ်အစောပိုင်းမှာ တံတိုင်းခတ်ထားတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတံတိုင်းကြီးကို မှီခိုရာနေရာတစ်ခုဖြစ်လာသည်နှင့် တစ်ချိန်တည်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒူဘိုင်း ဘက်ခြမ်းရှိ တံတိုင်းဟာ Al Fahidi ခံတပ်ကိုဖြတ်ပြီး Al Fahidi ခံတပ်မှတဆင့် တိုးချဲ့ပြီး Old Souk မှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဒူဘိုင်းဟာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံများနှင့် တသမတ်တည်း အပြန်အလှန် ဆက်ဆံရေးကို စတင်ခဲ့ပါတယ်။

Al Maktoum မင်းဆက် (၁၈၃၃ မှ ၁၈၉၃)
ဒူဘိုင်းရဲ့ သမိုင်းမှာတော့ Bani Yas မျိုးနွယ်စု မင်းဆက် Maktoum bin Butti ဘုရင်ဟာ ၁၈၃၄ ခုနှစ်မှာ သူ့လူမျိုးစုတွေကို ဒူဘိုင်းရဲ့ Shindagha ကျွန်းဆွယ်ကို ခေါ်ဆောင်လာခဲ့ပြီး နောက်ပိုင်းမှာ အခြေချနေထိုင်ဖို့အတွက် အဘူဒါဘီမြို့ရဲ့ လွတ်လပ်ရေးကို ကြေငြာခဲ့ပါတယ်။ ထိုအချိန်ကနေစပြီး ဒူဘိုင်းကို တံငါရွာအဖြစ် သတ်မှတ်ခဲ့တာပါ။ ယနေ့ခေတ်မှာတော့ စော်ဘွားကြီးများ အပြောင်းအလဲများရှိခဲ့ပေမယ့် Al Maktoum မင်းဆက်ဟာ ဒူဘိုင်းကို ဆက်လက် အုပ်ချုပ်ခဲ့ပါတယ်။

နိုင်ငံခြားသားများကို ကြိုဆိုခြင်း (၁၈၉၄ မှ ၁၉၆၆)
Al Maktoum ဘုရင်ရဲ့ ဦးဆောင်မှုအောက်မှာ ဒူဘိုင်းဟာ သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒူဘိုင်းရဲ့ စည်းမျဥ်းအသစ်ဟာ ပြည်ပနိုင်ငံများကို အခွန်ကင်းလွတ်ခွင့်ပြုထားတာကြောင့် ၁၈၉၄ ခုနှစ်မှာ ကုန်သွယ်မှုကို နောက်ထပ်မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ဒူဘိုင်းကို နိုင်ငံခြားသား အလုပ်သမား အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ အထူးသဖြင့် အိန္ဒိယနှင့် ပါကစ္စတန် ကုန်သည်များက ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေတွေကို အခွင့်ကောင်းယူဖို့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒူဘိုင်းဟာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ရှိနေခဲ့ပေမယ့် ငါးဖမ်းခြင်း၊ ရောင်းဝယ်ခြင်းနှင့် ပုလဲငုပ်ခြင်းတို့ကို လုံးလုံးလျားလျား မှီခိုနေရဆဲဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်များမှာ ဂျပန်နိုင်ငံက ပုလဲအတုကို တီထွင်ထုတ်လုပ်လာခဲ့တာကြောင့် ဒေသတွင်းရဲ့စီးပွားရေးဟာ အလွန်ကျဆင်းလာခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဒူဘိုင်းအတွက် အရာအားလုံးဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။

ယနေ့ခေတ် ဒူဘိုင်း (၁၉၆၆ မှ ယနေ့အထိ)
ဒူဘိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စတင်ခဲ့သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Sheikh Rashid bin Saeed Al Maktoum ပဲဖြစ်ပါတယ်။ သူဟာ ဒူဘိုင်းအနီးမှာ အခြေချနေထိုင်ရင်း မြို့တော်ကို ကမ္ဘာအဆင့်မီတဲ့ဆိပ်ကမ်းနှင့် စီးပွားရေးအချက်အချာအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ယခုတည်ရှိတဲ့ Rashid ဆိပ်ကမ်း၊ Jebel Ali ဆိပ်ကမ်း၊ Dubai Drydocks၊ Dubai Creek ချဲ့ထွင်ခြင်းနှင့် Dubai World Trade Center တို့ဟာ ထိုအချိန်က အဓိကပရောဂျက်များထဲမှ အနည်းငယ်သာဖြစ်ပါတယ်။ အရင်ဆုံးလုပ်ခဲ့တဲ့ ပရောဂျက်ဟာ UAE ကို လူနေမှုအဆင့်အတန်းမီအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရာစုနှစ်တစ်ဝက်ခန့်ကြာပြီးနောက်မှာတော့ ဒူဘိုင်းဟာမြို့ကြီးပြကြီးဖြစ်လာပြီး Burj Al Arab နှင့် Burj Khalifa ကဲ့သို့ ခေတ်မီအံ့ဖွယ်များကို တည်ဆောက်ခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့တော်ကို တစိုက်မတ်မတ် ချဲ့ထွင်ပြီး ဆန်းသစ်တီထွင်မှုနှင့် အခွင့်အလမ်းများ ကြိုးပမ်းတဲ့အနေဖြင့် ဒူဘိုင်းဟာ ခရီးသွားများနှင့် စီးပွားရေးကို အဓိကဆွဲဆောင်ဖို့အတွက် နောက်ထပ် ပရောဂျက်တွေကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။