လှပတဲ့ အရောင်အသွေးများရှိတဲ့အပြင် လေထဲမှာ ပျံသန်းသွားလာနိုင်တဲ့ Draco volan ပုတ်သင်ညို
mmload.com
|
2022-03-13

ကျွန်တော်တို့တွေရဲ့ အနီးပတ်ဝန်းကျင်တွေမှာ နေထိုင်ကျက်စားကြတဲ့ တိရစ္ဆာန်ငယ် ပုတ်ညင်ညို လေးတွေကို အများသောအားဖြင့် တွေ့ဖူးကြမှာပါ။


သူတို့တွေဟာ အဓိကအားဖြင့် အင်းစက်ပိုးပွှားလေးတွေကို ဖမ်းယူစားသောက်ကြပြီး အသက်ရှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ ပုတ်ညင်ညို တွေမှာ မတူကြတဲ့ မျိုးစိတ်များစွာ ရှိပါတယ်။ အဲ့ဒီ မျိုးစိတ်တွေထဲကမှ လေထဲမှာ ခုန်ပျံသန်းသွားနိုင်တဲ့ Draco volans လို့ခေါ်တဲ့ ထူးထူးခြားခြား မျိုးစိတ်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ကို Dragon လို့လည်း ခေါ်ကြပါတယ်။


Draco volan များရဲ့ ထူးခြားချက်တွေကတော့ လှပတဲ့ ပင်ကိုယ် အရောင်အသွေးစုံလင်စွာရှိသလို ပျံသန်းနိုင်တဲ့ အတောင်ပံလည်း ပါရှိတာ ဖြစ်ပါတယ်။ Draco volan အမများဟာ မျိုးပွားဖို့ ဥချပြီဆိုရင်လည်း အများသောအားဖြင့် ဥငါးလုံးအထိ ဥချတတ်ပြီး ဥများကိုလည်း ၂၄ နာရီနီးပါး စောင့်ရှောက်ကြပါတယ်။


မျိုးဥတွေရဲ့ ပေါက်ဖွားသည့်ကာလဟာ ရက်ပေါင်း ၃၂ ရက်ခန့်ကြာပါတယ်။ သူတို့တွေဟာ သစ်ပင်အကိုင်းအခက်တွေပေါ်မှာ ပြေးလွှားနေတာကို တွေ့ရလေ့ရှိတဲ့ အန္တရယ်ကြုံတွေ့လာတဲ့အချိန် ဒါမှမဟုတ် သစ်ပင်တစ်ပင်နဲ့ ကူးဖို့အတွက် သူတို့ရဲ့ တောင်ပံလေးတွေကို အသုံးပြုကြပါတယ်။ Draco volans တွေကိုတော့ အရှေ့တောင်အာရှနှင့် အိန္ဒိယတောင်ပိုင်းဒေသတွေမှာ အများဆုံးတွေ့ရပါတယ်။


သာမန် ပုတ်သင်ညိုတွေနဲ့ ပုံသဏ္ဍာန်ခြင်းတူညီပေမယ့် Draco volan အစ်မများဟာ အထီးများထက် အရွယ်အစားအနည်းငယ် ကြီးတာဖြစ်ပါတယ်။ သာမန် ပုတ်သင်ညိုတွေကတော့ အမများဟာ အထီးတွေထက် အရွယ်အစား သေးငယ်တာ တွေ့ရပါတယ်။


Draco volan အထီးတစ်ကောင်ရဲ့ အရွယ်အစားမှာ ၇.၆လက်မ (၁၉.၄ စင်တီမီတာ) ဝန်းကျင်ရှိသလို သွယ်လျတဲ့ အမြီးမှာတော့ ၄.၄ လက်မ (၁၁.၃ စင်တီမီတာ)ရှည်ပါတယ်။ အမများဟာ ၈.၃လက်မ (၂၁.၁ စင်တီမီတာ)အထိရှိပြီး အမြီးပိုင်းမှာ ၅.၂ လက်မ (၁၃.၂ စင်တီမီတာ)ထိရှည်ပါတယ်။ Draco volan တွေရဲ့ ဘဝသက်တမ်းက ၈ နှစ်အထိ အသက်ရှင်ကြတယ်လို့ သိရပါတယ်။


#တိရစ္ဆာန်
#အိန္ဒိယ
#ပတ်ဝန်းကျင်
#အသက်
#အချိန်

Some text some message..