နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ ပင်လယ်ဓားပြ ၄ ဦး
mmload.com
|
2022-03-18

တစ်ချိန်က ပင်လယ်ခုနစ်စင်းကို ခြိမ်းခြောက်ခဲ့တဲ့ ပင်လယ်ဓားပြတွေရဲ့ သမိုင်းမှာတော့ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ ပင်လယ်ဓားပြ ၈ ယောက်ရှိခဲ့ပါတယ်။ ဒီ ၄ ဦးဟာ ရုပ်ရှင်တွေထဲကလို မြင်တွေ့ရတဲ့ ဖော်ဖော်ရွေရွေ ပင်လယ်ဓားပြများနှင့် အလွန်ကွာခြားပါတယ်။

(၁) Blackbeard


Blackbeard ဟာ သမိုင်းမှာ အထင်ရှားဆုံး ပင်လယ်ဓားပြဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဘဝက လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေခဲ့ပါတယ်။ သူ့ခေတ်က တခြားပင်လယ်ဓားပြတွေအကြောင်းကို ကျွန်တော်တို့ သိထားတဲ့ တော်တော်များများဟာ Capt. Charles Johnson ဆိုတဲ့ နာမည်အောက်မှာ ၁၇၂၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်မှာ “A General History of the Pyrates” လို့ ခေါ်ပါတယ်။ Charles Johnson ဟာ စာရေးဆရာရဲ့ အမည်ရင်းမဟုတ်ဘဲ ကလောင်အမည်တစ်ခုသာဖြစ်ပါတယ်။ ဒီ 'Robinson Crusoe' စာအုပ်ကို နာမည်ကြီးဝတ္ထုများ ရေးသားခဲ့တဲ့ စာရေးဆရာ Daniel Defoe ကလည်း မကြာခဏ ရည်ညွှန်းထားပါတယ်။

ဒါပေမယ့် Smithsonian မဂ္ဂဇင်းရဲ့ဖော်ပြချက်မှာတော့ စာအုပ်အချို့ကို ပညာရှင်များက လွဲမှားနေကြောင်း ထောက်ပြပြောဆိုခဲ့တာရှိပါတယ်။ Blackbeard ကတော့ အင်္ဂလန်နိုင်ငံ၊ Bristol မြို့မှာ မွေဖွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အမည်အရင်းမှာ Edward Thatch ဖြစ်ပါတယ်။

သူဟာ (၁၇၀၁ မှ ၁၇၁၄) စပိန်ဆက်ခံရေးစစ်ပွဲ အတွင်း လျှို့ဝှက်သူအဖြစ် အမှုထမ်းခဲ့တယ်လို့လည်း အဆိုပါစာအုပ်ထဲမှာ ဖော်ပြခဲ့တာ ရှိပါတယ်။ ၁၇၁၆ ခုနှစ်မှာတော့ 'Queen Anne's Revenge' လို့အမည်ရတဲ့ သင်္ဘောဖြင့် ကာရေဘီယံပင်လယ် ၊ South Carolina နှင့် Virginia ကမ်းလွန်မှာ ပင်လယ်ဓားပြလုပ်ခဲ့ပါတယ်။

နောက်ပိုင်း Blackbeard ရဲ့ ပုံရိပ်တွေဟာဒေသများအတွင်းမှာ တဖြည်းဖြည်းနဲ့ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ ပင်လယ်ဓားပြ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ တိုက်ပွဲထက် ရန်သူတွေကို

လက်နက်ချဖို့ အဓိက ကြိုးပမ်းပြီး တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ Bandoliers ကဲ့သို့ ဘေးအိတ်တွေမှာ အမြဲတမ်း ပစ္စတိုသေနတ်များကို ထည့်ထားပြီး ဦးထုပ်အောက်မှာ မီးခြစ်ချိတ်ဆွဲထားလေ့ရှိပါတယ်။ ၁၇၁၈ ခုနှစ် နိုဝင်ဘာလမှာတော့ သူ့ရဲ့သင်္ဘောကို မြောက်ကယ်ရိုလိုင်းနားရှိ Ocracoke ကျွန်းအနီးမှာ တော်ဝင်ရေတပ်က ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် Blackbeard ဟာ ကွယ်လွန်သွားခဲ့ပါတယ်။

(၂) Ching Shih


Ching Shih ဟာ သမိုင်းများမှာ ကျော်ကြားခဲ့တဲ့ ပင်လယ်ဓားပြများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား အမျိုးသမီး တစ်ယောက်ပါ။ တစ်ခါတစ်လေမှာ သူမကို Cheng I Sao (သို့) Zheng Yi Sao လို့လည်း ခေါ်ကြပါတယ်။ ၁၈ ရာစု ရာစုနှောင်းပိုင်းမှာ တရုတ်နိုင်ငံ၊ Guangzhou မြို့မှာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာသူပဲ ဖြစ်ပါတယ်။

၁၈၀၁ ခုနှစ်မှာတော့ Ching I အမည်ရှိ ပင်လယ်ဓားပြနှင့် လက်ထပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ဒေသတွင်း ပြိုင်ဘက်ပင်လယ်ဓားပြဂိုဏ်းများကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ ၁၈၀၇ ခုနှစ်မှာတော့ ခင်ပွန်းသည် Ching ဟာ ကွယ်လွန်ခဲ့ပြီး မုဆိုးမ Shih က ပင်လယ်ဓားပြအဖွဲ့ရဲ့ တစ်ဦးတည်းသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အမိန့်ကိုပေးတာကို မနာခံတဲ့ သူတွေဆိုရင် ချက်ခြင်းပင် ခေါင်းဖြတ်သတ်တယ်လို့ ဆိုပါတယ်။

တချို့ကတော့ သူမကို 'ပင်လယ်ဓားပြဘုရင်မ' လို့လည်း ခေါ်ခဲ့ကြပါတယ်။ သူမရဲ့ လက်အောက်ငယ်သား အဖွဲ့ဝင်ဦးရေဟာ ထိုအချိန်က ၇ သောင်းခန့်ရှိပြီး သင်္ဘော ၁၂၀၀ ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ၁၈၁၀ ခုနှစ်မှာ ဖက်ဒရေးရှင်းကို ဖြိုခွဲခဲ့ပြီး တရုတ်အစိုးရနှင့် ရက်ရက်ရောရော လက်နက်ချဖို့ ညှိနှိုင်းခဲ့ပါတယ်။

တရုတ်အစိုးရကလည်း ပင်လယ်ဓားပြတွေကို ၎င်းတို့ရဲ့ ရာဇ၀တ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရုံသာမက ထိန်းချုပ်ထားတဲ့ သင်္ဘောများကိုလည်း တရုတ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့ပါတယ်။

(၃) Sir Francis Drake


Sir Francis Drake ဆိုသူဟာ အချို့သူတွေအတွက်တော့ မြင့်မြတ်သူဖြစ်ပေမယ့် အခြားသူများအတွက် ရက်စက်တတ်တဲ့ ပင်လယ်ဓားပြတစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၅၄၀ ခုနှစ်ဝန်းကျင်မှာ အင်္ဂလန်နိုင်ငံ၊ Devon မြို့မှာ မွေးဖွားခဲ့ပါတယ်။ တချို့ဖော်ပြချက်မှာတော့ Drake ဟာ သင်္ဘောသားအဖြစ် ကမ္ဘာကို လှည့်ပတ်သွားလာနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်လူမျိုး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကျော်ကြားမှုကတော့ အခြားသူတွေနဲ့မတူခဲ့ပါဘူး။ Drake ဟာ ကမ္ဘာကို လှည့်လည်ပြီး ဓားပြတိုက်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဓားပြတိုက်လို့ ရရှိခဲ့တဲ့ တန်ဖိုးကြီး ရတနာတချို့တစ်ဝက်ကိုလည်း ဘုရင်မကြီး အဲလိဇဘက် (၁) ကို မျှဝေပေးတယ်လို့ ဆိုပါတယ်။ ၁၅၈၈ ခုနှစ်မှာတော့ မိဖုရားကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ စပိန်သင်္ဘောအုပ်စု စပိန်အာမာဒါကို တိုက်ခိုက်ခဲ့ပြီးနောက် သူဟာ ထိပ်တန်းရေတပ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရေတပ်မှူး Sir John Hawkins နှင့်အတူ ဂီနီနှင့် ဆီယာရာလီယွန်သို့ ခရီးများစွာထွက်နိုင်အောင် အာဖရိကရှိ အင်္ဂလိပ်ကျွန်ကုန်သွယ်မှုရအောင်လည်း ကူညီပေးခဲ့ပါတယ်။ ၁၅၉၆ ခုနှစ်မှာတော့ Drake ဟာ ပနားမားကမ်းလွန်မှာ ဝမ်းကိုက်ရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။

(၄) Samuel Bellamy


Samuel Bellamy ဟာ ထိုအချိန်က အသက် ၂၈ နှစ်သာ ရှိသေးပေမယ့် ကျော်ကြားသူတစ်ဦးမှာ ​ပါဝင်ခဲ့ပါတယ်။ သူဟာ ၁၇ ရာစုအကုန်မှာ Devon မြို့တွင် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်မှာတော့ Bellamy ဟာ စပိန်ဆက်ခံရေးစစ်ပွဲအစမှာ ပင်လယ်ပြင်ထဲအလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ပင်လယ်ဓားပြမှူးဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ပင်လယ်ဓားပြလုပ်ခဲ့တဲ့ တစ်လျှောက်မှာ ရွှေ၊ ငွေနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ Whydah Gally အပါအဝင် သင်္ဘော ၅၃ စင်းကို ဖမ်းဆီးနိုင်ခဲပါတယ်။

၂၀၀၈ ခုနှစ်က စာရေးဆရာကြီး Forbes ရဲ့ ဖော်ပြချက်အရ သူသည် ကာလတစ်လျှောက် ၀င်ငွေအများဆုံး ပင်လယ်ဓားပြဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူသိမ်းယူခဲ့တဲ့ ဥစ္စာပစ္စည်းများဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ ခန့် တန်ကြေးရှိခဲ့ပါတယ်။ သူရဲ့သင်္ဘောကိုလည်း ဒီမိုကရေစီနည်းလမ်းတကျ လည်ပတ်ခဲ့သလို အမှုထမ်းများအား တန်းတူရည်တူဆက်ဆံပြီး သုံ့ပန်းများရဲ့ အသက်ကိုလည်း ကယ်တင်ခဲ့ပါတယ်။

သမိုင်းရဲ့ အကျော်ကြားဆုံး ပင်လယ်ဓားပြ အများအပြားဟာ အများသောအားဖြင့် သူတို့ နိုင်ငံရဲ့ ရန်သူများကို ပင်လယ်ပြင်မှာ တိုက်ခိုက်ကြသလို သတ်မှတ်ထားတဲ့ ဇုန်အတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကုန်သည် သင်္ဘောများကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။


#တရုတ်
#စာရေးဆရာ
#အသက်
#အမှု
#နိုင်ငံ

Some text some message..