
ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ဟာ အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဘာမီယံ ချိုင့်ဝှမ်းအတွင်း တွေ့ရှိရတဲ့ ၆ ရာစုနှစ် လက်ရာ ဗုဒ္ဓရုပ်ပွားတော် ၂ ဆူဖြစ်ပါတယ်။ မြို့တော် ကဘူးလ်မှ မိုင် ၁၄၀ အကွာ ပင်လယ်ရေမျက်နှာပြင် ၈၂၀၂ ပေ အမြင့်မှာ တည်ရှိပါတယ်။၂၀၀၁ ခုနှစ်ကမှ တာလီဘန်တို့ရဲ့ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ပျက်စီးသွားပြီဖြစ်ပါတယ်။

ဖျက်ဆီးခံရတဲ့ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ပေအားဖြင့် ပေ ၁၈၀ မြင့်ပြီး ဗုဒ္ဓဝေရိုချန်ကို ကိုယ်စားပြုကာ နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးထက်မှာ ထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးကိုလည်း ကြေး၊ ရွှေ၊ ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားခဲ့တာကြောင့် ၆ ရာစုနှစ်က ထိုဒေသက မည်မျှလောက် ချမ်းသာခဲ့ကြောင်းကို မြင်တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ထုဆစ်ထားတဲ့ ရုပ်ပွားတော်များရဲ့ အသွင်အပြင်ဟာ ရှေးဟောင်းဂန္ဓာရယဉ်ကျေးမှုလက်ရာများဖြစ်တယ်လို့လည်း သမိုင်းပညာရှင်များက ယုံကြည်ခဲ့ကြပါတယ်။ စီအီး ၇ ရာစုနှစ်က အာဖဂန်နစ္စတန်နိုင်ငံကို အာရပ်ကျူးကျော်မှု စတင်ခဲ့ပြီး နောက်ပိုင်းမှာ ဒေသအတွင်း အစ္စလာမ်ဘာသာနေရာမှာ ဗုဒ္ဓဘာသာကို အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။

၁၁ ရာစုမှာတော့ Ghaznavids ရဲ့မွတ်ဆလင်ပြည်နယ်ကို သိမ်းပိုက်ခဲ့ပြီး ဘာမီယန် မြို့သစ်တစ်ခုတည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘာသာရေးလွှမ်းမိုးမှုတွေ ပြောင်းလဲလာခဲ့ပေမယ့် တောင်နံရံတွေက ဗုဒ္ဓရုပ်ပွားတော်များနှင့် ရာနှင့်ချီတဲ့ ဥမင်လှိုဏ်ခေါင်းများ ကျန်ရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ တာလီဘန်တို့ဟာ အာဖဂန်နစ္စတန်ရဲ့ နယ်မြေအများစုကို အာဏာရလာခဲ့ပြီး ဘာမီယန်ပြည်နယ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ တာလီဘန်များက ဗုဒ္ဓဘာသာ အထိမ်းအမှတ် အဆောက်အအုံများကို ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာအဖြစ် အသုံးပြုရန် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ပွားတော်များ ပြုပြင်ခြင်း နှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် ရန်ပုံငွေပေးဖို့အတွက်တောင် ၎င်းတို့က ကုလသမဂ္ဂထံ အသနားခံစာ ပေးပို့ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ တာလီဘန်များဟာ ကဘူးလ်ပြတိုက်ရှိ အစ္စလာမ့်မတိုင်မီက ပန်းပုများ စုဆောင်းခြင်းအတွက် အဖျက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်လာခဲ့ပါတယ်။ ဒီလို ကျူးလွန်လာခဲ့တဲ့ အကျိုးဆက်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တာလီဘန်ခေါင်းဆောင် မူလာဟ် အိုမားကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကြပါတယ်။ ဒီလို ရှုံ့ချခဲ့မှုအပေါ်ကိုလည်း ကလဲ့စားချေတဲ့ အနေနဲ့ မူလာဟ် အိုမားဟာ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖျက်စီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ်ကလည်း ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီးကို မဖျက်စီးဖို့ ကန့်ကွက်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာဖဂန်နစ္စတန်ရဲ့ အထင်ရှားဆုံး သမိုင်းဝင်နေရာများကို ၂၀၀၁ ခုနှစ် မတ်လမှာ တာလီဘန်တွေက စတင် ဖျက်စီးပစ်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ တာလီဘန်အစိုးရက ဖျက်စီးပစ်လိုက်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ပြန်လည်ပြုပြင်ဖို့ စတင်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ယူနက်စကိုရဲ့ အကူအညီဖြင့် နိုင်ငံခြားဝင်ငွေတိုးလာအောင် ယင်းသမိုင်းဝင်တွေကို ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် အကောင်အထည်ဖော်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။