စီရော်နယ်ဒိုဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုအချက် (၅)ချက် ရှိတယ်
mmload.com
|
2022-04-02

အောင်မြင်သူတစ်ယောယ်ရဲ့ဘဝကအားကျစရာဖြစ်ပေမယ့်လူသားပီပီကျရှုံးမှုတွေ၊ဝေဖန်မှုတွေ၊ဖိအားဒဏ်တွေနဲ့သူ့ဘဝက ပြည့်နှက်လို့နေပါတယ်။ စီရောနယ်ဒိုရဲ့ အထူးခြားဆုံး(၅)ချက်ကိုတင်ပြပေးပါမယ်။

၁။ ။ အရက်မသောက်၊ဆေးလိပ်မသောက၊်တက်တူးမထိုးသူတစ်ယောက်။


ကျွန်တော်တို့အားကျရတဲ့စီရောနယ်ဒိုရဲ့ ခန္တာကိုယ်တည်ဆောက်ပုံက မက်လောက်စရာပါ။ယောင်္ကျားခြင်းတောင်အားကျရတဲ့အခုလိုခန္တာကိုယ်ပိုင်ရှင်ဖြစ်ဖို့စီရောနယ်ဒိုဟာအရက်မသောက်၊ဆေးလိပ်မသောက်ဘဲကျန်းမာရေးလိုက်စားသူတစ်ယောက်ပါ။သူရဲ့ဖခင်Jose DinisAveiroဟာအသက်(၅၂)နှစ်အရွယ်မှာအရက်အလွန်အကျွန်သောက်သုံးမှု့ကြောင့်ကွယ်လွန်ခဲ့သလိုစီရော်နယ်ဒိုဟာငယ်စဉ်ကတည်းကရွယ်တူကလေးငယ်တွေထက်ဘဝကိုပင်ပင်ပန်းပန်းဖြတ်သန်းခဲ့ရပါတယ်။


ဒါကြောင့်အရက်သာမကဆေးလိပ်ကိုပါမသုံးစွဲဘဲသူ့ကိုယ်သူ စောင့်ရှောက်တယ်လို့စီရော်နယ်ဒိုကဆိုပါတယ်။တက်တူးမထိုးရခြင်းရဲ့အကြောင်းကတော့စီရော်နယ်ဒိုဟာတစ်နှစ်ကို(၂)ကြိမ်တိုင်သွေးလှူလို့ပါပဲ။ဒါကြောင့်စီရော်နယ်ဒိုကတက်တူးမထိုးပါဘူး။

၂။ ။ ရော်နယ်ဒိုအမည်ရဲ့နောက်ကွယ်ကအမှတ်အသားကဘာလဲ။


လူတိုင်းသိကြတဲ့CR7 တစ်ဖြစ်လဲစီရော်နယ်ဒိုရဲ့အမည်အပြည့်အစုံကတော့CRISTIANO RONALDO DOS SANTOS AVEIRO ပါ။ ရော်နယ်ဒိုလို့အမည်တွင်တဲ့ထိပ်သီးဘောလုံးသမားတွေရှိလို့သူ့အမည်မှာရော်နယ်ဒိုပါတယ်လို့မထင်ပါနဲ့။


တကယ်ကတော့ရော်နယ်ဒိုစကားလုံးအမည်ပါရခြင်းကတော့အမေရိကန်နိုင်ငံရဲ့ (၄၀)ယောက်မြောက်သမ္မတတစ်ဖြစ်လဲရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့့RONALD REAGANဆိုတဲ့အမည်ကရော်နယ်ဒိုအမည်ကိုသူ့ဖခင်ကနှစ်သက်လို့CRISTIANO RONALDO DOS SANTOS AVEIROလို့အမည်ပေးထားတာပါ။

၃။ ။အသက်(၁၁)နှစ်အရွယ်ထူးချွန်ပါရမီရှင်လေး။


စီရော်နယ်ဒိုကအခုမှနံမည်ကြီးတာမဟုတ်ရပါ။ငယ်စဉ်က ဘောလုံးကောက်သမားအဖြစ်ကစားကွင်းထဲမှာရှိဖူးသလိုဘောလုံးကျွမ်းကျင်မှုအပိုင်းမှာလည်းငယ်စဉ်ကပင်ချီးကျူးခံရသူပါ။သူရဲ့ ပထမဆုံးနည်းပြဖြစ်တဲ့ပေါ်တူဂီကလပ်Sporting Lisbonနည်းပြက”စီရောနယ်ဒိုကဘောလုံးရတာနဲ့လူနှစ်ယောက်ကနေသုံးယောက်အထိကျော်ဖြတ်နိုင်စွမ်းရှိသူပါ”လို့ပြောခဲ့ပါတယ်။အဲ့တုန်းကစီရောနယ်ဒိုအသက်က(၁၁)နှစ်ပါ။မော်ရင်ဟိုကိုယ်တိုင်စီရော်နယ်ဒိုကိုအဲ့ချိန်ကတည်းက သတိထားမိခဲ့ပြီးချီးကျူးစကားဆိုခဲ့ပါတယ်။ 

၄။ ။ ဘတ်စကတ်ဘောကစားသူထက်ပိုခုန်နိုင်စွမ်းရှိသူ။


ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင်ဘတ်စကတ်ဘောကစားသူတွေဟာဘောလုံးကစားသူတွေထက်

ပိုခုန်နိုင်စွမ်းရှိပါတယ်။ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင်ဘတ်စကတ်ဘောကစားသူတွေက ခုန်ပေါက်ပြေးလွှားကစားရတာပါ။ဒါပေမယ့်စီရော်နယ်ဒိုရဲ့ခုန်နှုန်းကရပ်နေရာကနေအမြင့်ပေ(၄၄)

စီတီမီတာအထိခုန်နိုင်ပြီးသူအနေနဲ့(၇၈)စီတီမီတာရောက်တဲ့အထိခုန်နိုင်စွမ်းရှိသူပါ။ဒါဟာပုံမှန်ဘက်စကတ်ဘောသမားတွေသာလွန်စွာ ခုန်နိုင်သူဖြစ်ပါတယ်။

သူ့ရဲဖရီးကစ်ကန်ရာမှာဘောလုံးရဲ့အမြန်နှုန်းကအပိုလို(၁၁)အာကာသယာဉ်အမြန်နှုန်းထက်(၄)ဆပိုမြန်ပါတယ်။

၅။ ။ မက်လောက်စရာဝင်ငွေ။


အောင်မြင်ကျော်ကြားသူဖြစ်မှတော့သူ့ဝင်ငွေကလည်းမက်လောက်စရာပါ။အချမ်းသာဆုံးဘောလုံးသမားအဖြစ်နိုင်ငံတကာသတင်းစာမျက်နှာတွေမှာဖော်ပြခြင်းခံရပါတယ်။



#စကတ်
#ဆေးလိပ်
#အရက်
#ဘောလုံး
#ရော်နယ်ဒို

Some text some message..