
မိမိတို့လူသားအများစုဟာ မိမိတို့လမ်းလျှောက်ပုံ သို့မဟုတ် မှန်ကန်စွာလမ်းလျှောက်ခြင်းရှိမရှိကို များများစားစားမစဉ်းစားကြပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းစနစ်နဲ့ ကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ လမ်းလျှောက်နည်းကို သိခြင်းက အောက်မှာ ဖော်ပြထားတဲ့ အရာတွေကို ကူညီထောက်ပံပေးပါတယ်။ ထိုအရာများကတော့.....
- အရိုးများနှင့် အဆစ်များကို မှန်ကန်စွာ ချိန်ညှိပေးခြင်း
- အဆစ်များ၊ ကြွက်သားများနှင့် အရွတ်များပေါ်ရှိ ယိုယွင်းပျက်စီးမှုများကို လျှော့ချပေးခြင်း
- နောက်ကျော၊ တင်ပဆုံ၊ လည်ပင်း၊ ခြေထောက်နာခြင်းတို့ကို ကာကွယ်ပေးခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်း
- ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးခြင်း
- သင်ရဲ့ဟန်ချက်နှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးခြင်း တို့ပဲဖြစ်ပါတယ်။

မှန်ကန်တဲ့ နည်းစနစ်နဲ့ ကိုယ်ဟန်အနေအထားနဲ့ လမ်းလျှောက်ရတာ မခက်ပါဘူး။ ဒါပေမယ့် သင်ဘယ်လိုလှုပ်ရှားနေလဲဆိုတာ သတိထားဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုကိုယ်ဟန်အနေအထားနဲ့ လျှောက်သင့်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
လမ်းလျှောက်ခြင်းအတွက် အကြံပြုချက်များ
လမ်းလျှောက်ခြင်းဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံးနှင့် သက်ဆိုင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ မှန်ကန်စွာလမ်းလျှောက်နည်းကို အပြည့်အဝနားလည်ရန်၊ ခေါင်းမှ ခြေဖျားအထိ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကို အာရုံစိုက်ရန် ကူညီပေးပါတယ်။
သင့်ခေါင်းကိုမော့ထားပါ။

သင်လမ်းလျှောက်နေချိန်တွင် သင့်မေးစေ့ကို မြေပြင်နှင့်အပြိုင် ထားနိုင်ရန် အာရုံစိုက်ပါ။ မျက်နှာကျက်မှာ ချိတ်ထားတဲ့ မမြင်ရတဲ့ ကြိုးတစ်ချောင်းက သင့်ခေါင်းကို ညင်သာစွာ ဆွဲတင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ဒီနည်းလမ်းဟာ သင်လမ်းလျှောက်နေချိန်မှာ သင့်ခေါင်းကို ရင်ဘတ်ထဲသို့ မချမိစေရန် ကူညီပေးနိုင်ပါတယ်။ မျက်လုံးကို ထိန်းပြီး ရှေ့ကို စိုက်ကြည့်ပါ။ သင်လမ်းလျှောက်နေစဉ် သင့်ရှေ့ 10 ပေမှ 20 ပေခန့်ရှိတဲ့နေရာကို အာရုံစိုက်ပါ။
သင့်ကျောကို မတ်ေအာင်ထားပါ။

လမ်းလျှောက်နေစဉ်တွင် သင့်ကျောရိုးကို ဖြောင့်ဖြောင့်ထားနိုင်ရန် အာရုံစိုက်ပါ။ သင့်နောက်ကျောကြွက်သားများကို ဖိစီးစေနိုင်တဲ့ ငုံ့ငိုက်ခြင်း၊ ကွေးညွှတ်ခြင်း သို့မဟုတ် ရှေ့သို့ စောင်းခြင်းတို့ကို ရှောင်ကြဉ်ရန် ကြိုးစားပါ။
သင့်ရဲ့ပခုံးကို အောက်ချပြီးနောက်သို့ထားပါ။

သင့်ရဲ့ပခုံးများဟာ လမ်းလျှောက်ပုံနှင့် နည်းစနစ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ သင့်ပခုံးများ တင်းမာနေပါက သို့မဟုတ် ရှေ့သို့ ကွေးနေပါက ပခုံး၊ လည်ပင်းနှင့် နောက်ကျောအပေါ်ပိုင်းရှိ ကြွက်သားများနှင့် အဆစ်များကို တင်းမာစေနိုင်ပါတယ်။ သင့်ပခုံးတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ အနေအထားမှာ ရှိနေစေဖို့အတွက် သင်လမ်းလျှောက်နေချိန်မှာ ရံဖန်ရံခါ ပခုံးကို တွန့်ပြနိုင်ပါတယ်။ ပခုံးတွန့်တဲ့နည်းကိုအသုံးပြုခြင်းဟာ တင်းကျပ်ခြင်း သို့မဟုတ် တင်းမာမှုကို သက်သာစေပြီး သင့်လက်များကို လွယ်ကူစွာ ရွှေ့နိုင်စေမယ့် သဘာဝအနေအထားတွင် သင့်ပခုံးများကို ထားပေးပါ။
သင်ရဲ့အဓိက ကြွက်သားေနရာကုိ ချိတ်ဆက်ပါ။

လမ်းလျှောက်တဲ့အခါ သင့်အဓိက ကြွက်သားတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး သင့်ကို ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်အောင် ကူညီပေးပါတယ်။ ခြေလှမ်းတစ်လှမ်းစီတိုင်းတွင် သင့်ရဲ့ချက်ကို ကျောရိုးဆီရောက်အောင် အထဲကို ဆွဲသွင်းခြင်းဖြင့် သင့်ရဲ့ ဗိုက်ကြွက်သားကို ချိတ်ဆက်ဖို့နဲ့ တင်းကျပ်စေဖုိ့ အာရုံစိုက်ပါ။ ဒီနည်းလမ်းဟာ သင့်ကို ဟန်ချက်ညီစေပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်ရင်းနဲ့ သင့်ကျောပေါ်ရှိ ဖိအားတွေကိုလည်း သက်သာစေနိုင်ပါတယ်။
သင်ရဲ့လက်များကိုလွှဲပါ။

လမ်းလျှောက်တဲ့အခါ လက်နှစ်ဖက်ကို နောက်ပြန်လှည့်ပြီး ညင်သာစွာ လွှဲပါ။ သင့်လက်များကို သင့်တံတောင်ဆစ်မှမဟုတ်ဘဲ ပခုံးများမှလွှဲကြောင်း သေချာပါစေ။ သင့်လက်များကို သင့်ခန္ဓာကိုယ်အနှံ့ မလွှဲပါနှင့်။ သင့်ရဲ့လက်များကို အမြင့်သို့မရွှေ့ပါနှင့်။
ခြေဖနောင့်မှ ခြေဖျားအထိ လျှောက်ပါ။

တည်ငြိမ်တဲ့ ခြေဖနောင့်မှ ခြေဖျားအထိ လျှောက်လှမ်းပါ။ ခြေလှန်းမဖြောင့်တဲ့ ခြေလှမ်းများကို ရှောင်ပါ သို့မဟုတ် သင့်ခြေချောင်းများနှင့် မြေပြင်ကို ဦးစွာတိုက်ခြင်းမှ ရှောင်ကြဉ်ပါ။ တစ်နည်းအားဖြင့် ခြေထောက်တစ်ခုလုံး မြေပြင်ကို တပြိုင်နက် ချခြင်းဖြင့် လျှောက်ပါ။
ဒီလိုနည်းလမ်းဖြင့် သင်ဟာ ဆရာကြီးတစ်ယောက်လို လမ်းလျှောက်နိုင်ပါပြီ။