Mask တပ်ဖို့ မလိုအပ်တော့တာကြောင့် နားရွက်ကို ဖြတ်ထုတ်ခဲ့တဲ့ နတ်ဆိုးလူသား
mmload.com
|
2022-04-18

အလွန်အမင်းခန္ဓာကိုယ်ပြုပြင်ထားပြီး ပရိသတ်များစွာကုိပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ Covid-19 နဲ့ပတ်သက်ပြီး မျက်နှာဖုံးမတပ်ရတော့တာကို ဂုဏ်ပြုရန်အတွက် နားရွက်ဖြတ်ခဲ့ပါတယ်။ Michel Faro Praddo ဟာ အမြဲဒီလိုမျိုးတွေ ပြုနေတက်သူဖြစ်ပါတယ်။


သူ့ကို ' နတ်ဆိုး ' လို့လည်းသိကြပြီး ' လူသားစေတန် ' လို့လည်း သိရှိထားကြပါတယ်။ Praddo ဟာ ခန္ဓာကိုယ်ရဲ့ 85 ရာခိုင်နှုန်းဝန်းကျင်ကုိ တက်တူးများဖြင့် ဖုံးလွှမ်းထားပြီး သူ့ရဲ့အသွင်အပြင်ကို ပြောင်းလဲရန် အကြိမ် ၆၀ ကျော်ပြုလုပ်ထားပါသေးတယ်။ ဂြိုလ်သားတစ်ယောက်နဲ့တူရန် လက်ချောင်းတစ်ချောင်းကိုပါဖြတ်ထားပါသေးတယ်။


ဒါ့အပြင် သူ့ခေါင်းမှာဆိုရင်လည်း ချိုတွေ စိုက်ထားပြီး ချက်ကိုလည်း ဖြုတ်ထားကာ နှာခေါင်းကိုလည်း ဖြတ်ထားပါသေးတယ်။ အဲ့အပြင် သူရဲ့နောက်ဆုံး ဖြတ်ထုတ်မှုမှာ နားရွက်များသာဖြစ်ပါတယ်။ ခုလိုဖြတ်ရခြင်းမှာ Mask တပ်ဖို့ မလိုတော့တာကြောင့် ဖြတ်ထုတ်ရခြင်းသာဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။


ဘရာဇီးလ်နိုင်ငံ Praia Grande မြို့မှာ နေထိုင်တဲ့ Praddo ကို 'Diabao' လို့ အင်တာနက်မှာ လူသိများပြီး နတ်ဆိုးလို့ အဓိပ္ပာယ်ရပေမယ့် မီဒီယာမှာတော့ 'Human Satan' လို့ခေါ်ပါတယ်။ သူဟာ သူ့ရဲ့ဇနီး Carol Praddo နှင့်အတူ နေထိုင်ပြီး သူမကိုယ်တိုင်လည်း တက်တူးထိုးခြင်းနှင့် ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းကို နှစ်သက်ပါတယ်။


သူမကိုလည်း 'Mulher Demonia' သို့မဟုတ် 'Demon Woman' လို့ နာမည်ပြောင်ပေးခဲ့ပါတယ်။ သူတို့စုံတွဲဟာ အခုဆို ဆယ်စုနှစ်တစ်ခုလောက် လက်တွဲလာခဲ့ပြီး လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူတို့ရဲ့ ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို စတင်ခဲ့ကြပါတယ်။


သူတို့နှစ်ယောက်ပုံတွေကနေ မြင်ရတဲ့အတိုင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်တဲ့ပုံပါပဲ။ Michel ဟာ သူ့ရဲ့လက်ချောင်းတွေကို ဂြိုလ်သားတစ်ယောက်လို ပိုမြင်လာစေဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ သူ့ရဲ့လက်ချောင်းတွေကို ဖြတ်တောက်ပစ်ခဲ့တာဖြစ်ပါတယ်။


ခုဆိုရင်လည်း သူ့ရဲ့ နားရွက်ကို ဖြတ်ထုတ်ခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်း ပို့စ်တစ်ခုတွင် သူက "ကျွန်တော်လုပ်ခဲ့တဲ့ ပြုပြင်မွမ်းမံမှုအတွက် ကျွန်တော် အလွန်ကို ပီတိဖြစ်မိပါတယ်။" Praddo က သူ ဒါကို လုပ်ချင်နေတာကြာပြီ၊ ဒါပေမယ့် မျက်နှာဖုံးချိတ်ဖို့ သူ့နားရွက်ကို လိုအပ်တာကြောင့် မဖြတ်သေးပဲနေခဲ့တာဖြစ်ပါတယ်။ Instagram မှာ Follower 95,000 နီးပါးရှိတဲ့ မက္ကဆီကိုကိုယ်ထည်ပြုပြင်မွမ်းမံသူ 'Gattoo Moreno' က ဒီခွဲစိတ်မှုကို လုပ်ဆောင်ခဲ့တာပါ။


နတ်ဆိုးဟုခေါ်ဆို‌ေပမယ့်လည်း ပရက်ဒိုဟာ ဘုရားသခင်ကို ယုံကြည်သည်ဟု ယခင်ကလည်း ပြောဖူးပါတယ်။ သူက “ဘုရားသခင်ကို တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာနှင့် ဘဝတစ်ခုလုံးကို ပြုစုပျိုးထောင်ပေးတဲ့ အမျိုးမျိုးသော ဂုဏ်တော်များအဖြစ် ဘုရားသခင်ကို ကျွန်တော်ယုံကြည်ပါသည်။ " လို့ပြောခဲ့ဖူးပါတယ်။


#ခန္ဓာကိုယ်
#တက်တူး
#မျက်နှာ
#ပရိသတ်
#Mi

Some text some message..