အမေရိကန်မှ လေဘာတီရုပ်တု အကြောင်းသိကောင်းစရာ
mmload.com
|
2022-04-18

လေဘာတီရုပ်တုဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ လေဘာတီကျွန်းပေါ်မှာ တည်ဆောက်ထားပါတယ်။

လေဘာတီရုပ်တုဟာ ကြေးနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ပြင်သစ်ပြည်သူတွေ မှ အမေရိကန်ပြည်သူတွေကို လက်ဆောင်ပေးတဲ့ အနေနဲ့ တည်ဆောက်ထားတာပါ။ ပြင်သစ် ပန်းပုပညာရှင် Auguste Bartholdi က ဒီဇိုင်းဆွဲပြီး Gustave Eiffel ကတည်ဆောက်ခဲ့ပါတယ်။


လေဘာတီရုပ်တုဟာ ရောမနတ်ဘုရားမ Libertas ကိုကိုယ်စားပြုပါတယ်။ သူမရဲ့ ညာဘက်လက်မှာ မီးတိုင်ကို ကိုင်ဆောင်ထားပြီး သူမရဲ့ ဘယ်ဘက်လက်မှာတော့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြေညာ တဲ့နေ့စွဲ ဖြစ်တဲ့ ဂျူလိုင်လ ၄ ရက်၊ ၁၇၇၆ ခုနှစ် ကို ရောမအက္ခရာ နဲ့ ရေးသားထားတဲ့ “JULY IV MDCCLXXVI” ကို ထွင်းထုထားပါတယ်။


သူမ ရဲ့ ခြေထောက်မှာ ချိန်းကြိုးအပျက် ရှိနေပါတယ်။ ဒီရုပ်တုဟာ အမေရိကန် နိုင်ငံ ရဲ့ လွတ်မြောက်ရေး သင်္ကေတ ဖြစ်လာခဲ့ပါတယ်။


၁၉၈၄ ခုနှစ်မှာတော့ လေဘာတီရုပ်တုဟာ ယူနက်စကို ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။


ယူနက်စကို ရဲ့ လေဘာတီရုပ်တုကို ဖော်ပြချက်မှာ “လေဘာတီရုပ်တုဟာ လက်ရာမြောက်ရုပ်တု ဖြစ်ပြီး လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျေးကျွန်စနစ်ဖျက်သိမ်းခြင်း၊ ဒီမိုကရေစီ နဲ့ အခွင့်အလမ်းတွေ ကို ဖော်ညွှန်းပါတယ်” လို့ဖော်ပြထားပါတယ်။


#နယူးယောက်
#အမေရိကန်
#လက်ဆောင်
#ယောက်မ
#နိုင်ငံ

Some text some message..