
ကမ္ဘာ့ထိပ်တန်းနာရီကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Rolexဟာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိလာပြီဖြစ်တဲ့ ဒီ Rolex တံဆိပ်ဟာ အသိအမှတ်ပြုခံရသော ကမ္ဘာပေါ်ရှိဇိမ်ခံနာရီများထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်တိုင်တိုင်ကြာခဲ့ပြီဖြစ်ပါတယ်။
ဒီသက်တမ်းရင့် နာရီကုမ္ပဏီကြီးရဲ့ဖြတ်သန်းလာတဲ့နှစ်တစ်လျှောက် Rolex ဆိုတဲ့နာမည်နောက်ကွယ်မှာ တံဆိပ်တစ်ခုအနေနဲ့ အားကစား၊ ရုပ်ရှင်နှင့် အခြားသောနယ်ပယ်တွေမှာ ဘယ်လိုသြဇာသက်ရောက်မှုအားကောင်းခဲ့သလဲဆိုတဲ့အချက်တွေကို ဗဟုသုတရဖွယ် ပြန်လည်တင်ပြလိုက်ပါတယ်။

1. ကမ္ဘာ့ပထမဆုံးရေစိုခံနာရီကို Rolex ကပဲစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။
၁၉၂၆ မှာ တံဆိပ်အတွက်ရော၊ ကမ္ဘာအတွက်ပါ ပထမဆုံး ရေစိုခံနှင့် ဖုန်ဒဏ်ခံလက်ပတ်နာရီ Rolex Oyster ကို စတင်ဖန်တီးခဲ့ပါတယ်။ နာရီရဲ့ရေစိုခံနိုင်မှုကို စမ်းသပ်ရန်အလို့ငှာ အမျိုးသမီးရေကူးသမား Mercedes Gleitze က ၁၀ နာရီကျော်ကြာကူးခတ်ရသည် English Channel ကူးခတ်စွန့်စားမှုခရီးစဉ်တွင် ဝတ်ဆင်သွားခဲ့ပါတယ်။ သူမဟာ English Channel မှာ ပထမဆုံးရေကူးနိုင်ခဲ့တဲ့ အမျိုးသမီးရေကူးသမားတစ်ယောက်ဖြစ်ပါတယ်)။ ကူးခတ်မှုအပြီးမှာတော့ နာရီဟာ မူလပကတိအကောင်းအတိုင်းလုပ်ဆောင်မြဲရှိခဲ့တာကြောင့် တံဆိပ်ရဲ့ရေစိုခံနိုင်ခြင်းဆိုင်ရာ အောင်မြင်မှုအကြောင်းအရာနှင့် ဂုဏ်သိက္ခာစတင်ခဲ့ပါတယ်။

2. Rolex ဟာ အချိန်ယန္တယားကြီးရဲ့ ပြယုဂ်ဖြစ်ပြီး နာရီတိုင်းရဲ့ရှေ့ဆောင်ကောင်းတစ်ခုပါ။
သူ့ရဲ့တိကျပြတ်သားတဲ့အချိန်ဖော်ပြနိုင်မှု၊ အချိန်ကာလတစ်ခုကြာသည့်တိုင် မပြောင်းလဲပဲ မှန်ကန်တဲ့အချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်းတွေက Rolex ရဲ့အချိန်နဲ့အတူ သက်သေပြခဲ့တဲ့ ဂုဏ်ပုဒ်များဖြစ်ပါတယ်။
တီထွင်ဆန်းသစ်မှုများအနေဖြင့် နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ၁၉၄၅ တွင် Oyster Perpetual Datejust နာရီဒိုင်ခွက်၏ ၃ နာရီလက်တံတွင် ရက်စွဲပြကွက်ကို ထည့်သွင်းလိုက်ခြင်းဖြင့်လည်းကောင်း၊ တံဆိပ်ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်နာရီ Oyster Perpetual Explorer ကို Everest တောင်ထိပ်သို့ပထမဆုံးတက်ရောက်ခဲ့အပြီး မည်သည့်အချိန်အခါတွင်မဆို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်သည် နာရီဒိုင်ခွက်ကို စမ်းသပ်နိုင်ခဲ့ကာ ၁၉၅၃ တွင်စတင်ထုတ်လုပ်ခဲ့ပါတယ်။

3. Rolex ဟာ နာရီဆိုတာထက်ပိုပါတယ်။
Rolex က သူတို့ရဲ့နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပရိုဂရမ်ဆုဖြစ်တဲ့ The Rolex Awards for Enterprise ကို 1976 ခုနှစ်ကတည်းကစတင်ပေးအပ်ခဲ့ပါတယ်။ လူသားတစ်ဦးချင်းစီရဲ့ ကမ္ဘာကြီးအပေါ်ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်ကို ချီးမြောက်ခြင်းအားဖြင့် Rolex ဟာ the Rolex Awards for Enterprise ဆုကို ၁၉၇၆ ခုနှစ်ကတည်းက ပေးအပ်ခဲ့တာ ခုဖြစ်ပါတယ်။

4. Rolex ဟာ ကမ္ဘာ့ထိပ်ဆုံးနဲ့ အနက်ရှိုင်းဆုံးနေရာအထိပါရောက်အောက်သွားနိုင်ခဲ့ပါတယ်။
၁၉၅၃ မှာ Oyster Perpetual က Mount Everest ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ၁၉၆၀ မှာတော့ ကမ္ဘာ့အနိမ့်ဆုံးနေရာဖြစ်တဲ့ ပစိဖိတ်ပင်လယ်အတွင်းရှိ Mariana Trench ၏အနက်ပေ တစ်သောင်းကိုးရာတစ်ဆယ့်ခြောက်မီတာအထိ ရောက်ရှိခဲ့ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နာရီဆက်လက်လုပ်ဆောင်နို်င်ဖို့အတွက် ဓါတ်ခွဲခန်းတွေမှာ ပြင်းပြင်းထန်ထန် စမ်းသပ်တီထွင်ခဲ့တယ်ဆိုတာကတော့ ပြောစရာလိုလောက်မယ်မထင်ပါဘူး။