
သူ့ရဲ့ တက်တူးအများအပြားကြောင့် 'ကမ္ဘာ့ကြောက်စရာအကောင်းဆုံးဆရာ' လို့ အမည်ပေးခံထားရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို ပေါင် 52,000 သုံးစွဲခဲ့ပြီး တက်တူးတွေကြောင့် သင်ကြားမှုမှ ဖယ်ရှားခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Sylvain Helaine ဟာ သူ့ရဲ့ ဇာတိပြင်သစ်နှင့် လန်ဒန်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ အချိန်ကာလတစ်ခုအတွင်း ဆရာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ေပမယ့်လည်း သူငယ်တန်းအရွယ်ကလေးငယ်များအား အိပ်မက်ဆိုးတစ်ခုရစေပြီးနောက်တွင် သူငယ်တန်းအရွယ်ကလေးများကို ထပ်မံသင်ကြားခွင့်မပေးတော့ကြောင်း ပြောပြခဲ့ပါတယ်။ မော်ဒယ်အဖြစ်လည်း လုပ်နေတဲ့ Helaine ဟာ မှင်နဲ့ ခေါင်းအစခြေအဆုံး ဖုံးလွှမ်းထားပြီး မျက်လုံးတွေတောင် မည်းသွားပါပြီ။

Helaine ဟာ သူရဲ့မျက်လုံးများကို လုံးဝမည်းသွားစေရန် မှင်ဖြင့် ထိုးသွင်းဖို့ ဆွစ်ဇာလန်ကုိသွားခဲ့ကပုံကိုလည်း ရှင်းပြခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒါဟာ တော်တော်ကြောက်စရာကောင်းတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလိုပါပဲ။ 2020 ခုနှစ် This Morning တွင် သူပေါ်လာတဲ့အခါ "မင်းမှာ လူတစ်ယောက်က မင်းကို ကိုင်ထားပြီး တစ်ယောက်က ပြွတ်တစ်ချောင်းနဲ့ လာလာပြီး မင်းမျက်လုံးထဲကို တည့်တည့်ထည့်လိုက်တာ။ "ဒါက နှိပ်စက်သလိုပါပဲ။

နာကျင်ရတဲ့အတွက် ပြုလုပ်ဖို့ ဘယ်သူ့ကိုမှ အကြံပေးမှာ မဟုတ်ပါဘူး၊ ရက်အနည်းငယ်ေလာက် သင်ဟာ ဘာတစ်ခုကိုမှ မြင်ရနိုင်မှာမပါဟုတ်ဘူး။ သင့်အနေနဲ့ တော်တော် အမြင်အာရုံ ဆုံးရှုံးသွားလိမ့်မယ် လို့ ခံစားရပါလိမ့်မယ်၊ တကယ်တော့ လူတော်တော်များများလည်း ဒီလိုလုပ်တာကြောင့် အမြင်အာရုံ ဆုံးရှုံးသွားပြီ။ ဒါကြောင့် မလုပ်ပါနဲ့။"

သို့သော် 'Freaky Hoody' လို့လူသိများပြီး Instagram တွင် Follower 91,000 ရှိတဲ့ မူလတန်းကျောင်းဆရာဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြင်သစ်ကျောင်းတာဝန်ရှိသူများက သူ့ကိုစာမသင်နိုင်ကြောင်း ပြောကြားခဲ့ေပမယ့်လည်း သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝတွင် ကလေးငယ်များအား ကူညီလိုကြောင်း ပြောကြားခဲ့ပါတယ်။ Sylvain ရဲ့ အဆိုအရ သူဆီ တက်လာတဲ့ Complaint ဟာ ၃ နှစ်အရွယ်ကလေးတစ်ယောက် မိဘဆိကနေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ကလေးကို သူသင်တောင်မသင်ဖူးပါဘူး။ သူက ဆက်လက်ပြီး “ကျွန်ေတာ်ရဲ့ အသွင်အပြင်က နေ့စဉ်နဲ့အမျှ အတားအဆီးတော့ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်ေတာ်က ဆရာကောင်းတစ်ယောက်လို့ ကျွန်ေတာ်ထင်ပြီး အလုပ်မှာ အကောင်းဆုံးကြိုးစားပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပါတယ်။

“ဒါဟာ လူတချို့အတွက် ပြဿနာတစ်ခုပါ၊ ဒါပေမယ့် ရှားပါတယ်၊ ဒါဟာ 1,000 မှာ မိဘတစ်ယောက်ပဲဖြစ်ပြီး သူတို့က အတန်းထဲက ကလေးတွေရဲ့ မိဘတော့မဟုတ်ပါဘူး။ ကျွန်တော့် အတန်းထဲမှာရှိတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့အတူ အရာအားလုံးက အဆင်ပြေပါတယ်။ ထိုအချိန်တွင် ဒေသဆိုင်ရာအာဏာပိုင်များရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Sylvain ဟာ သူ့အား အသက်ကြီးတဲ့ အတန်းကိုသင်ကြားရန် Sylvain နှင့် သဘောတူညီမှုရရှိခဲ့ပြီး - ခြောက်နှစ်အောက်ကျောင်းသားများဟာ 'သူရဲ့အသွင်အပြင်ကြောင့်ကြောက်ရွံခြင်းဖြစ်နိုင်တယ်' လို့ ပြောထားသောကြောင့် ဖြစ်ပါတယ်။