
၁၉၄၂ ၊ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း ပိုလန်နိုင်ငံမှာ ဂျာမနီခေါင်းဆောင် ဟစ်တလာရဲ့ အမိန့်ဖြင့် နာဇီဂျာမနီ၏ ချွေး တပ်စခန်းမှာ ဂျူးလူမျိုး ၆ သန်းခန့်ကို အဆိပ်ငွေ့ဖြင့် စနစ်တကျ သတ်ဖြတ်ခဲ့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ကတော့ ယနေ့အချိန်ထိ သမိုင်းမှတ်တမ်းမှာ ထင်ကျန်ခဲ့ပါတယ်။

1939 ခုနှစ် စက်တင်ဘာလမှာ ဂျာမနီဟာ ပိုလန်ကို ကျူးကျော်လာခဲ့ပြီးနောက် စစ်အစိုးရက ဂျူးလူမျိုးများကို ခွဲခြားသတ်မှတ်ဖို့အတွက် ဂူသွင်းနေရာများကို တည်ဆောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျာမန်တို့က ဥရောပတစ်ခွင်ကို သိမ်းပိုက်ခဲ့ပြီး ထောင်နှင့်ချီတဲ့ စခန်းများနှင့် အခြားသော ထိန်းသိမ်းရေးစခန်းများကို တည်ထောင်နိုင်ပါတယ်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလမှာ ဘာလင်မြို့Wannsee ညီလာခံမှာ အစိုးရအကြီးတန်းအရာရှိများက နာဇီများရဲ့ သုတ်သင်ရှင်းလင်းရေးမူဝါဒတွင် ဂျူးလူမျိုးခွဲခြားမှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါတယ်။

၁၉၄၃ ခုနှစ် နွေရာသီမှာ ဟစ်တလာရဲ့ အမိန့်ဖြင့် ဂျာမနီစစ်တပ်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Einsatzgruppen အဖွဲ့ဟာ ဂျူးလူမျိုး ၁.၅ သန်းခန့်ကို အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများစွာကို လုပ်ဆောင်ခဲ့ပြီး သတ်ဖြတ်ခဲ့ကြပါတယ်။

ါ့အပြင် ၁၉၄၂ ခုနှစ်မှာလည်း အချို့ကို ဓာတ်ဆီလူးသတ်ခြင်း၊ အစာအငတ်ထားပြီး အလုပ်ကြမ်းများ ခိုင်းစေခြင်း၊ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခြင်းများအပြင် အခြားနည်းလမ်းမျိုးစုံဖြင့် သေဆုံးစေတဲ့အထိ စခန်းများမှာ သုတ်သင်ရှင်းလင်းခဲ့ကြပါတယ်။ အဆိုပါ သတ်ဖြတ်မှုကို ၁၉၄၅ ခုနှစ် မေလတွင် ဥေရာပမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပရှိ ဂျူးလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ပိုလန်နိုင်ငံ ၊ အော့ဇ်ဝစစ် အကျဉ်းစခန်းမှ သန်းပေါင်းများစွာ သေဆုံးသွားတဲ့ ဂျူးလူမျိုးတို့ ဖိနပ် နဲ့ သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြတိုက်မှာ ယနေ့အချိန်ထိ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။