
နယူတန်းကို အများအားဖြင့် ကမ္ဘာ့မြေဆွဲငင်အားကို တွေ့ရှိခဲ့သူအဖြစ် သိရှိကြပါတယ်။ တခြားလူမသိသေးတဲ့ ရှာဖွေတွေ့ရှိမှုတွေကတော့ သက်တံအရောင်နဲ့ Calculus အပြင်များစွာကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။ ခုဖော်ပြမှာကတော့ သူရှာဖွေတွေ့ရှိခဲ့တဲ့ အရောင် သီအိုရီပဲဖြစ်ပါတယ်။ ယနေ့ခေတ် အလင်းနှင့် အရောင်ဆိုင်ရာ ခေတ်မီနားလည်မှုမှာ Isaac Newton (1642-1726) နှင့် 1672 ခုနှစ်တွင် သူထုတ်ဝေခဲ့တဲ့ စမ်းသပ်မှုအစီအစဉ်များဖြင့် စတင်ခဲ့ပါတယ်။ နယူတန်ဟာ သက်တံကို ပထမဆုံးနားလည်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အဖြူရောင်အလင်းကို သုံးမြှောင့်ဖန်တုံးဖြင့် အလင်းပြန်စေပြီးနောက် အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင် ဆိုပြီး အရောင်တွေကို ခွဲခြားခဲ့ပါတယ်။

1660 ခုနှစ်နှောင်းပိုင်းတွင် နယူတန်ဟာ သူ့ရဲ့ အရောင်များကို စတင်စမ်းသပ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက လူတွေဟာ အရောင်ဆိုတာ အလင်းနဲ့အမှောင် ရောခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး သုံးမြှောင့်ဖန်တုံးက အလင်းကို အရောင်ပေါ်စေတယ်လို့ ထင်ခဲ့ကြပါတယ်။ Hook ဟာ ဒီအရောင်သီအိုရီကို ထောက်ခံသူဖြစ်ပါတယ်။

သူ့အနေနဲ့ တောက်ပတဲ့အနီရောင်ဟာ အရမ်းကို သန့်စင်တဲ့အဖြူရောင်အလင်းမှ အမှောင် အနည်းငယ်စပ်မိပြီးနောက် ဖြစ်ပေါ်လာတဲ့အရောင်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ နယူတန်အနေနဲ့တော့ ဒီသီအိုရီဟာ မှားယွင်းကြောင်း သဘောပေါက်ခဲ့ပါတယ်။ အလင်းဟာ ညာဘက်ထိပ်မှ သုံးမြှောင့်ဖန်တုံး အတွင်းသို့ ဝင်ရောက်ကာ မှန်ဖြင့် အလင်းပြန်ပါတယ်။ ခရမ်းရောင်ဟာ အဝါရောင်နှင့် အနီရောင်ထက် ပိုကွေးတာကြောင့် အရောင်များဟာ ကွဲပြားသွားပါတယ်။

နယူတန်ဟာ သူရဲ့ပြတင်းပေါက်အနီးတွင် သုံးမြှောင့်ဖန်တုံးတစ်ခုကို တပ်ဆင်ကာ လှပတဲ့ ရောင်စဉ်တန်းတစ်ခုကို ၂၂ ပေအကွာအဝေးရှိ နံရံပေါ်မှာ ပုံဖော်ခဲ့ပါတယ်။ နောက်ထပ် ပရစ်ဇမ် (သုံးမြှောင့်ဖန်တုံး) ဟာ အလင်းကို အရောင်ခြယ်ခြင်းမဟုတ်ကြောင်း သက်သေပြရန် သူဟာ အလင်းကို တညီတညွတ်တည်း အလင်းပြန်စေပါတယ်။ အလင်းဟာ အရောင်အတွက်သာ တာဝန်ရှိသည်ဟူသော နယူတန်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သရုပ်ပြမှုကို ပညာရှင်များက သဘောကျခဲ့ကြပါတယ်။

အဲ့ကနေစပြီးသူဟာ အရောင်စက်ဝိုင်းပုံကိုဖန်တီးခဲ့ပါတယ်။ ဒီစက်ဝိုင်းပုံဟာ 18 နှင့် 19 ရာစုနှစ်များစွာရဲ့ အရောင်စနစ်များအတွက် စံပြဖြစ်လာခဲ့ပါတယ်။ Claude Boutet ဆိုတဲ့ ပန်းချီဆရာရဲ့ ၁၇၀၈ ခုနှစ် စက်ဝိုင်းဟာ နယူတန်ရဲ့ စက်ဝိုင်းကို အခြေပြုတဲ့ ပထမဆုံးစက်ဝိုင်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ အရောင်တွေဟာ တဖြည်းဖြည်းနဲ့ စုံလာခဲ့ပြီး လူတွေဟာ အရောင်တွေကို နားလည်လာခဲ့ပါတယ်။