
အချိန်နဲ့ပတ်သတ်ပြီး နပိုလီယံ ဆိုတာ အမှန်တကယ် ဆိုရေးရှိတဲ့သူတစ်ယောက်ပါ။နပိုလီယံကို သိရင်သိမယ် အောက်ကအချက်တွေကိုတော့သိဖို့ခက်လောက်ပါတယ်။ဒါကြောင့် သင်မသိသေးတဲ့စိတ်ဝင်စားဖွယ်ပြင်သစ်စစ်ဘုရင်နပိုလီယံအကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။

ဂီတသံစဉ်အနိမ့်အမြင့် မရှိတဲ့နပိုလီယံ
နပိုုလီယံရဲ့အစေအပါးတစ်ဦးဖြစ်တဲ့လူးဝစ်ပြောဆိုချက်အရစစ်ဘုရင်ကြီးဟာဆိုရင်တစ်စုံတစ်ရာကိုစဉ်းစားနေချိန်မှာသီချင်းညည်းတတ်ပါတယ်။တစ်ခါတစ်ရံသံစဉ်မညီပဲစာကြောင်းတစ်ကြောင်းကိုထပ်ခါတစ်လဲလဲဆယ့်ငါးမိနစ်လောက်ဆိုနေတတ်တယ်။သူငယ်ချင်းဖြစ်သူဘတ်စ်ဆီကတော့နပိုလီယံတွင်ဂီတပါရမီမရှိကြောင်းနဲ့မည်သည့်သံစဉ်နှင့်ဆိုနေကြောင်းမခွဲခြားနိုင်ကြောင်းမှတ်ချက်ပေးခဲ့တယ်။

နွယ်ချိုဝါးရတာ ကြိုက်နှစ်သက်
နပိုလီယံမှာနွယ်ချိုကိုဝါးနေတတ်တဲ့အကျင့်ရှိတယ်။ဒါကြောင့်သူ့ဝတ်စကုတ်ထဲမှာအမြဲတမ်းနွယ်ချိုကိုဆောင်ထားတတ်ပါတယ်။ဗိုလ်ချုပ်ဟန်ရီရဲ့သမီးဖြစ်တဲ့သူ့မိန်းမရဲ့အဆိုအရနပိုလီယံဟာသေခါနီးမှာတောင်နွယ်ချိုကိုရေနဲ့ရောပြီးတိုက်ဖို့တောင်းဆိုခဲ့ဖူးပါတယ်။

ဖဲလိမ်ရိုက်တာဝါသနာပါတဲ့နပိုလီယံ
ရှူဗူးဆောင်ရတာကိုနှစ်သက်
မိနစ်တိုင်းမှာ ရှူဗူးရှူတတ်တဲ့အကျင့်ရှိပါတယ်။ပြီးတော့ ရှူဗူးကိုကုန်သည်အထိရှူတတ်ပါတယ်။
အထူးသဖြင့်တော့သူတစ်ကိုယ်တည်းစကားပြောတဲ့အခါမှာကုန်နေတဲ့ရှူဗူးထဲကိုလက်နိုက်ပြီးနှာခေါင်းထဲသို့ထိုးထည့်တတ်ပါတယ်။

ရေနွေးနဲ့ရေအကြာကြီးချိုးရတာကိုကြိုက်နှစ်သက်
သူရေချိုးတဲ့အခါမှာနှစ်နာရီလောက်ကြာတတ်ပြီးတော့အပြင်ကနေသူ့ကိုဂျာနယ်ဖတ်ပြရပါတယ်။
ရေချိုးနေစဉ်ရေအပူအချိန်ကိုလည်းအဆက်မပြတ်မြင့်တင်တတ်ပြီးတစ်ခန်းလုံးရေနွေးငွေ့နဲ့ ပြည့်နေအောင်ထားတတ်ပါတယ်။

အယူသည်းတဲ့နပိုလီယံ
အတိတ်နိမိတ်၊မကောင်းဆိုးဝါးတွေနဲ့ကံတရားတွေပေါ်မှာနပိုလီယံအယုံအကြည်ရှိပါတယ်။သောကြာနေ့ကိုသူ့အတွက်ပြဿဒါးနေ့အဖြစ်ခံယူပြီးနံပါတ်က(၁၃)ကကံဆိုးမိုးမှောင်စေတဲ့နံပါတ်အဖြစ်သတ်မှတ်ထားပါတယ်။