သမိုင်းထဲက ရာဇဝင်တွင်တဲ့ အမှားများ
mmload.com
|
2022-05-07

လူတိုင်းနေ့စဥ်ဘဝမှာ အမှားမကင်းကြပါဘူး တမင်ရည်ရွယ်ပြီးလုပ်တာပဲဖြစ်ဖြစ် မတော်တဆမှားတာပဲဖြစ်ဖြစ် လူတိုင်း မှားတတ်ကြပါတယ် တချို့အမှားတွေဟာ အမှားကောင်းတွေဖြစ်ကြပေမဲ့ များသောအားဖြင့်တော့ မကောင်းတဲ့အမှားကသာ များပါတယ် ပြန်ပြင်လို့ရတဲ့ အမှားက ပြဿနာမရှိပေမဲ့ တချို့အမှားတွေက ပြန်ပြင်မရတတ်ပါဘူး လုံးဝပြင်မရတော့ပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးသက်ရောက်မူရှိတဲ့ အမှားတွေသမိုင်းမှာ ရှိဖူးခဲ့ပါတယ် ဒီလိုအမှားတွေထဲကမှ လူမျိုးနွယ်စုတစ်ခု နိုင်ငံတစ်ခု အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်စေခဲ့တဲ့ အမှားများကို ဖော်ပြပေးလိုက်ပါတယ်


1914 ခုနှစ် ပထမကမ္ဘာစစ်အတွင်းမှာ Henry Tandy ဆိုတဲ့ စစ်သားတစ်ယောက်က ပါဝင်စစ်တိုက်ခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့ စစ်အတွင်းမှာ ဒဏ်ရာရနေတဲ့ ဂျာမန်စစ်သားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး Henry ဟာ သူ့အသက်ကို မသတ်ပဲ ချမ်းသာပေးခဲ့ပါတယ် အဲ့ဒီ ဂျာမန်စစ်သားရဲ့ နာမည်ကတော့ Lance Corporal Adolf Hitler ပါ အားလုံးသိကြတဲ့အတိုင်း ပထမကမ္ဘာစစ်ကြီးအပြီး နောက်နှစ် 21 နှစ်အကြာ 1939 ခုနှစ်မှာ ဟစ်တလာရဲ့ ဦးဆောင်မူနဲ့အတူ ဂျာမနီက ပိုလန်ကို ကျူးကျော်ပြီး ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့ပါတယ်


စစ်ဘုရင် ဂျင်ဂျစ်ခန်းဟာ 1219 ခုနှစ်မှာ Khwarazm အင်ပါယာနဲ့ ကုန်သွယ်ရေးလုပ်ချင်ခဲ့တာကြောင့် သံတမန်တစ်ဦးကို စေလွှတ်ခဲ့ပါတယ် ဒါပေမဲ့ ခန်းရဲ့ သံတမန်ဟာ အသတ်ခံခဲ့ရပြီး သူနဲ့ပါလာတဲ့ ကုန်ပစ္စည်းတွေကလည်း အခိုးခံခဲ့ရတာကြောင့် ခန်းဦးဆောင်တဲ့ မွန်ဂိုတွေဟာ Khawarazm အင်ပါယာနဲ့ ကျန်သေးတဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ကျူးကျော်တိုက်ခိုက်ခဲ့ကြပါတယ် လူသန်းပေါင်းများစွာသေကြေခဲ့ရပြီး နိုင်ငံတော်တော်များများလည်း ဖျက်စီးခံခဲ့ရပါတယ်

1999 ခုနှစ်မှာ Google Founder Larry Page နဲ့ Sergey Brin တို့နှစ်ယောက်ဟာ Exite CEO George Bell ထံ Google ကို ဒေါ်လာ တစ်သန်းနဲ့‌ရောင်းဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမဲ့ Bell က ငြင်းလိုက်ပါတယ် အခုအချိန်မှာတော့ Google ရဲ့ တန်ဖိုးဟာ ဒေါ်လာ 632 Billion ဝန်းကျင်တန်ကြေးရှိနေပါပြီ 

ကိုလံဘတ်စ်ဟာ 1492 ခုနှစ်မှာ စပိန်ကနေ အနောက်ဖက်ကို ရွက်လွှင်ခဲ့ပါတယ် သူဟာ သူ့ကိုယ်သူ ဂျပန်ကနေ မိုင်ပေါင်း 3000 ဝေးနေတယ်ထင်ခဲ့ပြီး တွက်ချက်မူမှားခဲ့ပါတယ် အဲ့လိုနဲ့သူဟာ အမေရိကကို အိန္ဒိယလို့ထင်ရင်း ရွက်လွှင်ခဲ့ပြီး သေတဲ့အထိသူဟာ အာရှတိုက်ကို ‌ရောက်ခဲ့တယ်လို့ ထင်မှတ်သွားခဲ့ပါတယ် 


လူတိုင်းနေ့စဥ်ဘဝမှာ အမှားမကင်းကြပါဘူး တမင်ရည်ရွယ်ပြီးလုပ်တာပဲဖြစ်ဖြစ် မတော်တဆမှားတာပဲဖြစ်ဖြစ် လူတိုင်း မှားတတ်ကြပါတယ် တချို့အမှားတွေဟာ အမှားကောင်းတွေဖြစ်ကြပေမဲ့ များသောအားဖြင့်တော့ မကောင်းတဲ့အမှားကသာ များပါတယ် ပြန်ပြင်လို့ရတဲ့ အမှားက ပြဿနာမရှိပေမဲ့ တချို့အမှားတွေက ပြန်ပြင်မရတတ်ပါဘူး လုံးဝပြင်မရတော့ပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးသက်ရောက်မူရှိတဲ့ အမှားတွေသမိုင်းမှာ ရှိဖူးခဲ့ပါတယ် ဒီလိုအမှားတွေထဲကမှ လူမျိုးနွယ်စုတစ်ခု နိုင်ငံတစ်ခု အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်စေခဲ့တဲ့ အမှားများကို ဖော်ပြပေးလိုက်ပါတယ်

1958 ခုနှစ်မှာ တရုတ်ပြည်ဟာ အ‌ကောင်သေးသေးမွှားမွှားတွေကို အမြစ်ဖျက်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဆန်တွေနဲ့ စပါးတွေကိုစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စာကလေးတွေကို ပစ်မှတ်ထားခဲ့ကြပါတယ် လူတွေဟာ စာကလေးတွေကိုသတ် သူတို့အသိုက်တွေကိုဖျက်စီးခဲ့ကြရုံမက ငှက်တွေနားချိန်ရောက်ရင် အိုးခွက်တွေတီးပြီး နားလို့မရအောင်နှောင့်ယှက်ကြပါတယ် တစ်နှစ်အတွင်းမှာ စာကလေးပေါင်း 220000000 ကျော်ဟာ အသတ်ခံခဲ့ပြီးတော့ ငှက်တွေမရှိတော့တာကြောင့် အင်းဆက်မျိုးပွားနှုန်း မြန်ဆန်လာပြီး ကျိုင်းကောင်တွေဟာ စိုက်ခင်းတွေကို ဖျက်စီးကြပါတော့တယ် ဒီလိုနဲ့တရုတ်ဟာ သူ့သမိုင်းမှာ အကြီးမားဆုံး ငတ်မွတ်ခေါင်းပါးမူဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ် 


Ottoman လူမျိုးတွေဟာ Constantinople မြို့တော်ကို 1453 ခုနှစ်မှာ တိုက်ခိုက်ခဲ့ကြပါတယ် မြို့တော်မှာ မြင့်မားခိုင်ခံ့တဲ့ မြို့ရိုးနံရံကြီးတွေရှိတာကြောင့် သူတို့အတွက် အောင်မြင်ဖို့အခွင့်အရေးအရမ်းနည်းပါးခဲ့ပေမဲ့ မြို့တံခါးတစ်ခုကိုပိတ်ဖို့ မေ့နေခဲ့တာကြောင့် Ottoman တွေဟာ အလွယ်တကူပဲ မြို့တော်ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်

မားစ်ဂြိုလ်ကိုလှည့်ပတ်တဲ့ ဂြိုလ်တုတစ်ခုဟာ 1998 ခုနှစ်မှာ ပျက်ကျခဲ့ပြီး ဒေါ်လာ 125 သန်း အလကားဖြစ်သွားခဲ့ရပါတယ် ဒါဟာ Lockheed Martin က အသုံးပြုခဲ့တဲ့ Software တစ်ခုကြောင့်ပါ NASA က မက်ထရစ်စနစ်ကို အသုံးပြုမယ်လို့ထင်ခဲ့ပေမဲ့ company က အင်ပါရယ်စနစ်ကို အသုံးပြုခဲ့တာကြောင့်ပါ မက်ထရစ်စနစ်ကိုအသုံးပြုမယ်ဆို ဂြိုလ်တုဟာ ပျက်ကျမှာ မဟုတ်ပါဘူး


စာအုပ်တိုက် 12 ခုဟာ JK Rowling ရဲ့ Harry Potter စာအုပ်တွေကို ထုတ်ဝေဖို့ ငြင်းဆိုခဲ့ကြပါတယ် နောက်ဆုံးမှာမှ Bloomsbury ဆိုတဲ့ စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ် စာအုပ်တိုက်ဥက္ကဌရဲ့ ၈ နှစ်အရွယ်သမီးလေးကလည်း ကြိုက်ခဲ့တာကြောင့်ပါ ဒီစာအုပ်တွေကြောင့် Rowling ဟာ ‌ဒေါ်လာ 1 billion ကျော် အကျိုးအမြတ်ရရှိခဲ့ပြီး ပုံနှိပ်တိုက်ဟာလည်းအကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့ပါတယ် 

1962 ခုနှစ်မှာ Decca studio ဟာ Music Band အသစ်နှစ်ခုကို အကဲဖြတ်ခဲ့ပြီး Brian Pool And The Tremeoles ဆိုတဲ့ Band ကိုရွေးခဲ့ပါတယ် သူတို့ငြင်းလိုက်တဲ့ အဖွဲ့ရဲ့နာမည်က The Beatles ပါ

ဒါတွေကတော့ သမိုင်းထဲမှာ အမှားကြီးမှားခဲ့ကြတဲ့ ဆုံးဖြတ်ချက်တချို့တွေဖြစ်ပါတယ် ကိုယ့်ရှေ့က အခွင့်အရေးတွေကို ကောင်းကောင်းကြီး လွဲချော်ခဲ့ကြသူတွေပါ  ဒီလိုအမှားတွေလုပ်မိခဲ့ကြပြီးမကြာခင် နောင်တအကြီးအကျယ်ရနေကြမှာ အသေအချာပါပဲ


#ပြဿနာ
#အမှား
#ကမ္ဘာ
#နိုင်ငံ
#ဒေါ်လာ

Some text some message..