သဘာဝနည်းလမ်းတွေနဲ့ မှိုတက်ခြင်းကို ဖယ်ရှားမယ်
mmload.com
|
2022-05-17

အစားအသောက်၊ အရာဝတ္ထုစတဲ့အရာတွေမှာ မှိုတက်လေ့ရှိပြီး အဲ့ဒီကနေထွက်တဲ့ အမှုန်တွေက ကိုယ်ခံအားနည်းစေကာ ရောဂါအလွယ်တကူဖြစ်ပွားစေပါတယ်။ ဒါကြောင့် တက်နေတဲ့မှိုတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားသင့်ပါတယ်။

ကဲ … ဒါဆို ဘယ်လိုသဘာဝနည်းလမ်းတွေနဲ့ တက်နေတဲ မှိုတွေကို ဖယ်ရှားမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။


Vinegar

Vinegar က ၈၂ ရာခိုင်နှုန်းခန့် မှိုတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့် မှိုတက်နေတဲ့ မျက်နှာပြင်ကို Vinegar အဆီအနှစ်သုတ်လိမ်းပြီး နာရီ ပိုင်းလောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့အတူ သွားပွတ်တံဖြင့် ပွတ်တိုက်ဆေးကြောပေးပါ။


Baking soda

Vinegar ကို Baking soda နဲ့အတူ ရောစပ်ပြီး သုံးမယ်ဆိုရင် အာနိသင်ပိုမိုထိရောက်မှာပဲဖြစ်ပါတယ်။ Baking soda ကို မှိုတက်နေတဲ့နေရာမှာ ဖြူးခြင်း ဒါမှမဟုတ် Baking soda တစ်ဇွန်း နဲ့ ရေနွေး နှစ်ခွက်ကို အချိုးကျကျ ရောစပ်ပြီး ဖြန်းပေးပါ။ တစ်နာရီလောက်ကြာတဲ့အခါ သွားပွတ်တံနဲ့ ပွတ်တိုက်ပေးပြီး ဆေးကြောပေးပါ။


လီမွန်

လီမွန်ထဲမှာပါဝင်တဲ့ Acid ၅ ရာခိုင်နှုန်းက အစွန်းချွတ်ဆေးအဖြစ်လုပ်ဆောင်ပေးတဲ့အပြင် မှိုတွေကို ဖယ်ရှားတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ အဝတ်အစားမှာရှိတဲ့ မှိုတွေကိုသာမက နံရံကြွေပြားပေါ်မှာရှိတဲ့ မှိုတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့အထိ ထိရောက်မှုရှိတာပဲဖြစ်ပါတယ်။


နေရောင်

နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက မှိုတွေကို ကောင်းမွန်စွာဖယ်ရှားပေးနိုင်ပါတယ်။ မှိုတက်နေတဲ့ အဝတ်အစား၊ စာအုပ်၊ အပင်နှင့် ပရိဘောဂတွေကို နေရောင်ထဲမှာ နာရီပိုင်း ခန့်ထားပြီး နေလှန်းကာ မှိုတွေကို ဖယ်ရှားနိုင်ပါတယ်။

မှိုတက်နေတဲ့အရာတွေနဲ့ နေထိုင်ခြင်းက ကျန်းမာရေးထိခိုက်စေတာကြောင့် ခုပြောပြပေးသွားတဲ့ သဘာဝနည်းလမ်းတွေနဲ့ အလွယ်တကူ မှိုဖယ်ရှားစေချင်ပါတယ်။


#သဘာဝ
#အစားအသောက်
#အဝတ်အစား
#အရာ
#လောက

Some text some message..