သတိထားစရာ Miscro Plastic တွေရဲ့အန္တရာယ်
mmload.com
|
2022-05-31

ပလတ်စတစ်တွေဆိုတာ ၁၈၀၀ ပြည့်နှစ်လောက်ကစပြီး ခုချိန်ထိကမ္ဘာ့အနှံ့အပြားမှာ အတွင်အကျယ်အသုံးပြုနေကြတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။လူတိုင်းဟာ နေ့တိုင်းပလတ်စတစ်မသုံးလိုက်ရပဲ အိပ်သွားတဲ့နေ့ဆိုတာမရှိလောက်တဲ့ထိကို အသုံးဝင်ပေမဲ့ ပလတ်စတစ်တွေဟာ နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ရှိနေကြပြီး သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ဒုက္ခပေးနေတဲ့အရာတွေပါ။


လူတွေသိပ်သတိမထားမိတဲ့ ပလတ်စတစ်ပုံစံကတော့ Miscro plastic တွေဖြစ်ပါတယ်။၅ မီလီမီတာထက်ပိုသေးတဲ့ ပလတ်စတစ်အစလေးတွေကို Miscro Plastic လို့ခေါ်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုသာမက လူတွေကိုပါ ဆိုးဆိုးရွားရွားအန္တရာယ်ဖြစ်စေနိုင်တဲ့အရာပါ။လူသုံးကုန်အလှပစ္စည်းတွေ၊သွားတိုက်ဆေးတွေထဲမှာလည်း Miscro plastic တွေပါဝင်တတ်ပါတယ်။သေးသေးလေးတွေဖြစ်လို့ အလွယ်တကူရေထဲမှာပျော်ဝင်နိုင်တာကြောင့် လူတွေရော၊ရေထဲမှာရှိတဲ့ သတ္တဝါတွေရော အလွယ်တကူဝမ်းဗိုက်ထဲဝင်ရောက်နိုင်ပြီး ရောဂါတွေဖြစ်ပွားစေပါတယ်။တခါတလေမှာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့အရွယ်လောက်ထိ သေးသွားတတ်ကြလို့ လေထုထဲမှာတောင်ရှိနေတတ်ပါတယ်။


လူသားတွေက Miscro Plastic တွေနဲ့အမြဲထိတွေ့နေရတဲ့အတွက် အသက်ရှူလမ်းကြောင်း၊အစားစားချိန်တွေမှာ ခန္ဓာကိုယ်ထဲကိုဝင်ရောက်နိုင်ကာ ဓာတ်မတည့်မှုတွေဖြစ်စေပြီး ဆဲလ်တွေကိုဒုက္ခကြီးကြီးပေးပါတယ်။တခြားဓာတုပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ ရေသန့်ဘူးအပျော့တွေကနေ ကွာကျလာတဲ့ ပလတ်စတစ်အမှုန်တွေဆိုရင် ကင်ဆာတွေဖြစ်စေနိုင်လောက်တဲ့ထိကို အန္တရာယ်ကြီးပါတယ်။


ရေထဲမှာကတော့ များသောအားဖြင့် အမှိုက်သရိုက်တွေနဲ့ရောနေတဲ့ ပလတ်စတစ်တွေဟာ နေရောင်နဲ့ထိတွေ့ပြီး တဖြည်းဖြည်းဆွေးလာကာ ပလတ်စတစ်အမှုန်သေးသေးလေးတွေအဖြစ် ကွာကျလာတာဖြစ်ပါတယ်။အရမ်းသေးလွန်းတဲ့အတွက် ရေနေသတ္တဝါတွေရဲ့ဝမ်းဗိုက်ထဲ အလွယ်တကူဝင်ရောက်နိုင်ပြီး အသက်ဆုံးရှုံးစေပါတယ်။


ပလတ်စတစ်အမှုန်တွေပြန့်ပွားမှုကို ဘယ်လိုကာကွယ်နိုင်မလဲဆိုရင်တော့ ပုံမှန်ပလတ်စတစ်ကိုလျှော့သုံးတဲ့နည်းလမ်းတွေနဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်။အတတ်နိုင်ဆုံး ပလတ်စတစ်လျှော့သုံးတာတွေ၊ပြန်လည်အသုံးပြုတဲ့နည်းလမ်းတွေကို အသုံးချသင့်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်မှုကို တားဆီးနိုင်အောင်အတွက်ဆိုရင်တောင် အစားစားချိန်တွေ၊သွားတိုက်ချိန်တွေမှာ သေချာသတိထားသင့်ပါတယ်။အမှုန်သေးသေးလေးတွေဆိုပေမဲ့ ခန္ဓာကိုယ်ထဲဝင်ရလွယ်ပြီး ရောက်သွားရင်လည်း ရောဂါကြီးတွေကိုဖြစ်ပွားစေနိုင်တာကြောင့် ပလတ်စတစ်ပြဿနာတွေထဲမှာ Miscro Plastic (ပလတ်စတစ်အမှုန်များ)ကလည်း သတိထားသင့်တဲ့ ပလတ်စတစ်ပုံစံတစ်ခုပါ။


#သဘာဝ
#ပတ်ဝန်းကျင်
#အမှု
#Mi
#လောက

Some text some message..