
စာဖတ်သူတို့အနေနဲ့ သူဌေးကြီး Elon Musk အကြောင်းကို သိရှိမယ်လို့ထင်ပါတယ်။ သူဟာ ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲမှာ နံပါတ်တစ်ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာတုန်းက နံပါတ် ၂ နေရာမှာ ရှိနေခဲ့တာပါ။ နာမည်ရင်း Elon Reeve Musk ဟာ အသက် ၅၀ ရှိပြီဖြစ်ပြီး SpaceX နဲ့ Tesla ရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ သူမှာ ကလေး ၈ ယောက်ရှိပြီး ပိုင်ဆိုင်မှုဟာ လက်ရှိမှာတော့ ၂၁၈.၁ ဘီလီယံထိ ရှိပါတယ်။

သိပ်မကြာခင်တုန်းကလည်း သူဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ထားတာပါ။ ဒီလိုမျိုးချမ်းသာလှတဲ့ သူရဲ့ပိုက်ဆံတွေကို စာဖတ်သူတို့အနေနဲ့ သုံးလို့ရမယ်ဆို ကုန်အောင်သုံးနိုင်မှာလား။ ဒါကြောင့် သူရဲ့ ပိုက်ဆံတွေကို အပျော်တမ်း သုံးလို့ရတဲ့ Website တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ အဲ့ဒီမှာဆိုရင် စာဖတ်သူတို့ဟာ ပြထားတဲ့ဟာတွေထဲက ကြိုက်တာဝယ်လို့ရပါတယ်။

စာဖတ်သူတို့အနေနဲ့ ကျွန်းပဲဝယ်မလား နှစ် ၈၀ စာ Netflix အကောင့်ပဲဝယ်မလား ကားပဲဝယ်မလား ဆိုတာ စာဖတ်သူတို့စိတ်ကြိုက်ပါပဲ။ လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဆာ ပန်းချီးကာတောင် အကန့်အသတ်မရှိ ဝယ်လို့ရပါတယ်။

စာဖတ်သူတို့အနေနဲ့ သူ့ပိုက်ဆံဖြုန်းချင်တယ်ဆိုရင်တော့ Google မှာ Spend Elon Musk's Money လို့ရိုက်ရှာပြီး ပထမဆုံး ပေါ်လာတဲ့ Website ထဲကိုဝင်ပြီး ကြိုက်တာဝယ်လို့ရပါတယ်။ စာဖတ်သူတို့ ဝယ်လိုက်တဲ့ဟာတွေကတော့ တကယ်မရပေမယ့် သူ့ရဲ့ပိုက်ဆံကို ဘယ်လောက်ရာခိုင်နှုန်းထိ ဖြုန်းနိုင်မလဲဆိုတာကိုတော့ Challenge လုပ်လို့ရပါလိမ့်မယ်။