John Wick ဇာတ်ကားထဲက ခွေးအမျိုးအစား မွေးခြင်းကို တားမြစ်တော့မယ်
mmload.com
|
2022-06-29

နာမည်ကျော် John Wick ဇာတ်ကားထဲက Belgian Malinois ဆိုတဲ့ ခွေးအမျိုးအစားဟာ အိမ်မွေးခွေးအဖြစ် မွေးထားဖို့ သင့်လျော်တဲ့ ခွေးအမျိုးအစား မဟုတ်ဘူးလို့ ခွေးလေ့ကျင့်ရေး ကျွမ်းကျင်သူ Jacob Morgan ကဆိုပါတယ်။


အကြောင်းအရင်းကတော့ Belgian Malinois ခွေးမှာ အမဲလိုက်တဲ့ ပင်ကိုယ်စရိုက်ရှိနေတဲ့အတွက် ကလေးငယ်တွေကို တိုက်ခိုက်မှာ စိုးရိမ်ရတာကြောင့် ဖြစ်ပါတယ်။ဗြိတိန်ရဲ့ နာမည်ကြီး ခွေးလေ့ကျင့်ရေးကျွမ်းကျင်သူထဲက တစ်ဦးဖြစ်တဲ့ Jacob Morgan က သူ့မှာ Belgian Malinois ခွေးအမျိုးအစားရှိပေမယ့်လို့ ဒီခွေးဟာ လူအများစုအတွက်တော့ အဆင်ပြေမှာ မဟုတ်ကြောင်းနဲ့ အန္တရာယ်များတဲ့ ဒီခွေးကို မွေးဖို့အတွက် တားမြစ်သင့်ကြောင်း ပြောပါတယ်။


ဒီခွေးကို မင်းသားကြီး Keanu Reeves သရုပ်ဆောင်ထားတဲ့ John Wick ဇာတ်ကားထဲက ခွေးအဖြစ် လူသိများ ကြပြီး John Wick ဇာတ်ကားထွက်ပြီးနောက်ပိုင်းမှာ အတော်လေးကို လူကြိုက်များလာတာပဲ ဖြစ်ပါ တယ်။


Belgian Malinois ခွေးမှာ အမဲလိုက်တဲ့ ပင်ကိုယ်စရိုက်ရှိတာကြောင့် သေးငယ်တဲ့အရာတွေကို လိုက်တိုက်ခိုက်မှာဖြစ်ပြီး ကလေးငယ်တွေအတွက် အလွန်အန္တရာယ်များတာကြောင့် Pitbull Terrier၊ the Japanese Tosa၊ the Dogo Argentino နဲ့ the Fila Brasileiro တို့လို့တားမြစ်ထားတဲ့ ခွေးအမျိုးအစားတွေထဲ မကြာခင်မှာထည့်သွင်းမယ်လို့ ယုံကြည်ကြောင်း Jacob က ပြောပါတယ်။


Jacob က သူ့မှာ Stark လို့ခေါ်တဲ့ အသက် ၁၅ ပတ်အရွယ်ရှိတဲ့ Belgian Malinois ခွေးတစ်ကောင်ရှိ ပြီး ခွေးလေ့ကျင့်ရေးကျွမ်းကျင်သူတစ်ဦးအတွက်တောင် ထိန်းကျောင်းရတာ ခက်ခဲကြောင်း ပြောဆိုခဲ့ ပါတယ်။ ဒီခွေးအကြောင်းသေချာမလေ့လာဘဲ မွေးနေတာဟာ အန္တရာယ်အလွန်များတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။


#အမျိုးအစား
#ဇာတ်ကား
#အန္တရာယ်
#ကလေး
#ကြောင်

Some text some message..