သမုဒ္ဒရာရေထက် ၁၀ ဆ ပိုငန်တဲ့ ပင်လယ်သေ
mmload.com
|
2022-06-30

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းဖွယ်ရာများဖြင့် ပြည့်နှက်နေပါတယ်။ တချို့ သဘာဝဖြစ်စဉ်များက ပုံမှန်ထက်ပိုပြီး လွန်ကဲနေတာတွေ ၊ ပဟေဠိဆန်ဆန် ဖြစ်နေတာတွေက ပိုပြီး များစွာရှိပါတယ်။ ယခုမှာလည်း ကမ္ဘာမှာ အထူးခြားဆုံးနဲ့ အံ့သြစရာကောင်းတဲ့ နေရာတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ပင်လယ် သမုဒ္ဒရာတွေထက် ၁၀ ဆ ပိုငန်တဲ့ ပင်လယ်သေအကြောင်းပါ။ဒီပင်လယ်သေက အစ္စရေးနှင့် ဂျော်ဒန်ကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။


ကျွန်တော်တို့ အာရှကနေကြည့်မယ်ဆိုရင် အနောက်တောင်ဘက်ခြမ်းမှာ ရှိတဲ့ ဆားအိုင်ကြီး တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကတော့ ၄၇ မိုင်ရှိပြီး ၁၀ မိုင်ထိကျယ်ဝန်းကာ ရေရဲ့ အနက် ပေးပေါင်း ၁၃၀၀ ကျော်ထိရှိပါတယ်။ ပင်လယ်သေကို အချို့က သေမင်းပင်လယ်၊ ဆားပင်လယ်နှင့် လောတပင်လယ်လို့လည်း ခေါ်လေ့ရှိပါတယ်။


ဘာကြောင့်လည်း ဆိုတော့ ပင်လယ်သေရဲ့ ဆားပါဝင်မှုက သာမန်ပင်လယ်များထက် အဆမတန်ပိုမိုပါဝင်နေတာ ဖြစ်ပါတယ်။ရှေးတုန်းက ဒီပင်လယ်သေဟာ မြေထဲပင်လယ်နဲ့ တစ်ဆက်တည်း ချိတ်ဆက်ခဲ့ဖူးပါတယ်။ နောက်ပိုင်း အာဖရိကနှင့် အာရေဗျ ရှိ တိပ်ထုပြားများရဲ့ ရွေ့လျားမှုက ပင်လယ်သေနှင့် မြေထဲပင်လယ်ကြားကို ကုန်းမြေအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။


ဒါကြောင့် ပင်လယ်သေအတွင်း သမုဒ္ဒရာရေဝင်ရောက်မှုကို ဖြတ်တောက်လိုက်ဖြစ်သွားခဲ့ရာကနေ ကန်ကြီးအဖြစ်ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။ပင်လယ်သေရဲ့ ထူးခြားချက်ကတော့ ပုံဆောင်ခဲများမှာ ဆိုဒီယမ် ကလိုရိုက် ပါဝင်မှုကြောင့် ကမ်းစပ်ရှိ ကျောက်တုံးများနှင့် သဲများဟာ တောက်ပနေပါတယ်။


ဒါ့အပြင် အနီးအနားရှိ မြစ်၊ ချောင်းများမှ စီးစင်းလာတဲ့ ရေချိုများဝင်နေပေမယ့် ပင်လယ်သေရဲ့ ရေမျက်နှာပြင်က မြင့်တက်သွားခြင်းမရှိပါဘူး။ပင်လယ်သေရေမှာ ဆားပါဝင်မှု ၂၅ ရာခိုင်နှုန်းလောက်ပါဝင်တာကြောင့် ရေပေါ်မှာ အေးအေးဆေးဆေး စာအုပ်ဖတ်လို့ရနိုင်တဲ့အထိ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ရပါတယ်။


ဒါပေမယ့် သတိပြုမိတာလေးတစ်ခုကတော့ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းများ ရှင်သန်ပေါက်ရောက်နေတာ မတွေ့ရပါဘူး။နောက်ပြီး ဒီလို ဆားဓာတ်များတဲ့ရေမှာ ရေနေသတ္တဝါတွေနဲ့ ငှက်များလည်း နေထိုင်ကျက်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ ဘူးလို့ ယူဆရပါတယ်။ စာဖတ်ပရိသတ်တွေလည်း ဒီပင်လယ်သေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ရှိရင် လွတ်လပ်စွာ ပြောပေးခဲ့ပါဦးဗျာ။


#သမုဒ္ဒရာ
#ပဟေဠိ
#သစ်ပင်
#စာအုပ်
#ပင်လယ်

Some text some message..