
သတို့သမီး Paisley နဲ့ သတို့သား Ravid Rogers-Tripp တို့ဟာ မင်္ဂလာဆောင်တဲ့နေ့ ညနေနှောင်းပိုင်းမှာ အတူတူကခဲ့ကြပါတယ်။ Ravid က အရက်ဒဏ်ကြောင့် ဆိုးဆိုးရွားရွား ကခဲ့ရာကနေ ပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တာကြောင့် ဟန်းနီးမွန်းအိပ်မက်တွေက ပျက်စီးသွားခဲ့တာပါ။

သတို့သားက Expresso martinis အများအပြားကို သောက်ပြီးနောက်မှာတော့ ကြင်စဦး ဇနီးမောင်နှံတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ဟန်းနီးမွန်းခရီးဟာ ဖျက်သိမ်းရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ သတို့သား Ravin က အရက်မူးပြီး ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိကြောင်းပြောခဲ့ပြီး သတို့သမီးနဲ့ ညဉ့်နက်တဲ့အထိ ပါတီပွဲမှာ ဆက်လက်ကဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

မနက် ၅ နာရီဝန်းကျင်လောက်မှာ Ravin ဟာ နာကျင်ကိုက်ခဲမှုကို စတင်ခံစားရတဲ့အတွက် သူ့ခြေထောက်တွေ ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးမှုလုပ်တဲ့ အချိန်မှာတော့ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပြီး ခြေထောက် ဘယ်လောက်တောင် ရောင်ရမ်းပြီး ပွန်းပဲ့သွားတာလဲဆိုတာကို သိခဲ့ရတယ်လို့ Rav က ဆိုပါတယ်။

နာရီပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ Rav က သူ့ရဲ့ ခြေချင်းဝတ် ဆိုးရွားစွာကျိုးသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ကြောင်းကို ဇနီးဖြစ်သူကို ဖုန်းခေါ်ပြီး ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့စုံတွဲဟာ သူတို့ရဲ့ ဟန်းနီးမွန်းခရီးကို ဖျက်သိမ်းခဲ့ပါတယ်။ Paisley ကလည်း ခင်ပွန်းဖြစ်သူ Rav နဲ့ ပွေ့ဖက်နမ်းရှုပ်နေကြရမယ့်အစား ဆေးရုံမှာ သူ့ခင်ပွန်းကို ဒီအတိုင်းကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။
အခုတော့ ဒီအဖြစ်အပျက်ကို ဟာသအမြင်နဲ့ ကြည့်ဖို့ ကြိုးစားနေပြီး espresso Martinis' ankle breakers လို့ နာမည်ပေးထားကြောင်း Paisley က ပြောပါတယ်။