မဲခေါင်မြစ်အတွင်း ဖြေရှင်းလို့မရတဲ့ သဘာဝဖြစ်စဉ်
mmload.com
|
2022-06-30

ကမ္ဘာတစ်ဝှမ်းမှာ ဖြေရှင်းလို့မရနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ များစွာရှိပါတယ်။ အဲ့ဒီထဲကမှ ထိုင်းနိုင်ငံ နေ့စဥ်ဖြစ်ပေါ်တဲ့ ဖြစ်ရပ်ဆန်းတစ်ခုလည်း ပါဝင်ပါတယ်။ ဒါကတော့ မဲခေါင်မြစ်တလျှောက်မှာ နှစ်စဥ်မီးရှုးမီးပန်းများ ဖောက်သလို မီးလုံးများ အလိုအလျောက် ဖြစ်ပေါ်လာခဲ့တာပါ။


ဒီလို မီးလုံးများ နှစ်စဥ် ပေါ်လာချိန်မှာ လူအများအပြားက လာရောက်ကြည့်ရှု့ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဒါဟာ တစ်ခုတည်းသော ဖြစ်ရပ်တစ်ခုတော့မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် မီးလုံးတွေက အများအပြားပေါ်လာတာဖြစ်ပြီး အချို့ မျက်မြင်သက်သေတွေက ထောင်နဲ့ချီပြီးတောင် မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။


ဒေသခံတွေကတော့ ဒီလိုမြစ်အတွင်းကနေ မီးလုံးများပေါ်လာတာကို ဒဏ္ဍာရီလာ 'Phaya Nak' ဟုခေါ်ဝေါ်ကြပါတယ်။အဆိုပါ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်စဉ်ဟာ နှစ်စဉ် အောက်တိုဘာလနှောင်းပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းများအတွင်း ပေါ်ပေါက်တာဖြစ်ပါတယ်။ ပညာရှင်များကတော့ ဒီဖြစ်စဥ်ကို အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မီသိန်းဓာတ်ငွေ့ သီအိုရီများစွာပါရှိသော်လည်း ကမ္ဘာ၊ နေနှင့် လတို့ ညှိယူလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ သီအိုရီ အများကလည်း မသေချာသေးဘူးလို့ အကြံပြုထားခဲ့ပါတယ်။


ဒါပေမယ့် ဒီလိုထူးဆန်တဲ့ ဖြစ်စဥ်အတွက် တကျတဲ့ ရှင်းလင်းချက်ကိုတော့ မပေးထားခဲ့ပါဘူး။ယခုဆိုရင် နာဂမီးလုံးပွဲတော်လို့လည်း လူကြိုက်များတဲ့ "မီးပုံးပျံဖြစ်စဉ်" ဟာ လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားတဲ့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူနဲ့ ပြောရမယ်ဆိုရင် အချို့အယူအဆတွေအရ စုန်းမြူးတယ်လို့ ပြောကြမှာပါ။ ပရိသတ်တွေရော ဒီမီးလုံးလေးတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ပြောပေးခဲ့ပါဦး။


#စုန်းမ
#ခရီးသွား
#နိုဝင်ဘာ
#ဒဏ္ဍာရီ
#သက်သေ

Some text some message..