၁၃ နှစ်တိုင်အောင် ကြိုးစားစမ်းသပ်ပြီးမှ အောင်မြင်စွာမျိုးကူးနိုင်သွားတဲ့ အဆူးမဲ့ဒူးရင်းသီး
mmload.com
|
2022-07-05

ဒူးရင်းသီးလို့ပြောလိုက်တာနဲ့ အဆူးတွေနဲ့ ပြည့်နေတဲ့ အသီးလုံးလုံးကြီးတွေကို သေချာပေါက် ပြေးမြင် ကြမှာပါနော်။ အတွင်းပိုင်းက အရသာ ရှိသလောက် အပေါ်ပိုင်းက ထိမိရင် ပူထူနေအောင်ဆူးတဲ့ အဆူးတွေနဲ့ ဒူရင်းသီးဟာကြိုက်တဲ့သူတွေအတွက် နတ်သုဒ္ဓါဖြစ်သလို မကြိုက်တဲ့သူတွေအတွက်လည်း အရသာ ဆိုးလွန်းတဲ့ အသီးဖြစ်ပါတယ်။


မကြာသေးမီအချိန်မှာတော့ ဆူးမရှိဘဲ ပြောင်ချောနေတဲ့ ဆူးမဲ့ ဒူးရင်းသီးတွေကိုပါ မြင်တွေ့ရနိုင်ချေရှိနေပြီပဲ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အင်ဒိုနီးရှားနိုင်ငံ တစ်နေရာတည်းမှာပဲ ရှိတဲ့ ဆူးမဲ့ ဒူးရင်းသီးတွေ ကို အောင်မြင်စွာ မျိုးကူးနိုင်သွားပြီပဲ ဖြစ်ပါတယ် ။ ဆူးမဲ့ ဒူးရင်းသီးတွေကို ပထမဦးဆုံး စတင်တွေ့ရှိခဲ့တဲ့ နေရာက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနဲ့ကပ်ရပ်မှာတည်ရှိတဲ့ လွန်ဘော့ခ်ကျွန်းမှာပဲ ဖြစ်ပါတယ်


 လွန်ဘော့ခ်ကျွန်းမှာရှိတဲ့ ရင်ဂနီဆိုတဲ့ မီးတောင် ဟောင်းကြီးအောက်ခြေမှာ ထရမ်ဂလရွာလေး တည်ရှိပါတယ်။ ဆူးမဲ့ ဒူးရင်းသီးတွေကို ထရမ်ဂလရွာလေးမှာ ရှိတဲ့ဒူးရင်းသီး စိုက်ပျိုးတဲ့ မိသားစုဆီမှာ ပထမဦးဆုံး တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါမိသားစုစိုက်ပျိုးတဲ့ ဒူးရင်းသီးပင်တွေထဲမှာ တစ်ပင်တည်းက ထူးထူးဆန်းဆန် ဆူးမဲ့ ဒူးရင်းသီးတွေ သီးနေခဲ့တာဖြစ်ပါတယ်။


ဆူးမဲ့ ဒူးရင်းသီးတွေကို ပထမတော့ မစားရဲကြပေမယ့် နောက်ပိုင်းစမ်းစားကြည့်တဲ့ အခါမှာ သာမန်ဒူးရင်းသီးနဲ့ အတူတူပဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆူးမဲ့ ဒူးရင်း တစ်ပင်လုံးမှာလည်း အသီးတွေသီးဖို့ အပွင့်တွေပွင့်ရင် အပွင့် ၂၀ ရာခိုင်နှုန်းပဲ အသီးဖြစ်ပြီး ကျန်၈၀ ရာခိုင်နှုန်းက ကြွေသွားတယ်လို့ သိရပါတယ်။ အသီးတွေအားလုံးကလည်း ဆူးမဲ့ ဒူးရင်းသီးတွေကြီး ဖြစ်မနေဘဲ တချို့အလုံးတွေမှာ ဆူးအရာလေးတွေ အနည်းငယ်ပါတယ်လို့ သိရပါတယ်။


ရှားပါးတဲ့ မျိုးစိတ်ဖြစ်တာကြောင့် စမ်းသပ်ပြီး မျိုးကူးကြည့်တဲ့အခါမှာလည်း အကြိမ်ကြိမ် အခါခါ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ နှစ်ပေါင်း ၁၃ နှစ်ကြာပြီးနောက်မှာတော့ ဆူးမဲ့ ဒူးရင်းသီးတွေကို မျိုးကူးနိုင်သွားပြီလို့ သိရပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချီပြီး မျိုးကူးမှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်တာကြောင့် နောက်ပိုင်းကျရင် ဆူးမဲ့ဒူးရင်းသီးတွေကို မြန်မာပြည်မှာပါ စားလို့ ရတော့မှာ ဖြစ်ပါတယ်။


အရသာက ဆူးဒူးရင်းတွေလို မဟုတ်ဘဲ ပေါ့ပြီး လေးလေးပင်ပင်မရှိတာကြောင့် အရသာပိုင်းနဲ့ ပတ်သက်ပြီး အရမ်းကြီး မကောင်းဘူးလို့ သိရပါတယ်။ အတွင်းသားကတော့ အဝါရောင်နဲ့အဖြူရောင် နှစ်မျိုးနှစ်စားရှိပါတယ်။ ဆူးတွေနဲ့ မဟုတ်ဘဲ အုန်းသီးလေးလိုမျိုး ပြောင်သလင်းခါနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဆူးမဲ့ ဒူးရင်းသီးအကြောင်းကို ဗဟုသုတ ရဖွယ် ဖော်ပြပေးလိုက်ပါတယ်။  


#မိသားစု
#စိုက်ပျိုး
#အင်ဒိုနီးရှားနိုင်ငံ
#အဖြူရောင်
#ဒူးရင်းသီး

Some text some message..