ကြောင်တွေကို စစ်ကြေညာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဂရီဂေါရီ ကိုး
mmload.com
|
2022-07-05

တစ်ကမ္ဘာလုံးမှာ ကြောင်ချစ်တဲ့သူတွေနဲ့ ကြောင်ကိုမုန်းတဲ့လူ နှစ်မျိုးရှိပါတယ်။ တချို့ကတော့ ကြောင်တွေနဲ့ စစ်ဖြစ်ဖို့တောင် ပြုလုပ်ခဲ့ကြပါတယ်။ အဲ့တာဘယ်သူလဲ။ သူကတော့ ပုပ်ရဟန်းမင်းကြီး ဂရီဂေါရီ ကိုး ပဲဖြစ်ပါတယ်။


သမိုင်း

Conrad of Marburg ဟာ Pope Gregory IX လက်ထက်တွင် ပုပ်ရဟန်းမင်းကြီးရဲ့ စုံစမ်းစစ်‌ဆေး‌ရေးမှုဖြစ်ခဲ့ပါတယ်။ သူက ကြောင်တွေဟာ စေတန်တွေဖြစ်ကြောင်း သူ့အနေနဲ့လည်း ယုံကြည်ကြောင်း ပုပ်ရဟန်းမင်းကြီးကို ပြောခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးလည်း သူပြောတဲ့ဇာတ်လမ်းကို ယုံကြည့်ခဲ့ပြီး ကြောင်တွေဟာ နတ်ဆိုးတွေရဲ့ အပေါင်းအပါဖြစ်တာမို့ အပြစ်ပေးသင့်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးသာ ဥရောပတိုက်ရှိ ကြောင်များကို စစ်ကြေညာပြီး ယနေ့တိုင် ရှင်သန်ဆဲဖြစ်တဲ့ အစဉ်အလာတစ်ရပ်ကို စတင်စေခဲ့ပါတယ်။


ပုပ်ရဟန်းမင်းကြီး ဂရီဂေါရီရဲ့ ကြောင်စစ်ပွဲ1227 နှင့် 1241 အကြားတွင် Pope Gregory IX က ဒီ 13 ရာစုမှာ ကက်သလစ်ကမ္ဘာကို အုပ်ချုပ်ခဲ့ပြီး၊ လူတို့ဟာ ကမ္ဘာနဲ့ပတ်သက်တဲ့ အရူးအတွေးတွေကို ယုံကြည်ချက်အနည်းငယ်ရှိကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကြောင်တွေဟာ စေတန်ရဲ့ ဝိညာဉ်ကပ်နေ‌ကြောင်း ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကြောင်နက်တွေဟာ ကံမကောင်းဘူးဆိုတဲ့ အယူသီးမှုများ ဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ၁၂၃၃ မှ ၁၂၃၄ နှစ်များအတွင်း ချာ့ခ်ျနှင့် ပုပ်ရဟန်းမင်းကြီးကို သစ္စာစောင့်သိသူများက ကြောင်များကို အစုလိုက်အပြုံလိုက် သုတ်သင်ခဲ့ပါတယ်။


သမိုင်းပညာရှင်အချို့က ကြောင်တွေကို အစုလိုက်သတ်ခြင်းကြောင့် ပလိပ်ရောဂါ ပျံ့နှံ့စေခဲ့တယ်လို့ယုံကြည်ပြီး အဲ့တုန်းက လူတွေကတော့ စေတန်က သူ့ကြောင်တွေကို သတ်လို့ အမျက်ဒေါသထွက်ပြီး ခုလို ပလိပ်ရောဂါဖြစ်ပွားစေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ တကယ်တော့ ကြောင်တွေသေတော့ ကြွက်တွေပေါလာတယ်။ ကြွက်တွေပေါလာတော့ ပလိပ်ရောဂါတွေဖြစ်ပွားစေတယ်။ ဒါပါပဲ။


စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုများပုပ်ရဟန်းမင်းကြီးရဲ့ ကြောင်များအပေါ် စစ်ပွဲဟာ ကြောင်တွေကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ လူတွေအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပါတယ်။ အဲ့တာက စုန်းတွေကို အမဲလိုက်တာပါပဲ။ လူပေါင်းများစွာ အထူးသဖြင့်မိန်းမတွေဟာ သူငယ်ချင်းနဲ့ အိမ်နီးနားချင်းတွေရဲ့ ‌စွပ်စွဲမှုနဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရပါတယ်။ စုန်းတွေကို လိုက်ဖမ်းတဲ့ မုဆိုးတွေဟာ အဲ့ခေတ်အခါက သူတို့‌ရဲ့ သစ္စာစောင့်သိမှုကိုပြသတဲ့အနေနဲ့ မိန်းမတွေကို စုန်းမဆိုပြီး ဖမ်းဆီးခဲ့ကြပါတယ်။ ကံမကောင်းတဲ့အမျိုးသမီးတွေကတော့ စုန်းမလို့သတ်မှတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၄၀၀ ခုနှစ်နောက်ပိုင်းလည်း ကြောင်တွေဟာ စုန်းမတွေဆိုပြီး အသတ်ခံရပါသေးတယ်။ ယနေ့ခ‌ျိန်ထိ ဒီလိုအယူတွေဟာ ရှိနေတုန်းပါပဲ။


#စုန်းမ
#နတ်ဆိုး
#ဥရောပ
#ကြောင်လေး
#ပုပ်ရဟန်းမင်း

Some text some message..