မိုနာလီဆာ အကြောင်းတစေ့တစောင်း
mmload.com
|
2022-07-11

Leonardo da Vinci ရဲ့ MonaLisa ပန်းချီကားဟာဆိုရင်ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အနုပညာလက်ရာတစ်ခုဖြစ်ပြီး 16ရာစုအစောပိုင်းလောက်က ပြုံနေတဲ့အမျိုးသမီးတစ်ဦးရဲ့ပုံကို ရေးဆွဲထားတာလည်းဖြစ်ပါတယ်။Mona Lisa ပန်းချီကားရဲ့ တည်ရှိမှုတစ်ခုလုံးဟာ လူများကိုစွဲလမ်းစေခဲ့ပြီး သူ့ရဲ့ဇာတ်လမ်းဟာ ဒါဗင်ချီရဲ့ Renaissance စတူဒီယိုထက် ကျော်လွန်သွားခဲ့ပါတယ်။ အခုပြောပြမှာကတော့ သင်မသိနိုင်တဲ့Mona Lisa နဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အချက်တွေပဲဖြစ်ပါတယ်။


(1)   Mona Lisa ကိုပြီး‌အောင်မဆွဲခဲ့ဘူး

လီယိုနာဒိုဒါဗင်ချီ ဟာ 1500 ခုနှစ်အစောပိုင်းလောက်ကစပြီးMona Lisa ကိုဆွဲခဲ့ပေမယ့်လည်း 1516-17 လောက်အထိ ပြန်လည်ပြုပြင်နေဆဲဖြစ်ကြောင်းသက်သေအထောက်အထားများရှိနေခဲ့ပါတယ်။ Da Vinciရဲ့ ညာလက်ဟာ 1517 ခုနှစ်မှာ တစ်စိတ်တစ်ပိုင်း လေဖြတ်သွားတာကြောင့်ပြီးသွားတဲ့အထိ မဆွဲလိုက်နိုင်ပါဘူး ထင်ရှားသောအထောက်အထားတစ်ခုကတော့ Mona Lisaမှာ မျက်ခုံးမွှေးမရှိတာပဲဖြစ်ပါတယ်။


(2)   မိုနာလီဆာကို နပိုလီယံကသူ့အိပ်ခန်းထဲချိတ်ထားခဲ့ဖူးတယ်

Louvre ကပြတိုက်ထဲမရောက်ခင်မှာ မိုနာလီဆာဟာပြင်သစ်ခေါင်းဆောင်များစွာနဲ့ အချိန်ဖြုန်းခဲ့ရပါတယ်။  ဒါဗင်ချီ ကွယ်လွန်ပြီးနောက် သူ့ရဲ့အလုပ်သင်ကပန်းချီကားကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖရန်စစ်ဘိုနန်းတော်က ပြင်သစ်ဘုရင် FrancisI ၏ လက်ထဲသို ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ LouisXIV မှ Mona Lisa ကို Versailles နန်းတော်သို ပြောင်းရွှေ့ခဲ့ပြီးပြင်သစ်တော်လှန်ရေးအထိ ရှိခဲ့ပါတယ်။ 1800 ခုနှစ်မှာာ နပိုလီယံက မိုနာလီဆာကို Louvreမှ Tuileries နန်းတော်သို ပြောင်းရွှေ့စေခဲ့ပြီး သူ့အိပ်ခန်းထဲမှာ ချိတ်ဆွဲထားခဲ့ကာပန်းချီကားကို သူလိုချင်တဲ့အချိန်တိုင်း လေးနှစ်လောက်ကြာအောင် ကြည့်ခဲ့ပါတယ်။


(3)   မိုနာလီဆာဟာ အခိုးခံရဆုံး အနုပညာလက်ရာဖြစ်တယ်

1911 ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင်၊Louvre မှ လက်သမားတစ်ဦးက မိုနာလီဆာကို ပထမဆုံးခိုးယူခဲ့ပါတယ်။  သူ့လက်ထဲမှာ နှစ်နှစ်လောက်ရှိခဲ့ပြီးFlorence မှာ ပန်းချီကားရောင်းဖို့ ကြိုးစားရင်းနောက်ဆုံးတော့ သူ့ကိုဖမ်းမိသွားတယ်။ မိုနာလီဆာကို ခိုးယူမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးသတင်းတွေ ရဲ့အာရုံစိုက်တာခံခဲ့ရပြီး ပန်းချီကားကို ယနေ့ခေတ်မှာ နာမည်ကြီးစေခဲ့ပါတယ်။  ပန်းချီကား ပျောက်ဆုံးမသွားမီကတော့အနုပညာလောကသားများနှင့် ပညာရှင်များသာ လူသိများခဲ့သည်။ 


(4)   မိုနာလီဆာကို အကြိမ်ကြိမ်ဖျက်ဆီးဖို့ကြိုးစားခံခဲ့ရတယ်

Mona Lisa ကို 1913 ခုနှစ်တွင်ပြန်လည်ရှာဖွေတွေ့ရှိပြီးနောက် ၎င်း၏ဘေးကင်းရေးအတွက်ကြီးမားသောခြေလှမ်းများလုပ်ဆောင်ခဲ့သော်လည်း နာမည်ကျော်ပန်းချီကားကို ပျက်စီးစေချင်တဲ့လူများကိုမတားဆီးနိုင်ခဲ့ပါဘူး။  1956ခုနှစ်က ဘိုလီးဗီးယား ခရီးသွားတစ်ဦးဟာ ပန်းချီကားကို ကျောက်ခဲနှင့် ပစ်ပေါက်ကာအကာအကွယ်မှန်များ ကွဲအက်ပြီးပျက်စီးခဲ့ပါတယ်။


သေသေချာချာကြည့်ရင် ပန်းချီကားရဲ့ ဘယ်ဘက်ကရောင်ခြယ်ပစ္စည်း ပျက်စီးသွားသည်ကို မြင်နိုင်ပါသေးတယ်။ 1974 ခုနှစ်ကလည်း အမျိုးသမီးတစ်ဦးဟာပြတိုက်အား မသန်စွမ်းသူများ ဝင်ရောက်ခွင့်မပေးတာကို ကန့်ကွက်တဲ့အနေနဲ့ တိုကျိုအမျိုးသားပြတိုက်မှာMona Lisa ကိုပြသထားစဉ် အနီရောင်ဆေးဖြင့်ပက်ဖျန်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတဲ့အပေါ်စိတ်ပျက်နေတဲ့ ရုရှားအမျိုးသမီးတစ်ဦးဟာ ပန်းချီကားကို လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်ခဲ့ပြီးကံကောင်းစွာနဲ့ပဲ၊ လက်ဖက်ရည်ခွက်က ကျည်ကာမှန်ကို ထိပြီး ကွဲကြေသွားတာကြောင့်ထိခိုက်မှု မရှိခဲ့ပါဘူး။


အခုလိုအချက်တွေဟာ မိုနာလီဆာရဲ့လူသိနည်းသေးတဲ့ အချက်တွေဖြစ်ပြီး မိုနာလီဆာကိုနာမည်ကြီးလာစေတဲ့ အချက်တွေလည်းသိရှိစေရန် ဝေမျှပေးလိုက်ရခြင်းဖြစ်ပါတယ်။


#နာမည်ကျော်
#ခေါင်းဆောင်
#ခရီးသွား
#ညာလက်
#ပြတိုက်

Some text some message..