ရှေးလူသားတွေက မျောက်မျိုးနွယ်ကနေ ဆင်းသက်လာကြောင်း ထောက်ပြနေတဲ့ အရိုးခေါင်း
mmload.com
|
2022-07-18

ရှေးကျတဲ့ လူသားမျိုးနွယ်စုတွေဟာ မျောက်တွေကနေ ဆင်းသက်လာကြောင်း တချို့ရှေးဟောင်း သုတေသန ပညာရှင်တွေရဲ့ ယူဆရေးသားမှုတွေမှာ တွေ့ရပါတယ်။ လူသားတွေနဲ့ မျောက်တွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံခြင်းဟာ အများအားဖြင့် တူညီကြပါတယ်။


ယခုဖော်ပြပေးမှာကတော့ ရှေးလူသားတွေဟာ မျောက်မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာ ထောက်ပြနေတဲ့ အရိုးခေါင်းတစ်ခုပါ။ဒီအရိုးခေါင်းကို စပိန်နိုင်ငံမြောက်ပိုင်းရှိ Burgos ပြည်နယ်မှာ ၂၀၀၇ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တဲ့ အထူးခြားဆုံး နဲ့ ရှေးအကျဆုံး လူသားဦးခေါင်းတစ်ခေါင်းပဲ ဖြစ်ပါတယ်။


ရှေးဟောင်း သုတေသနပညာရှင်များကတော့ ဒီအရိုးခေါင်းကို ရှေးအကျဆုံး လူသားမျိုးနွယ်ရဲ့ ဦးခေါင်းဖြစ်ကြောင်း ယူဆထားခဲ့ပါတယ်။အရိုးခေါင်းရဲ့ ပုံစံက မျောက်တစ်ကောင်ရဲ့ ဦးခေါင်းနဲ့ဆင်တူပါတယ်။ ပြီးတော့ အရှည်အားဖြင့် ၁၀ စင်တီမီတာခန့်ရှိပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၄ သန်းခန့်က ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။


၁၉၉၀ ပြည့်လွန်နှစ်များမှာလည်း ဥရောပရှိနေရာအချို့မှာ အလားတူ ရှေးကျတဲ့ လူသားအရိုးခေါင်းတွေ တွေ့ရှိခဲ့ပါတယ်။


ဒါ့အပြင် အဲ့ဒီလူသားတွေ အသုံးပြုခဲ့တယ်လို့ ထင်ရတဲ့ အသုံးအဆောင်ပစ္စည်းတချို့လည်း တွေ့ခဲ့ဖူးကြောင်း ဖော်ပြခဲ့တာတွေလည်း ဖတ်ခဲ့ဖူးပါတယ်။


ဒီအရိုးခေါင်းဟာ သူတို့ယူဆထားသလို ရှေးလူသားဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ လူသားတွေဟာ မျောက်မျိုးနွယ်စုကနေ ဆင်းသက်လာတယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ။


သင်တို့ရော ဒီအရိုးခေါင်းက ရှေးအကျဆုံး လူသားမျိုးနွယ်ဖြစ်တယ်ဆိုတာ ဟုတ်မဟုတ် ထင်မြင်ယူချက်တွေကို ပြောပေးခဲ့ပါဦး...။


#ရှေးဟောင်း
#သုတေသန
#ပညာရှင်
#မျိုးနွယ်စု
#ဥရောပ

Some text some message..