
ကျွန်တော်တိုရှင်သန်ရာကမ္ဘာကြီးဟာသက်တမ်း အားဖြင့်နှစ်ပေါင်း ၄ဘီလီယံကျော်ရှိပါပြီး။ နှစ်ပေါင်း၄ဘီလီယံအတွင်း ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေကို ကြုံခဲ့ရပြီး ကမ္ဘာပျက်မလိုလဲအကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုကတော့ ပိုပြီးတော့ဆိုးလာတာကိုအားလုံးသိမယ်ထင်ပါတယ်။

ကမ္ဘာဂြိုလ်မှာမှီတင်းနေထိုင်တဲ့ လူသားမျိုးနွယ်တွေရဲ့အမှားကြောင့်ပဲ ကမ္ဘာကြီးဟာ ပျက်စီးနေရပြီး ဆိုးရွားတဲ့ရာသိဥတုပြောင်းလဲမှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့သဘာဝဘေးတွေထဲမှာ အချိုကိုကြိုတင်သိရှိပြီး ပြင်ဆင်လိုရနိုင်ပေမယ့် အချိုကတော့ပြင်ဆင်ချိန်မရပဲအဖျက်စွမ်းအားကြီးမားတတ်ပါတယ်။

အခုခေတ်လို သိပ္ပံခေတ်ကြီးထဲမှာမုန်တိုင်းတို လေဆင်နှာမောင်းတို၊ မိုးကြီးရေလျှံတာနဲ့၊ လေပြင်းတိုက်တာတွေကိုကြိုတင်ခန့်မှန်းလိုရပေမယ့် ငလျင်နဲ့ဆူနာမီလို သဘာဝဘေးတွေကတော့ခန့်မှန်းလိုမရသလို၊ အဖျက်စွမ်းအားလည်းကြီးလှပါတယ်။

ဒါပေမယ့် ထူးဆန်းစွာပဲတိရစ္ဆာန်တွေကတော့ ငလျင်အပါအဝင် သဘာဝဘေးတွေကိုကြိုတင်ခန့်မှန်းသိရှိနိုင်ကြတာကိုတွေ့ရပါတယ်။ သဘာတဘေးကြီးတွေမလာခင် တိရစ္ဆာန်တွေဟာထူးဆန်းစွာပြုမူတတ်ကြကြောင်းအောက်ပါအထောက်အထားတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်က အီတလီနိုင်ငံ၊ L'Aquilaအနီးမှာရှိတဲ့ ပုရွက်ဆိတ်တွေနဲ့ဖားတွေဟာမြေငလျင်မလှုပ်မီ သူတိုရဲ့အသိုက်တွင်းတွေကို စွန့်ပစ်ပြီးလမ်းတွေပေါ်နေရာပြောင်းရွေ့နေကြတာတွေ့ရပါတယ်။ အဲ့ဒီလိုပဲ ဖားပြုတ်တွေဟာငလျင်မလှုပ်မီ ကြိုတင်ဖြစ်လေ့ရှိတဲ့ ကျောက်ချပ်တွေပွတ်တိုက်ရာကနေဖြစ်လာတဲ့ လျှပ်စစ်ဓာတ်တွေကို အာရုံခံနိုင်တယ်လို သုတေသီတွေကအကြံပြုထားပါတယ်။

လှုပ်ရှားမှုအာရုံခံကင်မရာတွေကိုပြန်လည်ကြည့်ခြင်းအားဖြင့် ပီရူးနိုင်ငံ၊ ယာနာချာဂါ အမျိုးသားဥယျာဉ်မှသိပ္ပံပညာရှင်များဟာ 2011 ခုနှစ် ငလျင်မလှုပ်မီမှာ ပန်းခြံရှိ ငှက်များနှင့်နိုတိုက်သတ္တဝါများရဲ့ အပြုအမူပြောင်းလဲမှုများကို သတိပြုမိခဲ့ပါတယ်။ငလျင်မလှုပ်မီ သုံးပတ်အထိ တိရစ္ဆာန်များရဲ့ လှုပ်ရှားမှုသိသိသာသာ လျော့ကျသွားတာကိုတွေ့ရပြီ မလှုပ်မီ တစ်ပတ်အလိုမှာလှုပ်ရှားမှုမရှိတာကိုထင်ထင်ရှားရှားတွေ့ခဲ့ရပါတယ်။

နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ ၁၈၅၅ခုနှစ်မှာ ဖြစ်သွားခဲ့တဲ့ အီဒိုငလျင်ကြီးမဖြစ်ခင် ရေနက်ပိုင်းမှာသာ နေလေ့ရှိတဲ့ငါးကြီးတွေဟာ ရေမျက်နှာပြင်ပေါ်ထိတက်ပြီး ရက်အတန်ကြာ ကူးခတ်နေခဲ့တာကြောင့်ငလျင်ရဲ့ ရှေ့ပြေးနိမိတ်လိုထင်ခဲ့ကြပေမယ့် ငလျင်တိုင်းတာစက်တွေမှာ ဘာမှမတွေ့ရတာမိုရွှေ့ပြောင်းမှုတွေ သတိပေးချက်တွေကို ဂျပန်အာဏာပိုင်တွေက မထုတ်ခဲ့ကြပါဘူး။

ရလဒ်အနေနဲ့ မကြာခင်မှာပဲ Great Ansei Earthquake လိုခေါ်တဲ့ မဟာငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးမီးအကြီးအကျယ်လောင်ကျွမ်းမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့ပြီးတော့ အဆောက်အအုံပေါင်း၁၄၀၀၀ ကျော်ပျက်စီးပြီး လူပေါင်း ၁၀၀၀၀ လောက်သေကြေခဲ့ပါတယ်။

အဲ့ဒီလိုပဲမြန်မာ့သမိုင်းမှာပျက်စီးမှုအကြီမားဆုံးဖြစ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးမတိုက်ခင်မှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြိုပေါ်လိုနေရာတွေမှာ ကျီးကန်းနဲ့အခြားငှက်တွေ အုပ်စုလိုက်ပျံသန်းနေတာတွေ တွေ့ခဲ့ရပြီး ရန်ကုန်တိရစ္ဆာန်ရုံကတိရစ္ဆာန်တွေဟာလည်း အော်ဟစ်နေဆူပူနေကြတာကို တွေ့ခဲ့ရတယ်လိုကြုံရသူတွေပြန်ပြောပြချက်အရ သိခဲ့ရပါတယ်။

ဒါကြောင့် တိရစ္ဆာန်တွေဟာသဘာဝဘေးအန္တာရယ်တွေကို ကြိုပြီးတော့သိနိုင်တယ်ဆိုတာ တိကျတဲ့သုတေသနတွေမရှိသေးပေမယ့်လည်းယုံတမ်းစကားမဟုတ်တာတော့ သေချာပါတယ်။ လက်ရှိမှာတော့ သိပ္ပံပညာရှင်တွေအနေနဲ့ လေ့လာမှုတွေလုပ်နေပြီးတိကျတဲ့အဖြေပေးနိုင်ဖိုကြိုးစားနေကြပါတယ်။ စာဖတ်သူတိုရောကိုယ့်ရဲ့အတွေ့အကြုံတွေကို လာရောက်မှတ်ချက်ပြုဖိုဖိတ်ခေါ်ပါတယ်။