အဖိုးတန် မြန်မာ့ပတ္တမြား.…
mmload.com
|
2022-07-22

ရတနာဆိုတာ ရှေးဘုရင်တွေလက်ထက်ကတည်းကတန်ဖိုးထာတဲ့ ပစ္စည်းဖြစ်ပြီး တန်ဖိုးလည်းတော်တော်လေး ကြီးမားတတ်ပါတယ်။ရတနာတွေထဲမှာဆိုရင် ရွှေဟာလူတွေနဲ့ အများဆုံးထိတွေ့ရတတ်ပြီး ကျန်တဲ့ရတနာတွေဟာရှားပါးပြီးဈေးကြီးတတ်တာမို ဌာပနာ ဒါမှမဟုတ် လော်ကတ်အနေနဲ့ပဲ သုံးကြပါတယ်။


မြန်မာဟာ တွင်းထွက်ကျောက်မြတ်လွန်စွာပေါများပြီး မြန်မာပြည်ကထွက်တဲ့တွင်းထွက်ရတနာတွေထဲမှာ တန်ဖိုးအကြီးဆုံးလိုဆိုရရင် ပတ္တမြားပဲဖြစ်ပါတယ်။စိန်ထက်တန်ဖိုးကြီးတဲ့ ပတ္တမြားဟာ တန်ဖိုးနဲ့လိုက်အောင်လည်း သု့မှာဂုဏ်သတ္တိတွေရှိပါတယ်။မြန်မာ့ပတ္တမြားဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ပတ္တမြားမျိုးနွယ်တွေထဲမှာအကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးပတ္တမြားဖြစ်ပြီး တွေ့ရခဲတဲ့အရှားပါးဆုံးသောပတ္တမြားအမျိုးအစားလည်းဖြစ်ပါတယ်။


ကြက်သွေးရောင် ပန်းနုရောင်ရှိတဲ့မြန်မာ့ပတ္တမြားဟာ အကောင်းဆုံးအမျိုးအစားဖြစ်ပြီး သူ့ရဲ့လှပမှု၊ ရေရှည်ခံမှုနဲ့ရှားပါးမှုတွေကြောင့် ကမ္ဘာမှာဈေးကောင်းအရဆုံး ပတ္တမြားလဲဖြစ်ပါတယ်။မြန်မာပြည်ကအကောင်းဆုံးသော ပတ္တမြားတွေကို မန္တလေးတိုင်းမိုးကုပ်နဲ့မိုင်းရှူးဒေသတွေမှာ တူးဖော်ရရှိနိုင်ပါတယ်။ ရှေးယခင်ကဆို မိုးကုပ်မှာ မြေကြီးကိုလက်ယက်တူးလိုက်တာနဲ့တင်ပတ္တမြား အမှုန်စလေးတွေကို တွေ့ရတတ်တယ်လိုဆိုပါတယ်။ မြန်မာမှာတော့ပတ္တမြားဟာသာမန်ကျောက်မြတ် ရတနာမဟုတ်ပါဘူး။


ပတ္တမြားဟာ မှော်စွမ်းအင်ရှိပြီးမကောင်းဆိုးရွားနဲ့ ဘေးဥပါဒ်တွေကနေ အကာအကွယ်ပေးနိုင်တယ်လို ယုံကြည်ထားကြပါတယ်။ဒါကြောင့်ပဲ မြန်မာမင်းတွေအစဉ်အဆက် နန်းစဉ်ရတနာဟာ ပတ္တမြားဖြစ်နေရတာပဲဖြစ်ပါတယ်။နက္ခတဆိုင်ရာကျွမ်းကျင်ပညာရှင်များက ပတ္တမြားဟာ ကျန်းမာရေးကိုအကျိုးပြုပြီး၊သွေးလှည့်ပတ်မှုကိုကောင်းစေတယ်လို သိရပါတယ်။


ဒါကြောင့် ပတ္တမြားဟာ ရတနာ‌တွေရဲ့ကမ္ဘာ့အကောင်းဆုံးသော ပတ္တမြားတွေဟာ မြန်မာပြည် မိုးကုပ်ဒေသကထွက်လေ့ရှိပါတယ်။မြန်မာပြည်ရဲ့ပတ္တမြားထုတ်လုပ်မှုက နှစ်ပေါင်း ၁ ထောင်ဝန်းကျင်ခန့်ရှိနေပြီးအရေးအသွေးအကောင်းဆုံးပတ္တမြားတွေကိုလည်းကမ္ဘာ့ဈေးကွက်ကိုတင်ပိုရောင်းချပေးနိုင်ခဲ့ပါတယ်။


နောက်ပြီးသီပေါဘုရင်ပါတော်မူချိန် မြန်မာ့နန်းစဉ်ပတ္တမြားလိုပြောတဲ့ အရေးအသွေးအကောင်းဆုံးပတ္တမြားကြီးဟာ ဗြိတိသျှထီးနန်းရဲ့ရတနာဖြစ်လာပြီး လက်ရှိဗြိတိန်ဘုရင်မကြီးဆောင်းတဲ့ သရဖူရဲ့ထိပ်မှာရှိတယ်လို ဆိုကြသူတွေလည်းရှိပါတယ်။ မည်သိုပင်ဆိုစေကာမူမိုးကုပ်ဒေသကထွက်တဲ့ မြန်မာ့ပတ္တမြားဟာ တန်ဖိုးအကြီးဆုံးနဲ့အရေအသွေးအကောင်းဆုံးဖြစ်ပြီး တဖြည်းဖြည်းနဲ့ရှားပါးလာနေတဲ့တွင်းထွက်ရတနာဖြစ်ကြောင်း ဂုဏ်ယူစွာဖော်ပြလိုက်ပါတယ်။


#ဈေးကွက်
#အမျိုးအစား
#အမှု
#တန်ဖိုး
#သရဖူ

Some text some message..