ဒေါက်မြင့်ဖိနပ်တွေဟာ အမျိုးသားတွေ အရင်ဆုံး စီးခဲ့တယ်ဆိုတာ သင်သိပါသလား?
mmload.com
|
2022-07-25

ဒေါက်မြင့်ဖိနပ်များကို မူလအစက အမျိုးသားများအတွက်ပဲ သီးသန့်ပြုလုပ်ထားတာဖြစ်ပါတယ်။ စာဖတ်သူတို့ ယုံနိုင်မလား။ ယနေ့ခေတ်မှာတော့ ဖိနပ်နဲ့ဒေါက်ဖိနပ်တွေက အမျိုးသမီးတွေအတွက်ပဲ အဓိကဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေ မဝတ်ခင်ကတည်းက ဒေါက်ဖိနပ်ကို အချိန်အတော်ကြာအောင် ဝတ်လာခဲ့တာဖြစ်ပါတယ်။


ဒေါက်မြင့်ဖိနပ်များကို လေးနှင့်မြှားပစ်ရာမှာ ခြေထောက်များ မြင့်တင်ဖို့အတွက် 10 ရာစုတုန်းက ပါရှန်စစ်သားများက ပထမဆုံးဝတ်ဆင်ခဲ့ကြတာပါ။ အဲ့ဒီအချိန်ကစပြီး အမျိုးသားများနဲ့ ဒေါက်ဖိနပ်များဟာ မြင့်မားတဲ့ လူမှုဆက်ဆံရေး၊ စစ်ရေးစွမ်းအားနှင့် ခေတ်ဆန်တဲ့ အရသာတို့ကို ကိုယ်စားပြုခဲ့ပါတယ်။


အဲ့နောက် ပါရှန် မြင်းစီးသူများဟာ ချမ်းသာကြွယ်ဝမှုနဲ့ ပါဝါရဲ့သင်္ကေတအဖြစ် အမှတ်အသားပြုဖို့ တစ်လက်မ ဒေါက်ဖိနပ်များကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပါရှန်းစစ်သားများနဲ့ ရွှေ့ပြောင်းနေထိုင်သူများဟာ ဖက်ရှင်အဖြစ် ယူဆထားတဲ့ ဖိနပ်လမ်းကြောင်းကို ဥရောပဆီ ယူဆောင်လာခဲ့မိပါတယ်။ နောက်ပိုင်းမှာတော့ ဥရောပက မင်းမျိုးမင်းနွယ်‌‌တွေဟာ အားကောင်းတဲ့ စစ်ရေးနည်းဗျူဟာအဖြစ် အရပ်ရှည်ဖို့အတွက် ခေတ်ရေစီးကြောင်းသစ်ကို လက်ခံကျင့်သုံးခဲ့ကြပါတယ်။


Louis XIV (လူးဝစ်စ် ၁၄) ဟာ ဒေါက်ဖိနပ်ဘုရင်အဖြစ် ကျော်ကြားခဲ့ပါတယ်။ သူ့လက်ထက်မှာ ဒေါက်ဖိနပ်နဲ့ ခြေ‌ဖနောင့် ပိုမြင့်လေ ပါဝါပိုကြီးလေဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘုရင်မင်းမြတ်တစ်ယောက်ပဲ ဒေါက်ဖိနပ်စီးရတဲ့ ဥပဒေကို ၁၆၇၀ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်တဲ့။ ဘုရင်ကြီးဟာ အနီရောင် ဒေါက်ဖိနပ်ကို ဝတ်ဆင်လေ့ရှိပြီး သူ့ရဲ့တရားရုံးအဖွဲ့ဝင်တွေလည်း အနီရောင်ဒေါက်ဖိနပ် ဝတ်ဆင်ခွင့်ရှိပါတယ်။


အဲ့ဒီခေတ်တုန်းက အမျိုးသမီးတွေဟာ ဆံပင်တိုတိုညှပ်ခြင်းနဲ့ ဦးထုပ်ဆောင်းခြင်းဟာ ဖက်ရှင်သဘောအရ ယောက်ျားဆန်တဲ့ ပုံစံရှိကြပါတယ်။ အဲ့ဒါကြောင့်ပဲ အမျိုးသမီးတွေဟာ သူတို့ရဲ့အဝတ်အစားမှာ အမျိုးသားတွေရဲ့စတိုင်ကို လက်ခံကျင့်သုံးတဲ့အနေနဲ့ ဒေါက်ဖိနပ်ကို စတင်ဝတ်ဆင်ကြပါတော့တယ်။ အမျိုးသမီးတွေရဲ့ ဒေါက်ဖိနပ်ဟာ အမျိုးသားတွေနဲ့မတူပဲ ပိုကျဉ်း ပိုမြင့်ပြီး အလှတန်ဆာဆင်ထားကြပါတယ်။


၁၇ ရာစုမှာ အမျိုးသားများဟာ တောက်ပတဲ့အရောင်အသွေးရှိတဲ့ အဝတ်အစားများ၊ လက်ဝတ်ရတနာများ၊ လက်ရာမြောက်တဲ့ အထည်များနဲ့ ပေါ့ပါးတဲ့ အဝတ်အစားများကို စွန့်လွှတ်ခဲ့ကြပါတယ်။ သူတို့က Great Male Renunciation (မဟာယောက်ျား စွန့်လွှတ်ခြင်း) လို့လူသိများတဲ့ ဇိမ်ခံမှုနဲ့ ဖက်ရှင်‌တွေထက် လက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်မှုကို အလေးပေးလာကြပါတယ်။


အဲ့ဒီအချိန်ကစပြီး အမျိုးသားနဲ့ အမျိုးသမီးကြား အသွင်အပြင်ကို ခွဲခြားသိမြင်ခြင်းမှာ ထင်ရှားလာတဲ့ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ မဟုတ်ရင် အမျိုးသားရော အမျိုးသမီးတွေပါ ဒီပုံစံ ဒီအတိုင်းပဲဖြစ်နေကြမှာပါ။ဉာဏလှုပ်ရှားမှုဟာ အမျိုးသားများကို ဆင်ခြင်တုံတရားနှင့် လက်တွေ့ဆန်တဲ့ ပုံသေပုံစံအဖြစ် စတင်ခဲ့ပြီး အမျိုးသမီးများဟာ စိတ်ကူးယဉ်ဆန်ပြီး မိုက်မဲသူများဖြစ်လာခဲ့တယ်။


၁၇၄၀ မှာ အမျိုးသားများဟာ ဒေါက်ဖိနပ်များ ဝတ်ဆင်ခြင်းကို ရပ်တန့်ခဲ့ပါတယ်။ ဒေါက်ဖိနပ်များဟာ ၁၉ ရာစုအလယ်ပိုင်းမှာ အမျိုးသားများ ဒေါက်နိမ့် ကောင်ဘွိုင်ဘွတ်ဖိနပ်နှင့် တခြားဖိနပ်များ ဝတ်ဆင်တဲ့အချိန်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။


ဒါ့အပြင် ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသားတွေ ခေတ်က ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒေါက်ဖိနပ်စီးတဲ့ အမျိုးသားများဟာ ပါဝါ၊ ကြွယ်ဝမှုနှင့် ယောက်ျားပီသမှုကို သင်္ကေတအဖြစ် အသုံးပြုခဲ့ကြပေမယ့်လည်း ယနေ့ကမ္ဘာမှာ‌တော့ ကျားမရေးရာ ခွဲခြားမှုဆီ ရောက်ခဲ့ပါတယ်။


#ခြေထောက်
#အရပ်
#ဖိနပ်
#အမျိုးသား
#အဖွဲ့ဝင်

Some text some message..