အခုအချိန်ထိအသက်ရှင်ဆဲ နယူတန်ခေါင်းပေါ် ပြုတ်ကျခဲ့တဲ့ ပန်းသီးပင်...
mmload.com
|
2022-07-27

နာမည်ကျော် ရူပဗေဒပညာရှင် ဆာအိုင်းဆက်နယူတန်ကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ Newton ဟာဆိုရင် ရူပဗေဒပညာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ကမ္ဘာမြေဆွဲအားအကြောင်း စတင်တွေ့ရှိခဲ့တဲ့ နာမည်ကျော်ရူပဗေဒပညာရှင်ကြီး ဖြစ်ပါတယ်။ နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားကို ရှာတွေ့ပုံအကြောင်းလည်း ငယ်ငယ်ကပုံပြင် တစ်ခုအနေနဲ့ကြားဖူးကြမှာပါ။


ပန်းသီးပင်‌အောက်ထိုင်ရင်း ခေါင်းပေါ်ပန်းသီးကြွေကျလာရာကနေ ကမ္ဘာမြေဆွဲအားအကြောင်း သ‌ဘောပေါက်သွားတဲ့ နယူတန်တစ်ယောက် သူ့ရဲ့ရှာဖွေတွေ့ရှိချက်ကနေ ကမ္ဘာကြီးကိုများစွာကောင်းကျိုးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီလို ခေါင်းပေါ်ပန်းသီး‌ကြွေကျစေခဲ့တဲ့ ပန်းသီးပင်ဟာသူ့ရဲ့ခြံထဲမှာ အခုထိအသက်ရှင်လျက်ရှိနေပါသေးတယ်။


အင်္ဂလန်ရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ "University of York" ရဲ့ ဖော်ပြချက်အရ Newton ရဲ့ပန်းသီးပင်ဟာ သူမွေးဖွားရာ Newton ရဲ့ Woolsthorpe Manor ရှိဥယျာဉ်ကြီးအတွင်း ရှင်သန်နေဆဲဖြစ်ကာ အဲ့ဒီအပင်ကကိုင်းတစ်ကိုင်းကိုဖြတ်ပြီး York တက္ကသိုလ်ဝင်းထဲမှာလဲ စိုက်ထားပါသေးတယ်။


၁၆၆၆ ခုနှစ်နွေရာသီနှောင်းပိုင်း တစ်ညနေမှာ နယူတန်ဟာအဲ့ဒီအပင်အောက်ထိုင်ရင်း သူ့ရဲ့ခေါင်းပေါ်ပန်းသီးကြွေကျခဲ့ကြောင်း မှတ်တမ်းတွေအရဖော်ပြထားပါတယ်။အဆိုပါသစ်ပင်ကို ၁၇၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ၁၇၃၃ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း အိမ်တွင်နေထိုင်တဲ့ အိမ်ငှားလယ်သမားများဖြစ်တဲ့ Woolerton မိသားစုရဲ့ မျိုးဆက်များက ပြုစုစောင့်ရှောက်လာခဲ့ပါတယ်။


သက်ကြီးပင်ကြီးအား ထိန်းကျောင်းရန် ကြိုးပမ်းခဲ့သော်လည်း ၁၈၁၆ ခုနှစ်မှာ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး အကိုင်းအခက်အချို့ ဖယ်ရှားခံခဲ့ရပေမယ့်လည်း အပင်ရဲ့ အဓိကအစိတ်အပိုင်းတွေ ချန်ထားခဲ့ကာ ပြန်လည်အမြစ်တွယ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဲ့ဒီသစ်ပင်ဟာ ဒီနေ့ Woolsthorpe Manor မှာ ကြီးထွားနေဆဲဖြစ်ပြီး အခုဆို သက်တမ်း နှစ်ပေါင်း 350 ကျော်ရှိနေပြီဖြစ်ပါတယ်။Isaac Newton ရဲ့ Apple Tree ဟာ ယခုအခါ သူ့ရဲ့ တတိယမြောက် အမြစ်တွေ ပေါ်နေပြီဖြစ်ပေမယ့်လည်း နွေရာသီတိုင်း ပန်းသီးအထွက်နှုန်း ကောင်းမွန်ဆဲဖြစ်ကြောင်းသိရပါတယ်။


#နာမည်ကျော်
#ပုံပြင်
#မိသားစု
#တွေ့ရှိချက်
#သစ်ပင်

Some text some message..