ကမ္ဘာအမြင့်ဆုံး ဧဝရတ်တောင်ရဲ့ အမြင့်‌ကိုတောင်ကျော်ပြီး ပျံသန်းနိုင်တဲ့ ပျားများ
mmload.com
|
2022-08-02

ပျားတွေဟာ ဧဝရတ်တောင်ထက် အမြင့်ပေ နှစ်သောင်းကိုးထောင်ကျော်အထိ ပျံသန်းနိုင်ကြောင်း သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ Biology Letters ဂျာနယ်မှာ ထုတ်ဝေချက်အရ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ Michael Dillon (မိုင်ကယ် ဒေလွန်) နှင့် Robert Dudley (ရောဘတ် ဒက်လိ) တို့ဟာ ဖိအားအခန်းမှာ ပျားများဘာကြောင့် မြင့်မားလှတဲ့ထိပျံနိုင်လဲဆိုတာကို alpine bumblebees (ပျားမျိုးစိတ်တစ်မျိုး) နဲ့စမ်းသပ်ခဲ့ကြပါတယ်။


ပျားတွေဟာ ပျံသန်းတဲ့နေရာမှာ အကောင်းဆုံးတော့မဟုတ်ပါဘူး။ ပန်းတွေနား သူတို့ပျံသန်းနေချိန် သူတို့ရဲ့ အသံကို ကြားနေရမှာပါ။ ဒီလိုအသံကြောင့် သူတို့ဟာ တခြားငှက်တွေ အင်းဆက်တွေနဲ့တော့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ မြင့်မားလှတဲ့ အမြင့်ကိုတော့ တမူးထူးခြားစွာ ပျံသန်းနိုင်ပါတယ်။ ဒီလိုထူးခြားတဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ရာ Dillon နဲ့ Dudley ဟာ တရုတ်နိုင်ငံက စီချွမ်တောင်ကို ခရီးသွားခဲ့ပါတယ်။


သူတို့နဲ့အတူ Alpine Bumblebee မျိုးစိတ် ပျားတချို့ကို ဖမ်းခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပေ 10,000 ကျော်အမြင့်မှာ နေထိုင်ပြီး ပျံသန်း‌နေတတ်ကြတဲ့ မျိုးစိတ်ပါ။သူတို့ဟာ ဖိအား‌ပေးနိုင်တဲ့ ဖန်အိမ်အခန်းထဲ တစ်ကြိမ်ကိုတစ်ကောင်ထည့်ပြီး စမ်းသပ်ခဲ့ကြပါတယ်။ အမြင့်ရောက်လေ လေဖိအား များလာတာမို့ သူတို့ဟာ ဖိအားပေးနိုင်တဲ့ အခန်းထဲမှာ ပျားတွေကို စမ်းသပ်ခဲ့ကြတာပါ။


အဲ့လိုစမ်းသပ်နေရင်နဲ့ ပျားနှစ်ကောင်ဟာ အမြင့်ပေ ၂၉,၅၂၇ ထိကို ပျံသန်းနိုင်တာတွေ့ရှိခဲ့ပါတယ်။ ‌ဧဝရတ်တောင်ရဲ့ အမြင့်ဟာ ၈၈၄၉ မီတာဖြစ်ပြီး ပေအရဆို ၂၉၀၃၂.၁၅ ပေထိရှိပါတယ်။အဲ့လိုဖိအားများတဲ့ အခြေအနေများအောက်မှာ ပျားများ ဘယ်လိုပျံသန်းနိုင်တာကို ပိုမိုကောင်းမွန်စွာနားလည်ဖို့ တစ်‌ကောင်ချင်းစီကို မြန်နှုန်းမြင့်ကင်မရာနဲ့ တောင်ပံခတ်မှုကိုတိုင်းတာရန် အသံဖမ်းယူထားခဲ့ပါတယ်။


အသံနဲ့ ဗီဒီယိုကို လေ့လာရာမှာ ပျားများဟာ တောင်ပံခတ်ခြင်းရဲ့ အရှိန်ကို မမြှင့်တင်ဘဲ ရိုက်ခတ်မှုတိုင်းမှာ လေကို ပိုမိုစုပ်ယူနိုင်စေကြောင်း တွေ့ရှိခဲ့ပါတယ်။သုတေသန နှစ်ခုအရ ပျားများဟာ ပျံသန်းခြင်း နည်းပညာကို သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်မှာ ကွဲပြားစွာ အသုံးပြုကြတာကို သိရှိရပါတယ်။


သုတေသန နှစ်ခုလုံးက သူတို့ အစာစားခံရခြင်းမှ လွတ်မြောက်ဖို့ လျင်မြန်စွာ ရွေ့လျားနိုင်ပြီး ဝတ်ရည်များကို လေးလံစွာ သယ်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေကြောင်း ဖော်ပြခဲ့ပါတယ်။


#သုတေသန
#သဘာဝ
#ဧဝရတ်တောင်
#တောင်ပံ
#ဝတ်ရည်

Some text some message..