
ကျီးကန်းဖြူတွေကို သင်မြင်ဖူးပါသလား ...? ။ အများသောဖြင့် ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ သာမန်ကျီးကန်းများကိုပဲ တွေ့ရပါတယ်။ အမွေးဖြူကျီးကန်က ကျွန်တော်တို့ နိုင်ငံမှာ မရှိပေမယ့် အမေရိကန် နိူင်ငံမျိုးတွေမှာတော့ အချို့ အိမ်မွေးတိရစ္ဆာန်အဖြစ်တောင် မွေးမြူထားကြပါတယ်။ ကျီးကန်းဖြူကို သူတို့ဆီမှာတော့ Albino Crow လို့ ခေါ်ကြပါတယ်။

အယ်လ်ဘင်နို ငှက်များရဲ့ ထူးခြားတဲ့ အင်္ဂါရပ်များက အဖြူရောင် အမွေးတွေရှိခြင်း ၊ ခြေထောက်တွေမှာ ပန်းရောင်ခြေဖဝါးရှိခြင်းတို့ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်လုံးများကတော့ အများသောအားဖြင့် အနက်ရောင်ရှိကြပေမယ့် အချို့မှာ အနီရောင် (သို့မဟုတ်) အနက်ရောင်များရှိပါတယ်။နောက်ပြီး ကျီးကန်းအဖြူနဲ့ သာမန်ကျီးကန် နဲ့ နည်းနည်းကွာခြားမှုတော့ အတူတူပျံသန်းနေရင်တောင် ကွဲထွက်နေပေမယ့် အစာစားရင် သာမန်ကျီးကန်းတွေကို အရင်ဦးစားပေးပါတယ်။ သာမာန်ကျီးတွေ စားပြီးပြန်ထွက်သွားမှသာ သူတို့ပြန်လာပြီး စားကြတာဖြစ်ပါတယ်။

ကျီးကန်းဖြူတွေက ဘာစားလဲ....?
ကျီးကန်းဖြူနဲ့ သာမန်ကျီးကန်တို့က မျိုးရိုးဗီဇကြောင့် အရောင်ကွဲပြားပေမယ့် အားလုံးက ငှက်တွေပါပဲ။ ဆိုလိုတာက ငှက်ဟူသမျှဟာ မည်သည့်အရာမဆိုနီးပါးကို စားကြပါတယ်။ ထို့နည်းတူ ကျီးကန်းများလည်း နို့တိုက်သတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ဥများနှင့် carriion လို တိရစ္ဆာန်ငယ်များကို စားကြပါတယ်။ ဒါ့အပြင် သူတို့ဟာ အင်းဆက်များ၊ အစေ့အဆန်များ၊ အခွံမာအသီးများ၊ အင်းဆက်မဟုတ်တဲ့ arthropods၊ mollusks၊ သန်ကောင်များနှင့် အခြားငှက်များကိုလည်း စားသောက်ကြပါတယ်။

ကျီးကန်းဖြူတွေကို ဘယ်မှာတွေ့နိုင်လဲ....?
ကျီးကန်းဖြူတွေက အလွန်ရှားပါးတာကြောင့် နေရာတကာမှာ တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ မကြာသေးမီကတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယာရှိ Jharsugada ခရိုင်ထဲမှာ ရှားပါးအဖြူရောင် ကျီးကန်းတစ်ကောင်ကို တွေ့ရှိခဲ့ဖူးပါတယ်။

သတင်းတွေအရတော့ ပုံမှန်မဟုတ်တဲ့ ငှက်ကို နေထိုင်သူရဲ့ အိမ်တံခါးဝမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီနောက် သစ်တောဌာနမှ တာဝန်ရှိသူများက အဆိုပါငှက်ကို ကယ်တင်ခဲ့ကြောင်းသိရပါတယ်။