
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အတိတ်၊ ပစ္စုပ္ပန် ကာလမှာ ထင်မှတ်မထားလောက်တဲ့ အံ့အားသင့်စရာ သဘာဝဖြစ်ရပ်ဆန်း တချို့ရှိခဲ့ပါတယ်။ အဲ့သလို ဖြစ်ရပ်ဆန်းတွေကနေ ပရိသတ်တွေ အံ့သြစရာဖြစ်ရပ်ဆန်း ၃ ခုကို ရှာဖွေစုစည်းပြီး တင်ပြပေးလိုက်ပါတယ်။
(၁) ကမ္ဘာပေါ်က အမြင့်ဆုံးလေတိုက်နှုန်း

ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅၃ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်က Olivia ဟုအမည်ပေးထားတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာ သြစတြေးလျနိုင်ငံ၊ Barrow ကျွန်းကမ်းလွန်ကို အင်အားပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မယုံနိုင်လောက်အောင် စံချိန်ချိုးခဲ့ပါတယ်။ The Weather Channel ရဲ့ အဆိုအရ "Olivia " သုံးစက္ကန့်အတွင်းမှာ လေပြင်းတိုက်မှု ၅ ကြိမ်ရှိခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် ၂၅၃ မိုင်နှုန်းဖြစ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ လေတိုက်နှုန်းက ၁၉၃၄ ခုနှစ်က New Hampshire၊ ဝါရှင်တန်မှာတိုက်ခတ်ခဲ့တဲ့ လေတိုက်နှုန်း ၂၃၁ မိုင်နှုန်းထက် ပိုပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
(၂) မကြာသေးမီက ဥရောပက မိုးခေါင်းရေရှားမှုဟာ နှစ်ပေါင်း ၂၁၀၀ အတွင်း အဆိုးရွားဆုံးဖြစ်

ဥရောပမှာ ပြင်းထန်တဲ့ခြောက်သွေ့မှု နှင့် အပူလွန်ကဲမှုကို ၂၀၀၅ ခုနှစ်ကတည်းက ကြုံတွေ့နေရပြီး ကြီးမားတဲ့ မိုးခေါင်မှုကို ဖြစ်စေခဲ့ပါတယ်။ University of Cambridge မှ ဦးဆောင်ပြုလုပ််တဲ့သုတေသနအဖွဲ့က ဥရောပအလယ်ပိုင်းရှိ ဝက်သစ်ချပင်များရဲ့ ကွင်းအတွင်းမှ အိုင်ဆိုတုပ်များကို လေ့လာကြည့်ရာ ဒီလိုဖြစ်ပေါ်စေရခြင်းရဲ့အကြောင်းရင်ကး နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ်။ EurekAlert ရဲ့အဆိုအရ ခြောက်သွေ့တဲ့အက်ဆစ်များဟာ "လူကြောင့်ဖြစ်စေတဲ့ ရာသီဥတုပြောင်းလဲမှုနှင့် ဂျက်လေစီးကြောင်းကနေ ဆက်စပ်ပြောင်းလဲမှုများရဲ့ အကျိုးဆက်ဖြစ်တာလို့ ဆိုပါတယ်။
(၃) ဧဝရတ်တောင်ဟာ ယခင်တိုင်းတာမှုထက် ယခုပိုမိုမြင့်မား

ဧဝရတ်တောင်ဟာ ကမ္ဘာပေါ်ရှိ မြင့်မားတဲ့အထင်ကရ တောင်များထဲက ထင်ရှားတဲ့ တောင်တစ်တောင်ပဲ ဖြစ်ပါတယ်။ တရုတ်နှင် နီပေါကို ကိုယ်စားပြုတဲ့ စစ်တမ်းပညာရှင်များက လတ်တလောပြုလုပ်ခဲ့တဲ့ ဧဝရတ်တောင် တိုင်းတာမှုတစ်ခုမှအရင်က ထင်ထားတာထက် ပိုမိုမြင့်မားနေတာပါ။ ဘာကြောင့်လည်းဆိုတော့ ဧဝရက်တောင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရင်ကဖတ်ခဲ့ဖူးတဲ့ NPR အဆိုအရဆိုရင် ၁၈၅၆ ခုနှစ်က ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉,၀၀၂ ၊ ၁၉၅၅ ခုနှစ်က ၂၀,၀၂၉ ပေ ရှိတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် GPS ကိရိယာတွေနဲ့ တောင်ကြီးကို တိုင်းတာလိုက်ကြည့်လိုက်တဲ့ အခါမှာတော့ ဧဝရတ်တောင်ဟာ ပန်းကန်လုံးပုံသဏ္ဍာန်တွေကြောင့် အမြင့် ၂၉,၀၃၁.၆၉ ပေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆန်းတချို့က အတိတ်၊ ပစ္စုပ္ပန် ကာလတွေမှာ အံ့အားသင့်စရာ ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်နေထိုင်ရာ ကမ္ဘာကြီးက တဖြည်းဖြည်းယိုယွင်းပျက်စီးလာတယ်ဆိုတာကို ဒီဖြစ်ရပ်က သက်သေပြနေခဲ့ပါတယ်။