ပျောက်ဆုံးနေတဲ့ ကမ္ဘာဦးလူသားရဲ့ အရိုးစုကို အစ္စရေးမှာ ရှာဖွေတွေ့ရှိ
mmload.com
|
2022-08-13

ရှေးဟောင်းသုတေသနပညာရှင်များရဲ့ ပြောကြားချက်အရ ကမ္ဘာဦးလူသားကို အစ္စရေးမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကမ္ဘာဦးလူသားများဟာ ကျွန်တော်တို့နဲ့တူတဲ့ မျိုးကွဲလူသားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀,၀၀၀ က ရှေးလူသားများနှင့်အတူ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။


ယခုတွေ့ရှိခဲ့တဲ့ အရိုးအစိတ်အပိုင်းများဟာ ရှေးဦးခေါင်းခွံ၊ မေးရိုးနှင့် သွားအချို့ကို တွေ့ရှိခဲ့တာပါတယ်။ဒါပေမယ့် မေးရိုးက Neanderthal နှင့် ဆင်တူနေပေမယ့် အခြား အရိုးအပိုင်းအစများကတော့ လူနှင့် ပိုပြီးဆင်တူတယ်လို့ ဆိုပါတယ်။


ပညာရှင်များက ရှေးခေတ်လူများကို Nesher Ramla လို့ခေါ်ခဲ့ကြပါတယ်။အဲ့ဒီရှေးလူသားများဟာ အစောပိုင်းကာလကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း သူတို့ရဲ့ မျိုးဆက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ ဘဝနေထိုင်မှုပုံစံဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။


Nesher Ramla လူသား နှင့် ကျွန်တော်တို့ လက်ရှိ လူတွေသားတွေနဲ့ ကွဲပြားတာကတော့ သူတို့တွေရဲ့ သွားများက ပိုကြီးသလို ဦးခေါင်းခွံဖွဲ့စည်းပုံမှာ မေးစေ့မပါဘူးလို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

အဆိုပါမျိုးနွယ်များဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀,၀၀၀ ဝန်းကျင်က ပေါ်ထွန်းလာခဲ့ပြီး နောက်ဆုံးမှာ Homo sapiens မျိုးနွယ်များ နှင့်အတူ နေထိုင်သွားဖွယ်ရှိပါတယ်။Homo sapiens မျိုးနွယ်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀,၀၀၀ ကရောက်ရှိလာခဲ့ပြီး Nesher Ramla လူမျိုးများနှင့် အတူတကွနေထိုင်ခဲ့တာလို့ ဆိုပါတယ်။


ဒီလူမျိုးနွယ်များဟာ ပျောက်ဆုံးသွားတဲ့ ရှေးလူသားများဖြစ်ပြီး သမိုင်းကြောင်းကို ဖြေရှင်းရာမှာ အထောက်အကူပြုမယ်လို့ ယူဆထားကြပါတယ်။


#ဘဝနေထိုင်မှု
#အထောက်အကူ
#ရှေးဟောင်း
#သုတေသန
#မျိုးနွယ်

Some text some message..