ကမ္ဘာဂြိုဟ်ရဲ့ လုံးပတ်က ဘယ်လောက်ထိကြီးလဲ....?
mmload.com
|
2022-08-18

ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကြီးဟာ နေမှတတိယမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းမှာ ပဉ္စမအကြီးဆုံးဂြိုဟ်ဖြစ်ပါတယ်။ ဂျူပီတာ၊ စနေဂြိုဟ်၊ ယူရေးနပ်စ်နှင့် နက်ပကျွန်းတို့က ကျွန်တော်တို့ကမ္ဘာထက် ပိုကြီးမားပါတယ်။


ဒါပေမယ့် ကမ္ဘာဟာ မာကျူရီ၊ ဗီးနပ်စ် နှင့် အင်္ဂါဂြိုဟ်တို့စတဲ့ ကုန်းနေဂြိုလ်များထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ကမ္ဘာဂြိုဟ်နဲ့ ပတ်သက်ပြီး NASA ရဲ့ မှတ်တမ်းတင်ဖူးသမျှမှာ အီကွေတာရှိ ကမ္ဘာ့ အချင်းဝက်ဟာ ၃,၉၆၃ မိုင် (၆,၃၇၈ ကီလိုမီတာ) ရှိပါတယ်။


ဝင်ရိုးစွန်းအချင်းဝက်ကတော့ ၃,၉၅၀ မိုင် (၆,၃၅၆ ကီလိုမီတာ) ပဲရှိပါတယ်။ အီကွေတာရှိ အချင်းဝက်နှင့် ဝင်ရိုးစွန်းအချင်းဝက်တို့ကို ယှည်ကြည့်မယ်ဆိုရင်တော့ ၁၃ မိုင် (၂၂ ကီလိုမီတာ) လောက် ကွာခြားပါတယ်။


ဒါကြောင့် ကမ္ဘာဂြိုဟ်ဟာ ကျွန်တော်တို့ထင်မြင်ယူထားသလို မဝိုင်းစက်ဘူးဆိုတာ သေချာပါတယ်။အဆိုပါ တိုင်းတာမှုများကို တွက်ကြည့်မယ်ဆိုရင် ကမ္ဘာရဲ့ အီကွေတာအဝန်းဟာ ၂၄,၉၀၁ မိုင် (၄၀,၀၇၆ ကီလိုမီတာ) ခန့်ရှိပါတယ်။


ဒါပေမယ့် ဝင်ရိုးစွန်း meridional လုံးပတ်က ၂၄,၈၆၀ မိုင် (၄၀,၀၀၈ ကီလိုမီတာ) သာရှိပါတယ်။ ဝင်ရိုးစွန်းများ ပြန့်ကျဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ ဂြိုဟ် ပုံသဏ္ဍာန်ကို Oblate spheroid လို့ခေါ်ကြပါတယ်။


ကမ္ဘာရဲ့ ထုထည်ဟာ ကုဗမိုင် ၂၆၀ ဘီလီယံခန့် (၁ ထရီလီယံကုဗကီလိုမီတာ) ရှိသလို ကမ္ဘာမြေရဲ့ စုစုပေါင်း မျက်နှာပြင် ဧရိယာဟာ ၁၉၇ သန်း စတုရန်းမိုင် (၅၁၀ သန်း စတုရန်းကီလိုမီတာ) ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာမြေရဲ့ ၇၁ ရာခိုင်နှုန်းက ရေဖြင့်ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။


#အဖွဲ့အစည်း
#မှတ်တမ်း
#ကမ္ဘာမြေ
#ကီလို
#အချင်းဝက်

Some text some message..