
ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံးနှင့် မိုးမရွာတဲ့ တစ်ခုတည်းသော နေရာကတော့ အန္တာတိကတိုက်ဖြစ်ပါတယ်။ အန္တာတိကတိုက်ဟာ နှစ်ပေါင်း ၂ သန်းနီးပါး မိုးမရွာတဲ့ Dry Valleys လို့ခေါ်တဲ့ ဧရိယာဖြစ်ပြီး အဲ့ဒေသက မိုးရွားသွန်းမှု လုံးဝမရှိတဲ့အပြင် ရေ၊ ရေခဲ သို့မဟုတ် နှင်းများ လည်း နည်းပါးပါတယ်။

အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၄၈၀၀ ထိရှိပါတယ်။ဒါဆိုဘာကြောင့် ဒီဒေသမှာ မိုးလုံးဝမရွာတာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ မိုးမရွာရတဲ့ အကြောင်းအရင်းမှာ အစိုဓာတ်များလွန်းတဲ့ တောင်များမှ လေပြင်းများ တိုက်ခတ်မှုကြောင့် မြေဆွဲအားက တောင်ကြားများနှင့် ဝေးရာသို့ ဆွဲချသွားသောကြောင့် ဖြစ်ပါတယ်။

ထင်ရှားတဲ့ အင်္ဂါရပ်တစ်ခုကတော့ အဆိုပါ ခြောက်သွေ့ချိုင့်ဝှမ်းမှာ ဆားငန်ကန်ဖြစ်တဲ့ Lake Bonney ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆားငန်ကန်ကို လွယ်လွယ်ကူကူနဲ့ ရှာမတွေ့နိုင်ပါဘူး ။

ဘာကြောင့်လဲဆိုတော့ ဒီကန်ဟာ ၃ မီတာမှ ၅ မီတာအထိရှိတဲ့ ရေခဲများနှင့်အမြဲတမ်းဖုံးလွှမ်းထားလို့ပါပဲ။သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ အဆိုပါရေကန်က ရေဟာ သမုဒ္ဒရာထက် ၃ ဆ ပိုငန်ပြီး ရေကန်အောက်ခြေရှိ အပူချိန်က ၂၅ ဒီဂရီစင်တီဂရိတ်အထိ ပူတယ်လို့ ဆိုပါတယ်။